ရွမ္းျပည္နယ္အေရွ႕ပိုင္း ျမန္မာ - ထိုင္းနယ္စပ္ၿမိဳ႕ တာခ်ီလိတ္ရိွ ရပ္ကြက္(၁၁)ခုတြင္ အိမ္ရာမဲ့ ေနထုိင္သူမ်ားစာရင္း ေကာက္ယူျခင္းကို ဇန္နဝါရီလကုန္တြင္ အၿပီးသတ္ေဆာင္ရြက္ၿပီး ျပည္နယ္အစိုးရထံ တင္ျပကာ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“လက္ရိွေတာ့ ရပ္ကြက္ႏွစ္ခု ေကာက္ယူၿပီးသြားပါၿပီ။ စာရင္းအားလံုးေကာက္ယူၿပီးသြားရင္ မူးယစ္ေဆးစြဲသူေတြ ေဆးျဖတ္ဖို႔၊ ေနရပ္ျပန္လိုသူေတြ ျပန္ႏုိင္ဖို႔အတြက္ တာဝန္ရိွသူေတြနဲ႔ ျပည္နယ္အစိုးရဆီီ တင္ျပၿပီး ဆက္လက္ေဆာင္ရြက္သြားမွာပါ”ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
ဇန္နဝါရီလ (၁၀)ရက္ေန႔မွစ၍ ရက္ျခားစာရင္းေကာက္ယူေနရာ ဇန္နဝါရီလ (၁၄)ရက္အထိ သံုးရက္အတြင္း ေကာက္ယူရရိွသည့္ လူဦးေရ စုစုေပါင္း (၁၀၁)ဦးတြင္ အမ်ိဳးသမီးအေရအတြက္ သံုးပံုတစ္ပံုပါဝင္ေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ တာခ်ီလိတ္ၿမိဳ႕မသုသာန္မွာ ႏွစ္ႀကိမ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုမွာ တစ္ႀကိမ္ စုစုေပါင္း (၃)ႀကိမ္စာရင္းေကာက္ရာမွာ အမ်ဳိးသား(၇၀)ဦး နဲ႔ အမ်ဳိးသမီး(၃၁)ဦးတို႔ရဲ႕ အမည္ေတြနဲ႔ အခ်က္အလက္ေတြ ရရွိလာပါတယ္"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕မသုႆန္အတြင္းသို႔ မူးယစ္ေဆး၀ါးသံုးစြဲ၍ ေရာက္ရွိေနထိုင္ၾကသူမ်ားတြင္ အသက္(၈)ႏွစ္ေအာက္ ကေလးမ်ားရွိသည့္ မိခင္မ်ားလည္းပါ၀င္ေၾကာင္း သိရသည္။
"အခုေတြ႕ရတဲ့ အထဲမွာ မိသားစုလိုက္လည္းရွိသလို ေယာက်ာ္းေထာင္က်ၿပီး ေဆးစြဲသြားတဲ့ အမ်ဳိးသမီးေတြလည္း ေတြ႕ရတယ္။ သူတို႔ကိုေမးတဲ့အခါ သူတို႔က ေဆးျဖတ္ခ်င္တယ္လို႔ ေျပာၾကတယ္။ ကြ်န္ေတာ္တို႔ စာရင္းေကာက္လာခဲ့တယ္"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
ျမန္မာ - ထိုင္း နယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၀ါးသံုးစြဲကာ အိမ္ရာမဲ့ ေနထုိင္သူမ်ားအား ေဆးျဖတ္ေပးႏိုင္ရန္အတြက္ ျပည္နယ္အစိုးရ၏ ညႊန္ၾကားခ်က္ျဖင့္ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ မဇၥ်ိမလူမႈကူညီေရးအသင္းက သက္ဆုိင္ရာ တာဝန္ရိွသူမ်ား၏ ပူးေပါင္းကူညီမႈျဖင့္ ဇန္နဝါရီလ (၁၀)ရက္ေန႔က စတင္လုပ္ေဆာင္ေနျခင္း ျဖစ္သည္။
" ေဆးျဖတ္ဖို႔အတြက္ ရွမ္းျပည္နယ္အစိုးရကေနၿပီးမွ ေဆးျဖတ္စခန္းေတြကို ပို႔ၿပီးမွ တစ္သုတ္ကို လူ (၃၀)မဟုတ္ရင္၊ (၄၀)သတ္မွတ္ၿပီး ေဆးျဖတ္မယ္ေပါ့။ အဲဒီလို ေဆးျဖတ္ကာလအတြက္ ကုန္က်စရိတ္က က်ပ္သိန္း(၄၅) နဲ႔ သိန္း(၅၀)ေလာက္ ကုန္မွာ။ အဲဒီအတြက္ အခု ရန္ပံုေငြရွာေနတယ္။ အဓိက ခရိုင္ၿမိဳ႕ႀကီး (၇)ၿမိဳ႕မွာ ေဆာင္ရြက္သြားမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္မဲဆႏၵနယ္(၂)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။
စာရင္းေကာက္သည့္ ပူးေပါင္းအဖြဲ႕သည္ တာခ်ီလိတ္ၿမိဳ႕မသုသာန္တြင္ ဇန္န၀ါရီလ(၁၀)ရက္ေန႔က စာရင္းေကာက္ယူရာ အမ်ဳိးသား(၂၉)ဦး ႏွင့္ အမ်ဳိးသမီး(၁၆)ဦး၊ ဇန္န၀ါရီလ(၁၂)ရက္ေန႔က သုသာန္အတြင္း ဆက္လက္၍ စာရင္းေကာက္ယူရာ အမ်ဳိးသား(၁၈)ဦး ႏွင့္ အမ်ဳိးသမီး(၃) ႏွင့္ ဇန္န၀ါရီလ(၁၄)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာတြင္ စာရင္းေကာက္ယူရာ အမ်ဳိးသား(၂၂)ဦး ႏွင့္ အမ်ဳိးသမီး(၁၃)ဦး စုစုေပါင္း (၁၀၁)ဦး ၏ အမည္စာရင္းႏွင့္အခ်က္အလက္မ်ားကို ရရွိခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆးစြဲေလလြင့္သူမ်ား အမ်ားစုခိုလံႈေနသည့္ တာခ်ီလိတ္ၿမိဳ႕မသုႆန္အတြင္း စာရင္းလိုက္လံ ေကာက္ယူရာတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႔၊ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႔၊ မဇၥ်ိမလူမႈကူညီေရးအသင္းတို႔မွ စုစုေပါင္း အင္အား (၃၀)ေက်ာ္တို႔က ပူးေပါင္း ပါ၀င္ခဲ့ၾကျခင္း ျဖစ္သည္။
အဆိုပါ စာရင္းေကာက္ယူျခင္းအား တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ (၁၁)ခုတြင္ ေကာက္ယူ သြားမည္ျဖစ္ေၾကာင္း သိရသည္။
“လက်ရှိတော့ ရပ်ကွက်နှစ်ခု ကောက်ယူပြီးသွားပါပြီ။ စာရင်းအားလုံးကောက်ယူပြီးသွားရင် မူးယစ်ဆေးစွဲသူတွေ ဆေးဖြတ်ဖို့၊ နေရပ်ပြန်လိုသူတွေ ပြန်နိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရဆီ တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
ဇန်နဝါရီလ (၁၀)ရက်နေ့မှစ၍ ရက်ခြားစာရင်းကောက်ယူနေရာ ဇန်နဝါရီလ (၁၄)ရက်အထိ သုံးရက်အတွင်း ကောက်ယူရရှိသည့် လူဦးရေ စုစုပေါင်း (၁၀၁)ဦးတွင် အမျိုးသမီးအရေအတွက် သုံးပုံတစ်ပုံပါဝင်ကြောင်း သိရသည်။
"ကျွန်တော်တို့ တာချီလိတ်မြို့မသုသာန်မှာ နှစ်ကြိမ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုမှာ တစ်ကြိမ် စုစုပေါင်း (၃)ကြိမ်စာရင်းကောက်ရာမှာ အမျိုးသား(၇၀)ဦး နဲ့ အမျိုးသမီး(၃၁)ဦးတို့ရဲ့ အမည်တွေနဲ့ အချက်အလက်တွေ ရရှိလာပါတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
တာချီလိတ်မြို့မသုဿန်အတွင်းသို့ မူးယစ်ဆေးဝါးသုံးစွဲ၍ ရောက်ရှိနေထိုင်ကြသူများတွင် အသက်(၈)နှစ်အောက် ကလေးများရှိသည့် မိခင်များလည်းပါဝင်ကြောင်း သိရသည်။
"အခုတွေ့ရတဲ့ အထဲမှာ မိသားစုလိုက်လည်းရှိသလို ယောကျာ်းထောင်ကျပြီး ဆေးစွဲသွားတဲ့ အမျိုးသမီးတွေလည်း တွေ့ရတယ်။ သူတို့ကိုမေးတဲ့အခါ သူတို့က ဆေးဖြတ်ချင်တယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ စာရင်းကောက်လာခဲ့တယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
မြန်မာ - ထိုင်း နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲကာ အိမ်ရာမဲ့ နေထိုင်သူများအား ဆေးဖြတ်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် မဇ္ဈိမလူမှုကူညီရေးအသင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းကူညီမှုဖြင့် ဇန်နဝါရီလ (၁၀)ရက်နေ့က စတင်လုပ်ဆောင်နခြေင်း ဖြစ်သည်။
" ဆေးဖြတ်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရကနပြေီးမှ ဆေးဖြတ်စခန်းတွေကို ပို့ပြီးမှ တစ်သုတ်ကို လူ (၃၀)မဟုတ်ရင်၊ (၄၀)သတ်မှတ်ပြီး ဆေးဖြတ်မယ်ပေါ့။ အဲဒီလို ဆေးဖြတ်ကာလအတွက် ကုန်ကျစရိတ်က ကျပ်သိန်း(၄၅) နဲ့ သိန်း(၅၀)လောက် ကုန်မှာ။ အဲဒီအတွက် အခု ရန်ပုံငွေရှာနေတယ်။ အဓိက ခရိုင်မြို့ကြီး (၇)မြို့မှာ ဆောင်ရွက်သွားမှာပါ"ဟု တာချီလိတ်မြို့နယ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
စာရင်းကောက်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့မသုသာန်တွင် ဇန်နဝါရီလ(၁၀)ရက်နေ့က စာရင်းကောက်ယူရာ အမျိုးသား(၂၉)ဦး နှင့် အမျိုးသမီး(၁၆)ဦး၊ ဇန်နဝါရီလ(၁၂)ရက်နေ့က သုသာန်အတွင်း ဆက်လက်၍ စာရင်းကောက်ယူရာ အမျိုးသား(၁၈)ဦး နှင့် အမျိုးသမီး(၃) နှင့် ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာတွင် စာရင်းကောက်ယူရာ အမျိုးသား(၂၂)ဦး နှင့် အမျိုးသမီး(၁၃)ဦး စုစုပေါင်း (၁၀၁)ဦး၏ အမည်စာရင်းနှင့်အချက်အလက်များကို ရရှိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးစွဲလေလွင့်သူများ အများစုခိုလှုံနေသည့် တာချီလိတ်မြို့မသုဿန်အတွင်း စာရင်းလိုက်လံ ကောက်ယူရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ စုစုပေါင်း အင်အား (၃၀)ကျော်တို့က ပူးပေါင်း ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ စာရင်းကောက်ယူခြင်းအား တာချီလိတ်မြို့ပေါ်ရပ်ကွက် (၁၁)ခုတွင် ကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။