မူးယစ်ဆေးဝါးအမှုမှ ကွင်းလုံးကျွတ် လွှတ်လာသူ ထိုင်းအမျိုးသမီးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း

မူးယစ်ဆေးဝါးအမှုမှ ကွင်းလုံးကျွတ် လွှတ်လာသူ ထိုင်းအမျိုးသမီးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း
စက်တင်ဘာ 29, 2015
By Tachileik News Agency

ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ တရားဝင် လာရောက် လည်ပတ်သူဖြစ်သည့် ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြစ်မှု မမြောက်သည့်အတွက် (၄)လကျော်အကြာမှ ယင်းအမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်သည့် အနေဖြင့် မြန်မာဘက်မှ ထိုင်းဘက်သို့ BLO အဖွဲ့ဖြင့် ယနေ့ စက်တင်ဘာလ(၂၉)ရက် နံနက်(၁၀)နာရီအချိန်က တရားဝင် လွှဲပြောင်းကာ ပြည်နှင်လိုက်ကြောင်း သိရသည်။

၂၀၁၅ခုနှစ် မေလ(၅)ရက်နေ့ ည(၈)နာရီအချိန်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား (၂)ဦးနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသူ Miss Oraphan အား (၄)လကျော်အကြာဖြစ်သည့် ယနေ့ စက်တင်ဘာလ(၂၉)ရက် နံနက်ပိုင်းတွင် ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းကာ ပြည်နှင်လိုက်ခြင်းဖြစ်သည်။

ထိုသို့လွှဲပြောင်းရာတွင် နှစ်နိုင်ငံ BLO အဖွဲ့မှ တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအလယ်တွင် တွေ့ဆုံကာ လက်မှတ်ရေးထားပြီး လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~