တာခ်ီလိတ္ ကေမၻာဇဘဏ္မွ ေငြလဲေကာင္တာဖြင့္လွစ္သည့္ သံုးႏွစ္အတြင္း ေငြလဲသူနည္းပါး

တာခ်ီလိတ္ ကေမၻာဇဘဏ္မွ ေငြလဲေကာင္တာဖြင့္လွစ္သည့္ သံုးႏွစ္အတြင္း ေငြလဲသူနည္းပါး
ဖေဖော်ဝါရီ 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ကေမၻာဇဘဏ္တြင္ ေငြလဲေကာင္တာ ထားရိွသည္မွာ သံုးႏွစ္ေက်ာ္ၿပီျဖစ္ေသာ္လည္း ျပင္ပ ေငြလဲလွယ္သည့္ ေနရာမ်ားထက္ လာေရာက္သူ နည္းပါးေၾကာင္း သိရသည္။

"အမ်ားအားျဖင့္ ႏိုင္ငံျခားသားေတြက ေဒၚလာတို႔၊ ယူရိုတို႔ ပုံမွန္လာလဲတာေတာ့ရွိတယ္။ ဒါေပမဲ့ အျပင္ေလာက္ေတာ့မမ်ားဘူး။ ဘဏ္မွာ ထိုင္းဘတ္က မရဘူးေလ။ ေဒၚလာ၊ က်ပ္၊ ယူရိုတို႔ေလာက္ပဲရေတာ့ ေဒသခံေတြအေနနဲ႔ ေငြလဲမႈနည္းတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕ KBZ ဘဏ္ (၁)
မန္ေနဂ်ာ ေဒၚဇင္မင္းသန္႔ ကေျပာသည္။

ဘဏ္၏ေငြလဲေကာင္တာမ်ားတြင္ ဗဟိုဘဏ္မွသက္မွတ္ထားသည့္အတိုင္း ေငြလဲလွ်င္ အေထာက္အထားမ်ား၊ မွတ္ပုံတင္နံပါတ္မ်ားလိုအပ္ျခင္းေၾကာင့္ ေငြလဲသူမ်ားအေနျဖင့္ ေငြလဲရာတြင္ အေထာက္အထားမလိုဘဲ ျမန္ဆန္ေသာ အျပင္ေငြလဲေကာင္တာမ်ားတြင္ လဲေလ့ရိွျခင္းေၾကာင့္ျဖစ္ေၾကာင္း ၎ကေျပာသည္။

"တခ်ိဳ႕သူေတြက က်ပ္သံုးေသာင္း၊ ေလးေသာင္းနဲ႔ ဘဏ္ေတြမွာ သြားမလဲေတာ့ဘူး။ ျမန္ေအာင္ အျပင္မွာပဲ လဲၾကတယ္။ အျပင္ေငြလဲဆိုင္ေတြက ဘာအေထာက္အထားမွ ေတာင္းခံျခင္းမရွိဘူးေလ။ ဒါေၾကာင့္ လြတ္လပ္ျမန္ဆန္လို႔  အျပင္မွာပဲလဲၾကတာပါ။"ဟု တာခ်ီလိတ္ၿမိဳ႕ရွိ ေငြလဲလုပ္ငန္း လုပ္ကိုင္သူ ကိုခန္႔ေဇာ္ကေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းဘတ္ေငြကို အဓိကအသုံးျပဳေသာေၾကာင့္ ေဒၚလာ၊ ယူရို၊ က်ပ္ေငြအား ထိုင္းဘတ္ေငြျဖင့္ အမ်ားဆံုးလဲလွယ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
***************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ကမ္ဘောဇဘဏ်တွင် ငွေလဲကောင်တာ ထားရှိသည်မှာ သုံးနှစ်ကျော်ပြီဖြစ်သော်လည်း ပြင်ပ ငွေလဲလှယ်သည့် နေရာများထက် လာရောက်သူ နည်းပါးကြောင်း သိရသည်။

"အများအားဖြင့် နိုင်ငံခြားသားတွေက ဒေါ်လာတို့၊ ယူရိုတို့ ပုံမှန်လာလဲတာတော့ရှိတယ်။ ဒါပေမဲ့ အပြင်လောက်တော့မများဘူး။ ဘဏ်မှာ ထိုင်းဘတ်က မရဘူးလေ။ ဒေါ်လာ၊ ကျပ်၊ ယူရိုတို့လောက်ပဲရတော့ ဒေသခံတွေအနေနဲ့ ငွေလဲမှုနည်းတယ်။"ဟု တာချီလိတ်မြို့ KBZ ဘဏ် (၁)
မန်နေဂျာ ဒေါ်ဇင်မင်းသန့် ကပြောသည်။

ဘဏ်၏ငွေလဲကောင်တာများတွင် ဗဟိုဘဏ်မှသက်မှတ်ထားသည့်အတိုင်း ငွေလဲလျှင် အထောက်အထားများ၊ မှတ်ပုံတင်နံပါတ်များလိုအပ်ခြင်းကြောင့် ငွေလဲသူများအနဖြေင့် ငွေလဲရာတွင် အထောက်အထားမလိုဘဲ မြန်ဆန်သော အပြင်ငွေလဲကောင်တာများတွင် လဲလေ့ရှိခြင်းကြောင့်ဖြစ်ကြောင်း၎င်းကပြောသည်။

"တချို့သူတွေက ကျပ်သုံးသောင်း၊ လေးသောင်းနဲ့ ဘဏ်တွေမှာ သွားမလဲတော့ဘူး။ မြန်အောင် အပြင်မှာပဲ လဲကြတယ်။ အပြင်ငွေလဲဆိုင်တွေက ဘာအထောက်အထားမှ တောင်းခံခြင်းမရှိဘူးလေ။ ဒါကြောင့် လွတ်လပ်မြန်ဆန်လို့ အပြင်မှာပဲလဲကြတာပါ။"ဟု တာချီလိတ်မြို့ရှိ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ကိုခန့်ဇော်ကပြောသည်။

တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေကို အဓိကအသုံးပြုသောကြောင့် ဒေါ်လာ၊ ယူရို၊ ကျပ်ငွေအား ထိုင်းဘတ်ငွဖြေင့် အများဆုံးလဲလှယ်ကြခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~