မြန်မာနိုင်ငံသား နှစ်ဦး သေဒဏ် ချမှတ်ခံရမှု အပေါ် အဆင့်ဆင့် အယူခံဝင်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ဆို

မြန်မာနိုင်ငံသား နှစ်ဦး သေဒဏ် ချမှတ်ခံရမှု အပေါ် အဆင့်ဆင့် အယူခံဝင်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ဆို
ဒီဇငျဘာ 24, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦးအား ယနေ့ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းမှာ ထိုင်းတရားရုံးက အပြစ်ရှိကြောင်း အတည်ပြုပြီး သေဒဏ်အဖြစ် အမိန့်ချလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရမှ အဆင့်ဆင့် အယူခံဝင်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၎င်းရဲ့ Facebookတွင် ပြောဆို ရေးသားထားသည်။

"လိပ်ကျွန်း လူသတ်မူအတွက် စွပ်စွဲခံနေရတဲ့ မြန်မာလုပ်သားနှစ်ဦးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးစဉ် ကာလမှာရော၊ တရားရင်ဆိုင်စဉ်ကာလမှာရော ထိုင်းနိုင်ငံဥပဒေအရ ရသင့်တဲ့ အခွင့်အရေးများ ရရှိအောင် ၊ အပြစ်မရှိကြောင်း သက်သေပြနိုင်အောင် မြန်မာသံရုံးနဲ့ ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်.."


"အယူခံမှု အဆင့်ဆင့်မှာ ဒီအမှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားများကို ပြန်လည်သုံးသပ်ပြီး စွပ်စွဲခံရသူနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ်"



****************

( unicode )

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦးအား ယနေ့ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းမှာ ထိုင်းတရားရုံးက အပြစ်ရှိကြောင်း အတည်ပြုပြီး သေဒဏ်အဖြစ် မိန့်ချလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရမှ အဆင့်ဆင့် အယူခံဝင်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က၎င်းရဲ့ Facebookတွင် ပြောဆို ရေးသားထားသည်။

"လိပ်ကျွန်း လူသတ်မူအတွက် စွပ်စွဲခံနေရတဲ့ မြန်မာလုပ်သားနှစ်ဦးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးစဉ် ကာလမှာရော၊ တရားရင်ဆိုင်စဉ်ကာလမှာရော ထိုင်းနိုင်ငံဥပဒေအရ ရသင့်တဲ့ အခွင့်အရေးများ ရရှိအောင်၊ အပြစ်မရှိကြောင်း သက်သပြေနိုင်အောင် မြန်မာသံရုံးနဲ့ ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်.."

"အခု တရားရုံးက အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား နှစ်ဦးအနေနဲ့ ထိုင်းနိုင်ငံဥပဒေနဲ့ အညီ အယူခံခွင့် အဆင့်ဆင့် ကိုဆောင်ရွက်နိုင်ဖို့ အတွက် မြန်မာအစိုးရ အနေနဲ့ ကူညီပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ထိုင်းနိုင်ငံရှိ မြန်မာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်.."ဟု ရေးသားထားသည်။

"အယူခံမှု အဆင့်ဆင့်မှာ ဒီအမှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားများကို ပြန်လည်သုံးသပ်ပြီး စွပ်စွဲခံရသူနှစ်ဦး အပြစ်မရှိကြောင်း သက်သပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကိုယ်တိုင်အသုံးပြုသည့် facebook ပေါ်တွင် ဒီဇင်ဘာလ(၂၄)ရက် နံနက် (၁၀)နာရီ မိနစ်(၂၀)က ရေးသားထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ၂၀၁၄ခုနှစ် စက်တင်ဘာ (၁၅)က နိုင်ငံခြားသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား လုပ်သားနှစ်ဦး ဖမ်းဆီးခံရကာ စွပ်စွဲခံရပြီးနောက် တစ်နှစ်ကျော် အကြာဖြစ်သည့် ယနေ့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ထိုင်းတရားရုံးမှ ပြစ်မှုထင်ရှားကြောင်း အတည်ပြုကာ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~