တာခ်ီလိတ္နယ္စပ္ ကုန္သြယ္မႈတန္ဖိုး အေမရိကန္ေဒၚလာ ၃၅ သန္း ေက်ာ္က်ဆင္း

တာခ်ီလိတ္နယ္စပ္ ကုန္သြယ္မႈတန္ဖိုး အေမရိကန္ေဒၚလာ ၃၅ သန္း ေက်ာ္က်ဆင္း
မတ် 27, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၁၇) ရက္ ။   ။ ျမန္မာ - ထိုင္း နယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္နယ္စပ္ ကုန္သြယ္မႈမွာ ယခင္ဘ႑ာေရးႏွစ္ထက္ ကုန္သြယ္မႈတန္ဖိုး အေမရိကန္ေဒၚလာ(၃၅)သန္းေက်ာ္ က်ဆင္းခဲ့ေသာ္လည္း ထိုင္းႏိုင္ငံသို႔ တင္ပို႔ေသာ ပို႔ကုန္တန္ဖိုး ယခင္ဘ႑ာေရးႏွစ္ထက္ ေဒၚလာ(၁)သန္းနီးပါး တိုးတက္လာေၾကာင္း သိရသည္။

၂၀၁၄ - ၂၀၁၅ ဘ႑ာေရးႏွစ္အတြင္း တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးမွ ႏွစ္ႏိုင္ငံကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ (၁၀၁.၉၆၅)သန္းရွိခဲ့ၿပီး၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ ကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ (၆၆.၇၄၇)သန္းရွိေၾကာင္း တာခ်ီလိတ္ကုန္သြယ္ေရးစခန္း၏ စာရင္းမ်ားအရ သိရသည္။

"ကုန္သြယ္မႈတန္ဖိုးက်တာက ထိုင္းႏိုင္ငံက အဓိက တင္သြင္းတဲ့ ေလာင္စာဆီေစ်းႏွဳန္းက က်ဆင္းသြားလို႔ ကုန္သြယ္မႈတန္ဖိုး က်တာပါ။ ပို႔ကုန္မွာ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴနဲ႔ ေထာပတ္သီးလို ေဒသထြက္ကုန္ေတြ ပို႔ေဆာင္တာေတြ ရွိလာတယ္"ဟု ကုန္သြယ္ေရးဦးစီးဌာန၊ တာခ်ီလိတ္ကုန္သြယ္ေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးေအာင္သူရက ေျပာသည္။

၂၀၁၄ -၂၀၁၅ ဘ႑ာေရးႏွစ္အတြင္း ႏွစ္ႏိုင္ငံကုန္သြယ္မႈတြင္ ျမန္မာႏိုင္ငံမွ ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၈.၄၄၆)သန္းရွိၿပီး ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ ကုန္သြယ္မႈတန္ဖိုးအနက္ ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၉.၃၄၉)သန္းရွိေၾကာင္းသိရသည္။

တာခ်ီလိတ္နယ္စပ္မွ ယခုဘ႑ာႏွစ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈမွာ လ်ာထားခ်က္၏ (၄၈.၁၄) ရာခိုင္ႏႈန္းသာ ၿပီးစီးေအာင္ အေကာင္အထည္ေဖၚေဆာင္ရြက္ႏိုင္ခဲ့ေၾကာင္း တာခ်ီလိတ္ကုန္သြယ္ေရးစခန္း၏ စာရင္းမ်ားအရ သိရသည္။

သတင္း။  ။ ကိုဇက္
**********************
( unicode )
တာချီလိတ်၊ မတ်လ (၁၇) ရက်။ မြန်မာ - ထိုင်း နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နယ်စပ်ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ(၃၅)သန်းကျော် ကျဆင်းခဲ့သော်လည်း ထိုင်းနိုင်ငံသို့ တင်ပို့သော ပို့ကုန်တန်ဖိုး ယခင်ဘဏ္ဍာရေးနှစ်ထက် ဒေါ်လာ(၁)သန်းနီးပါး တိုးတက်လာကြောင်း သိရသည်။
၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးမှ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၀၁.၉၆၅)သန်းရှိခဲ့ပြီး ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၆၆.၇၄၇)သန်းရှိကြောင်း တာချီလိတ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရသည်။
"ကုန်သွယ်မှုတန်ဖိုးကျတာက ထိုင်းနိုင်ငံက အဓိက တင်သွင်းတဲ့ လောင်စာဆီဈေးနှုန်းက ကျဆင်းသွားလို့ ကုန်သွယ်မှုတန်ဖိုး ကျတာပါ။ ပို့ကုန်မှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ထောပတ်သီးလို ဒေသထွက်ကုန်တွေ ပို့ဆောင်တာတွေ ရှိလာတယ်"ဟု ကုန်သွယ်ရေးဦးစီးဌာန၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးအောင်သူရက ပြောသည်။
၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၈.၄၄၆)သန်းရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုတန်ဖိုးအနက် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၉.၃၄၉)သန်းရှိကြောင်းသိရသည်။
တာချီလိတ်နယ်စပ်မှ ယခုဘဏ္ဍာနှစ် နှစ်နိုင်ငံကုန်သွယ်မှုမှာ လျာထားချက်၏ (၄၈.၁၄) ရာခိုင်နှုန်းသာ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း တာချီလိတ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net