ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မယ်ဆွမ်တောင်ရပ်ကွက်ရှိ သမိန်ဗရမ်းလမ်းအား ကတ္တရာလမ်းအဖြစ် အရှည် (၁၄၅၀)ပေ ခင်းကျင်းမှုပြီးစီးသည့်အနေဖြင့် လမ်းဖွင့်ပွဲအား ဇန်န၀ါရီလ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
သမိန်ဗရမ်းကတ္တရာလမ်းသစ်သည် အရှည် (၁၄၅၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၇)လက်မရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ မြို့နယ်စည်ပင်သာယာရေး ရန်ပုံငွေကျပ် (၂၅၅)သိန်းကျော်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သမိန်ဗရမ်းလမ်းသည် အရှည် (၁၅၉၆) ပေရှိသည့် အတွက် ကျန်ရှိသော (၁၄၆)ပေကို ဒေသခံများက အမြန်ဆုံးဆောင် ရွက်ပေးစေလိုသည့်အတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များက ယာယီစိုက်ထုတ်သုံးစွဲငွေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ၂၀၁၇ - ၂၀၁၈ဘဏ္ဍာနှစ်၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံ၍ ကော်မတီသို့ ပြန်လည်ပေးချေ သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်ထံမှ သိရသည်။
အဆိုပါ လမ်းဖွင့်ပွဲတွင် မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ၊ အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်က သမိန်ဗရမ်းကတ္တရာလမ်းသစ်နှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖ ဦးသန်းထွန်းက ‘ယခုလမ်းဟာ ရပ်ကွက်မှာ အဓိကကျလို့ အသုံးပြုမှုများသော လမ်းဖြစ်ပြီး ယခင်က မြေသားလမ်းဖြစ်တဲ့ အတွက် နွေရာသီမှာ ဖုန်၊ မိုးရာသီမှာ ရွံ့တွေဗွက်တွေနဲ့ သွားလာရေး တစ်ကယ်ခက်ခဲခဲ့ပါတယ်။ အခုလို ကတ္တရာလမ်းခင်းပေးတဲ့အတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီနဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်"ဟု ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းကျော်အောင်တို့က ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
သမိန်ဗရမ်းကတ္တရာလမ်းသစ်သည် အရှည် (၁၄၅၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၇)လက်မရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ မြို့နယ်စည်ပင်သာယာရေး ရန်ပုံငွေကျပ် (၂၅၅)သိန်းကျော်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သမိန်ဗရမ်းလမ်းသည် အရှည် (၁၅၉၆) ပေရှိသည့် အတွက် ကျန်ရှိသော (၁၄၆)ပေကို ဒေသခံများက အမြန်ဆုံးဆောင် ရွက်ပေးစေလိုသည့်အတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များက ယာယီစိုက်ထုတ်သုံးစွဲငွဖြေင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ၂၀၁၇ - ၂၀၁၈ဘဏ္ဍာနှစ်၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံ၍ ကော်မတီသို့ ပြန်လည်ပေးချေ သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်ထံမှ သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး