အေမရိကန္မွာ ေနထိုင္တဲ့ အသက္ ၂၅နွစ္သာရွိေသးတဲ့ ပီဇီးေဖာ့စ္ ဆိုသူဟာ အရုပ္ကမၻာထဲက အရုပ္မေလးေတြကို အားက်တဲ့ အတြက္ ခါးနံရိုး (၆)ခု ခြဲထုတ္ခဲ့ၿပီး သူအားက်တဲ့ အရုပ္မေလးထဲက ခႏၶာကိုယ္နဲ႔ တူေအာင္လို႔ ျပဳျပင္ခြဲစိတ္ခဲ့တဲ့ သတင္းဟာ အလွမက္သူမ်ားနဲ႔ လူမႈကြန္ရက္မ်ားအၾကား ေက်ာ္ၾကားေနတဲ့ သတင္းျဖစ္ေနပါတယ္။
ဂ်က္စီရြတ္ဗစ္ အရုပ္နဲ႔တူေအာင္ သူမဟာ ဆရာဝန္နဲ႔ (၁၅)ႀကိမ္တိတိ ခြဲစိတ္ခဲ့ရပါတယ္။ ခါးနံရိုး(၆) ခု ခြဲထုတ္တာ၊ အဆီထုတ္၊ တင္းပါး၊ ရင္၊ ႏွာေခါင္းျပင္ၿပီး အားလံုးေပါင္း အေမရိကန္ေဒၚလာ (၁၂၁၀၀၀) ကုန္က်တဲ့အေၾကာင္း နယူေယာက္ ေဒးလီး နယူးက ေဖာ္ျပထားပါတယ္။
အရင္က သူမရဲ႕ ခႏၶာကိုယ္ အခ်ဳိးအစားဟာ ၃၀ - ၂၄ - ၃၄ ရွိၿပီး နံရိုးခြဲထုတ္ၿပီးတဲ့ ေနာက္မွာေတာ့ ၃၈-၁၆ - ၃၉ ရွိလာပါတယ္။ ခြဲစိတ္ၿပီးတဲ့ (၂)ရက္မွာ သူမခါးပတ္ ပတ္ထားတဲ့အခါ ခါးက (၁၄)လက္မ ေသးသြားပါတယ္။
"ကၽြန္မရဲ႕ က်န္းမာေရးဟာ အေမရိကန္ျပည္ေထာင္စု အေနာက္ဘက္သားေတြထက္ ေကာင္းတယ္လို႔ ကၽြန္မထင္တယ္၊ ကၽြန္မက ေဆးလိပ္၊ အရက္ေတြ မေသာက္ဘူး၊ ကၽြန္မက သဘာ၀ အစားအစာ ေတြကို အဓိက စားၿပီး ေလ့က်င္ခန္းေတြကိုပဲ လုပ္ပါတယ္၊ အခုဆိုရင္ ကြ်န္မဟာ အသက္ရွိတဲ့ အရုပ္လို ျဖစ္ရတဲ့အတြက္ အလြန္ေပ်ာ္ပါတယ္"လို႔ ပီဇီးေဖာ့စ္က ေျပာဆိုထားပါတယ္။
လူမႈကြန္ရက္စာမ်က္ႏွာျဖစ္တဲ့ Facebook နဲ႔ Twitter တို႔မွာေတာ့ ပီဇီးေဖာ့စ္ရဲ႕ လုပ္ရပ္ဟာ မိုက္ရူးရဲ ဆန္တယ္လို႔ ေျပာဆိုၾကသလို၊ သူရဲ႕ လုပ္ရပ္ဟာ စြန္႔စားရာလည္း ေရာက္ျပန္တယ္လို႔ အမ်ဳိးမ်ဳိး ေျပာဆိုၾကရင္း အလွႀကိဳက္သူမ်ားအၾကား ေရပန္းစားေနခဲ့ပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; Mirror, nydailynews
( unicode )
အမေရိကန်မှာ နေထိုင်တဲ့ အသက် ၂၅နှစ်သာရှိသေးတဲ့ ပီဇီးဖော့စ် ဆိုသူဟာ အရုပ်ကမ္ဘာထဲက အရုပ်မလေးတွေကို အားကျတဲ့ အတွက် ခါးနံရိုး (၆)ခု ခွဲထုတ်ခဲ့ပြီး သူအားကျတဲ့ အရုပ်မလေးထဲက ခန္ဓာကိုယ်နဲ့ တူအောင်လို့ ပြုပြင်ခွဲစိတ်ခဲ့တဲ့ သတင်းဟာ အလှမက်သူများနဲ့ လူမှုကွန်ရက်များအကြား ကျော်ကြားနေတဲ့ သတင်းဖြစ်နေပါတယ်။
ဂျက်စီရွတ်ဗစ် အရုပ်နဲ့တူအောင် သူမဟာ ဆရာဝန်နဲ့ (၁၅)ကြိမ်တိတိ ခွဲစိတ်ခဲ့ရပါတယ်။ ခါးနံရိုး(၆) ခု ခွဲထုတ်တာ၊ အဆီထုတ်၊ တင်းပါး၊ ရင်၊ နှာခေါင်းပြင်ပြီး အားလုံးပေါင်း အမေရိကန်ဒေါ်လာ (၁၂၁၀၀၀) ကုန်ကျတဲ့အကြောင်း နယူယောက် ဒေးလီး နယူးက ဖော်ပြထားပါတယ်။
အရင်က သူမရဲ့ ခန္ဓာကိုယ် အချိုးအစားဟာ ၃၀ - ၂၄ - ၃၄ ရှိပြီး နံရိုးခွဲထုတ်ပြီးတဲ့ နောက်မှာတော့ ၃၈-၁၆ - ၃၉ ရှိလာပါတယ်။ ခွဲစိတ်ပြီးတဲ့ (၂)ရက်မှာ သူမခါးပတ် ပတ်ထားတဲ့အခါ ခါးက (၁၄)လက်မ သေးသွားပါတယ်။
"ကျွန်မရဲ့ ကျန်းမာရေးဟာ အမေရိကန်ပြည်ထောင်စု အနောက်ဘက်သားတွေထက် ကောင်းတယ်လို့ ကျွန်မထင်တယ်၊ ကျွန်မက ဆေးလိပ်၊ အရက်တွေ မသောက်ဘူး၊ ကျွန်မက သဘာဝ အစားအစာ တွေကို အဓိက စားပြီး လေ့ကျင်ခန်းတွေကိုပဲ လုပ်ပါတယ်၊ အခုဆိုရင် ကျွန်မဟာ အသက်ရှိတဲ့ အရုပ်လို ဖြစ်ရတဲ့အတွက် အလွန်ပျော်ပါတယ်"လို့ ပီဇီးဖော့စ်က ပြောဆိုထားပါတယ်။
လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Facebook နဲ့ Twitter တို့မှာတော့ ပီဇီးဖော့စ်ရဲ့ လုပ်ရပ်ဟာ မိုက်ရူးရဲ ဆန်တယ်လို့ ပြောဆိုကြသလို၊ သူရဲ့ လုပ်ရပ်ဟာ စွန့်စားရာလည်း ရောက်ပြန်တယ်လို့ အမျိုးမျိုး ပြောဆိုကြရင်း အလှကြိုက်သူများအကြား ရေပန်းစားနေခဲ့ပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; Mirror, nydailynews