လာမည့် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ ESMU အဖွဲ့မှ နားရောဂါနှင့် ပတ်သက်၍ ကျိုင်းတုံသို့ လာရောက် ခွဲစိတ်ကုသပေးမည်

လာမည့် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ ESMU အဖွဲ့မှ နားရောဂါနှင့် ပတ်သက်၍ ကျိုင်းတုံသို့ လာရောက် ခွဲစိတ်ကုသပေးမည်
စက်တင်ဘာ 18, 2015
By Tachileik News Agency

ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ Ear Surgery Mobile Unit(ESMU)မှ ဆရာဝန်များပါဝင်မည့် အဖွဲ့ဝင်(၂၁)ဦးသည် မြန်မာနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များနှင့် ပူးပေါင်း၍ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျိုင်းတုံဆေးရုံကြီးတွင် စမ်းသပ်ဆေးစစ်ကာ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ Ear Surgery Mobile Unit(ESMU)မှ ဒေါက်တာ Soontorn Antarasena ဦးဆောင်သည့် အဖွဲ့ဝင်
ဆရာဝန် (၂၁)ဦးသည် ဆေးပစ္စည်းများနှင့်အတူ ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်မြို့သို့ လာရောက်မှာဖြစ်ပြီး ထိုမှတဆင့် ကျိုင်းတုံဆေးကြီးသို့ သွားရောက်မှာဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ Ear Surgery Mobile Unit(ESMU)အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် သြဂုတ်လအတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ နားရောဂါနှင့် ပတ်သက်၍ စမ်းသပ်ဆေးစစ် ခွဲစိတ်ကုပေးခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~