တွေ့ရင် အမြန်ဆုံး အကြောင်းကြားပေးပါ တာချီလိတ်မြို့မှ လူပျောက်ကြော်ငြာ

တွေ့ရင် အမြန်ဆုံး အကြောင်းကြားပေးပါ တာချီလိတ်မြို့မှ လူပျောက်ကြော်ငြာ
စက်တင်ဘာ 19, 2015
By Tachileik News Agency

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် နေထိုင်သူ အသက်(၁၂)နှစ်ရှိ ကောင်လေးတစ်ဦးသည် နေအိမ်မှ စက်တင်ဘာလ (၁၅)ရက်နေ့ ညပိုင်းက ထွက်ခွာသွားရာ ယနေ့ စက်တင်ဘာလ(၁၉)ရက်နေ့အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် ၎င်း၏ မိသားစုဝင်များမှ စိုးရိမ်နေလျက်ရှိပြီး တွေ့ရှိသူများ အနေဖြင့် အမြန်ဆုံး ကူညီ အကြောင်းကြားပေးပါရန် တာချီလိတ်သတင်းအေဂျင်စီမှတဆင့် ဆက်သွယ်ကာ အကူအညီတောင်းခံလာပါသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အိမ်အမှတ်(၄/၁၁၈)တွင် နေထိုင်သူ အသက်(၁၂)ရှိ မောင်အိုက်ကျွဲ့သည် စက်တင်ဘာလ(၁၅)ရက်နေ့ ည(၉)နာရီအချိန်က အပြင်သို့ ခေတ္တသွားမည်ဟု ၎င်း၏ အုပ်ထိန်းသူအား ခွင့်တောင်းကာ လိုင်စင်ရှိ မော်တော်ဆိုင်ကယ် ၁၈/ယ ၉၀၇၂၃ Wave 110 အနီရောင် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာသွားရာမှ ယနေ့ စက်တင်ဘာလ(၁၉)ရက်နေ့ထိ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးကြောင်းနှင့် ၎င်းနှင့် ဆက်စပ်သူများထံ သွားရောက်ရှာဖွေသော်လည်း မတွေ့ရှိရသေးကြောင်း ၎င်း၏ အုပ်ထိန်းသူ၏ ပြောပြချက်အရ သိရသည်။

ယခုလို လူပျောက်ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းသို့လည်း စက်တင်ဘာလ(၁၇)ရက်နေ့က သွားရောက်ကာ အသိပေးထားကြောင်းနှင့် မောင်အိုက်ကျွဲ့နှင့် ဆက်စပ်သူများအနေဖြင့်လည်း တွေ့ရှိရပါက ထိုင်းဖုန်း ( မနန်းခမ်းယဲန်း 0894999741 -  0918470676 ) နှင့် မြန်မာဖုန်း ( 09252582263 )တို့အပြင် ဖော်ပြပါ အိမ်လိပ်စာသို့လည်း လာရောက်၍ အသိပေးနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~