တာခ်ီလိတ္ၿမိဳ႕ ပါေကြ႕ရြာတြင္ မူးယစ္ေဆးသံုးစြဲျခင္းမရိွသည့္ တစ္ဦးတည္းေသာ အမ်ိဳးသမီးအား စံျပအျဖစ္ ေထာက္ပံ့ေငြေပးအပ္

တာခ်ီလိတ္ၿမိဳ႕ ပါေကြ႕ရြာတြင္ မူးယစ္ေဆးသံုးစြဲျခင္းမရိွသည့္ တစ္ဦးတည္းေသာ အမ်ိဳးသမီးအား စံျပအျဖစ္ ေထာက္ပံ့ေငြေပးအပ္
ဇန်နဝါရီ 18, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု ပါေကြ႕(အေပၚ)ေက်းရြာတြင္ မူးယစ္ေဆးသံုးစြဲျခင္း မရိွသည့္ တစ္ဦးတည္းေသာ အမ်ိဳးသမီးအား လႊတ္ေတာ္ ကိုယ္စားလွယ္ႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္းတို႔က စံျပအျဖစ္ ေထာက္ပံ့ေငြ ေပးအပ္ လုိက္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔အေနနဲ႔ ေစတနာရွင္မ်ားနဲ႔ စုေပါင္းၿပီး ဒီရြာမွာ ဒီလိုလူရွိပါလားဆိုတာကို မူးယစ္ေဆး၀ါး သံုးစြဲသူေတြ အေနနဲ႔ သတိထားမိၿပီး ေျပာင္းလဲမႈေတြျဖစ္လာႏိုင္ေအာင္လို႔ ရည္ရြယ္ၿပီးေတာ့ စံျပအျဖစ္ လုပ္လိုက္တာ။ ဆန္၊ဆီ နဲ႔ ၾကက္ဥအပါအ၀င္ ေငြသားအေနနဲ႔ ထိုင္းဘတ္ေငြ( ၄၅၀၀ )ကိုလည္း ေထာက္ပံ့ေပးလိုက္ပါတယ္"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္ႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္း နာယက ဦးေဌး၀င္း၊ ဥကၠဌ ဦးတင့္ေဆြႏွင့္ အသင္းသား၊ အသင္းသူမ်ားက ဇန္န၀ါရီလ(၁၇)ရက္ေန႔ ေန႔လယ္ပိုင္းက ပါေကြ႕(အေပၚ)ေက်းရြာေန အသက္(၃၄)ႏွစ္အရြယ္ မေပါယုအား သြားေရာက္၍ ေထာက္ပံ့ေပးျခင္း ျဖစ္သည္။

"အရင္ေယာက်ာ္းကလည္း မူးယစ္ေဆး၀ါးသံုးစြဲၿပီး ေသသြားတယ္။ အခု အမ်ဳိးသားကလည္း မူးယစ္ေဆး၀ါး သံုးတယ္။ အဲဒါေတြေၾကာင့္ ကြ်န္မကေတာ့ မူးယစ္ေဆး၀ါး မသံုးဘူး။ သားသမီးက (၆)ေယာက္ရွိတယ္"ဟု အာခါတိုင္းရင္းသူ မေပါယုက ေျပာသည္။

အဆိုပါ အမ်ဳိးသမီးအား စံျပအျဖစ္ ေထာက္ပံ့ရန္အတြက္ ေစတနာရွင္မ်ား စုေပါင္း၍ မဇၥ်ိမလူမႈညီေရးအသင္းသို႔ လွဴဒါန္းလာရာ စုစုေပါင္း ထိုင္းဘတ္ေငြ (၇၅၀၀)ရရိွသျဖင့္ ဆန္(၁)အိတ္၊ စားသံုးဆီ(၁)ပံုး၊ ၾကက္ဥတစ္ကတ္ႏွင့္ ေငြသား(၄၅၀၀)ဘတ္ကို ေပးအပ္ေထာက္ပံ့လိုက္ျခင္း ျဖစ္သည္။

အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္၊ မဇၥ်ိမလူမႈကူညီေရးအသင္း၊ စည္ပင္သာယာေရးဌာနႏွင့္ သက္ဆိုင္ရာအဖြဲ႔မ်ား ပါ၀င္သည့္အဖြဲ႕က မူးယစ္ေဆးဝါးသံုးစြဲၿပီး ေလလြင့္ေနသူမ်ားစာရင္းကို လိုက္လံေကာက္ယူေနရာမွ ယင္းကဲ့သို႔ ေတြ႔ရိွရျခင္းျဖစ္ၿပီး ယခုကဲ့သို႔ စံျပသတ္မွတ္လိုက္ျခင္းျဖင့္ အဘက္ဘက္မွ ပူးေပါင္းပါဝင္လာမႈကို ရရိွရန္ ရည္ရြယ္ေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က ဆိုသည္။

"တာခ်ီလိတ္ၿမိဳ႕မွာ မူးယစ္ေဆး၀ါးသံုးစြဲသူေတြ ေလ်ာ့ပါးသြားဖို႔ နဲ႔ ေဆးျဖတ္စခန္းေတြ ဖြင့္ဖို႔ အခုလို စာရင္းေကာက္တာေတြ လုပ္ငန္းေဆာင္ရြက္တာေတြမွာ အားလံုး ပူးေပါင္းပါ၀င္မွ အဆင္ေျပမွာပါ။ အားလံုးရဲ႕ ပူးေပါင္း ပါ၀င္လာမႈေတြရွိမွ ဒီကိစၥေတြက ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ႏိုင္မွာပါ"ဟု အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ ဇန္န၀ါရီလအတြင္း မူးယစ္ေဆး၀ါးသံုးစြဲသူမ်ားႏွင့္ ေလလြင့္သူမ်ား၏ စာရင္းမ်ားကို ေကာက္ယူေနရာ ဇန္နဝါရီလ ၁၅ ရက္ေန႔အထိ လူဦးေရ စုစုေပါင္း (၁၂၅)ဦးက မူးယစ္ေဆး၀ါး ျဖတ္ရန္အတြက္ စာရင္းမ်ားေပးထားေၾကာင္း  သိရသည္။

ပါေကြ႕(အေပၚ)ေက်းရြာတြင္ အိမ္ေျခ (၂၀)ႏွင့္ လူဦးေရ (၆၀)ေက်ာ္ရိွၿပီး ရိုးရာဓေလ့အရ မူးယစ္ေဆးကို ေဆးဝါးအျဖစ္ အသံုးျပဳၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ပါကွေ့(အပေါ်)ကျေးရွာတွင် မူးယစ်ဆေးသုံးစွဲခြင်း မရှိသည့် တစ်ဦးတည်းသော အမျိုးသမီးအား လွှတ်တော် ကိုယ်စားလှယ်နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့က စံပြအဖြစ် ထောက်ပံ့ငွေ ပေးအပ် လိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ စေတနာရှင်များနဲ့ စုပေါင်းပြီး ဒီရွာမှာ ဒီလိုလူရှိပါလားဆိုတာကို မူးယစ်ဆေးဝါး သုံးစွဲသူတွေ အနေနဲ့ သတိထားမိပြီး ပြောင်းလဲမှုတွဖြေစ်လာနိုင်အောင်လို့ ရည်ရွယ်ပြီးတော့ စံပြအဖြစ် လုပ်လိုက်တာ။ ဆန်၊ဆီ နဲ့ ကြက်ဥအပါအဝင် ငွေသားအနေနဲ့ ထိုင်းဘတ်ငွေ( ၄၅၀၀ )ကိုလည်း ထောက်ပံ့ပေးလိုက်ပါတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း နာယက ဦးဌေးဝင်း၊ ဥက္ကဌ ဦးတင့်ဆွေနှင့် အသင်းသား၊ အသင်းသူများက ဇန်နဝါရီလ(၁၇)ရက်နေ့ နေ့လယ်ပိုင်းက ပါကွေ့(အပေါ်)ကျေးရွာနေ အသက်(၃၄)နှစ်အရွယ် မပေါယုအား သွားရောက်၍ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

"အရင်ယောကျာ်းကလည်း မူးယစ်ဆေးဝါးသုံးစွဲပြီး သေသွားတယ်။ အခု အမျိုးသားကလည်း မူးယစ်ဆေးဝါး သုံးတယ်။ အဲဒါတွေကြောင့် ကျွန်မကတော့ မူးယစ်ဆေးဝါး မသုံးဘူး။ သားသမီးက (၆)ယောက်ရှိတယ်"ဟု အာခါတိုင်းရင်းသူ မပေါယုက ပြောသည်။

အဆိုပါ အမျိုးသမီးအား စံပြအဖြစ် ထောက်ပံ့ရန်အတွက် စေတနာရှင်များ စုပေါင်း၍ မဇ္ဈိမလူမှုညီရေးအသင်းသို့ လှူဒါန်းလာရာ စုစုပေါင်း ထိုင်းဘတ်ငွေ (၇၅၀၀)ရရှိသဖြင့် ဆန်(၁)အိတ်၊ စားသုံးဆီ(၁)ပုံး၊ ကြက်ဥတစ်ကတ်နှင့် ငွေသား(၄၅၀၀)ဘတ်ကို ပေးအပ်ထောက်ပံ့လိုက်ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာအဖွဲ့များ ပါဝင်သည့်အဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲပြီး လေလွင့်နေသူများစာရင်းကို လိုက်လံကောက်ယူနေရာမှ ယင်းကဲ့သို့ တွေ့ရှိရခြင်းဖြစ်ပြီး ယခုကဲ့သို့ စံပြသတ်မှတ်လိုက်ခြင်းဖြင့် အဘက်ဘက်မှ ပူးပေါင်းပါဝင်လာမှုကို ရရှိရန် ရည်ရွယ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ဆိုသည်။

"တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ လျော့ပါးသွားဖို့ နဲ့ ဆေးဖြတ်စခန်းတွေ ဖွင့်ဖို့ အခုလို စာရင်းကောက်တာတွေ လုပ်ငန်းဆောင်ရွက်တာတွေမှာ အားလုံး ပူးပေါင်းပါဝင်မှ အဆင်ပြေမှာပါ။ အားလုံးရဲ့ ပူးပေါင်း ပါဝင်လာမှုတွေရှိမှ ဒီကိစ္စတွေက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မှာပါ"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။

တာချီလိတ်မြို့ပေါ်တွင် ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် လေလွင့်သူများ၏ စာရင်းများကို ကောက်ယူနေရာ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၁၂၅)ဦးက မူးယစ်ဆေးဝါး ဖြတ်ရန်အတွက် စာရင်းများပေးထားကြောင်း သိရသည်။

ပါကွေ့(အပေါ်)ကျေးရွာတွင် အိမ်ခြေ (၂၀)နှင့် လူဦးရေ (၆၀)ကျော်ရှိပြီး ရိုးရာဓလေ့အရ မူးယစ်ဆေးကို ဆေးဝါးအဖြစ် အသုံးပြုကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~