၂၀၁၅ ရွေးကောက်ပွဲတွင် တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီမှ (၁၀)ဦး ၀င်ရောက် ရွေးချယ်ခံမှာဖြစ်ရာ တာချီလိတ်မြို့နယ်မှ(၄)ဦးပါဝင်

၂၀၁၅ ရွေးကောက်ပွဲတွင် တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီမှ (၁၀)ဦး ၀င်ရောက် ရွေးချယ်ခံမှာဖြစ်ရာ တာချီလိတ်မြို့နယ်မှ(၄)ဦးပါဝင်
စက်တင်ဘာ 16, 2015
By Tachileik News Agency

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ရွေးချယ်ခံကြမှာဖြစ်ပြီး တာချီလိတ်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း (၄)ဦး၊ မိုင်းဖြတ်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း(၃)ဦး နှင့် မိုင်းယောင်းမြို့တွင် ကိုယ်စားလှယ်လောင်း (၃)ဦး စုစုပေါင်း (၁၀)ဦး ၀င်ရောက်ကာ ရွေးချယ်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်တင်မေထွန်းမှ လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးဝီလ်ဆင်မိုးမှ လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဦးစိုင်းဆင် (မဲဆန္ဒနယ်အမှတ်(၁) )မှ လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဦးကျဒေါလော် (မဲဆန္ဒနယ်အမှတ်(၂) )မှလည်းကောင်း အသီးသီး ၀င်ရောက်၍ ရွေးချယ်ခံမှာဖြစ်ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးလင်းဇော်ထွန်းမှ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းကျောက် (မဲဆန္ဒနယ်အမှတ်(၁) )မှ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးအားကိုး (မဲဆန္ဒနယ်အမှတ်(၂) )မှ လည်းကောင်း စသည်ဖြင့် (၃)ဦး ရွေးချယ်ခံသွားမှာဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းအောင်ခမ်းမှ လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းခမ်းချစ်(မဲဆန္ဒနယ်အမှတ်(၁) )မှ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းဝင်းတင်(မဲဆန္ဒနယ်အမှတ်(၂)မှ လည်းကောင်း စသည်ဖြင့် (၃)ဦး ရွေးချယ်ခံသွားမှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း၌ ပါတီ(၈)ခုနှစ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ရွေးချယ်ခံသူ (၆၃)ဦးနှင့် တစ်သီးပုဂ္ဂလမှ (၁)ဦး စုစုပေါင်း (၆၄)ဦးရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~