တရုတ်နိုင်ငံအလယ်ပိုင်း ဟေနန်ပြည်နယ်က နိုင်ငံတကာရှောင်လင်သိုင်းစွမ်းရည်ပြိုင်ပွဲမှာ သောင်းနဲ့ချီတဲ့ ရှောင်လင်သိုင်းသင်တန်းသားတွေက အံ့သြစရာ စတန့်ပြကွက်တွေကို ပြသခဲ့ကြပါတယ်။
Ref; CCTVNews
ရှောင်လင်ကွန်ဖူး ဒါမှမဟုတ် ဝူရှူးသိုင်းဟာ တရုတ်သိုင်းစွမ်းရည်ထဲမှာ ရှေးအကျဆုံး ကိုယ်ခံပညာတွေထဲမှာ ပါပါတယ်။
ဟေနန်ပြည်နယ် ရှောင်လင်ကျောင်းတော်ကနေ အေဒီ ၄၉၅ လောက်ကတည်းက ဒီပညာရပ်တွေ ရှိနေခဲ့တာပါ။
ဘာသာပြန် - ဇာနှင်းထိုက်
Ref; CCTVNews