ASEAN ON TOUR 2015 - BIKE FOR FUN, RIDE FOR FRIENDS အမည်ဖြင့် နှစ်နိုင်ငံဖြတ်ကျော် စက်ဘီးစီးနင်းမှုအား ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်အစောပိုင်းက ပြုလုပ်ခဲ့ရာ မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးအား ရညတာချီလိတ် -မယ်ဆိုင်မြို့များတွင် စီးနင်းသွားခဲ့ကြောင်းသိရသည်။
"အဓိကတော့ (၂)နိုင်ငံချစ်ကြည်ရေးအတွက်စက်ဘီးစီးကြတာပါ၊ (၂)နိုင်ငံလုံးက ဌာနဆိုင်ရာ အကြီးအကဲတွေပါတယ်၊ မယ်ဆိုင်ကနေ ချစ်ကြည်ရေးတံတားအမှတ်(၁)ဖြတ်ပြီး တာချီလိတ်၊ ရွှေတိဂုံဘုရားပေါ်ကို စက်ဘီးစီးတာပါ"ဟု ရှမ်း/ရှေ့စက်ဘီးသမားများ အဖွဲ့မှ ဦးစိုင်းလုံးဟောင်မှပြောသည်။
ထိုင်းနိုင်ငံတွင်းမှ စက်ဘီးစီးသမား(၃၂၀)နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း စက်ဘီးစီးအဖွဲ့မှ စက်ဘီးသမား(၃၀)၊ နှစ်နိုင်ငံ ဌာနဆိုင်ရာအကြီးအကဲ(၁၀၀)ခန့် ၀င်ရောက်စီးနင်းခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင်း စက်ဘီးသမားများမှ တာချီလိတ်ခရိုင်တွင်း ပညာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပညာရေးဦးစီးဌာနသို့ ဘတ်(၅)သောင်း(ကျပ်)(၁၃)သိန်းလှူဒါန်းခဲ့ပြီး ရွှေတိဂုံဘုရားတွင် စုပေါင်းမှတ်တမ်းတင်ခဲ့ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွါသွားခဲ့ကြောင်းသိရသည်။