တာခ်ီလိတ္ၿမိဳ႕မေစ်းအတြင္း တားျမစ္ေဆး၀ါးမ်ားႏွင့္ တားျမစ္ စားသံုးကုန္မ်ား မေရာင္းခ်ေရး ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆး

တာခ်ီလိတ္ၿမိဳ႕မေစ်းအတြင္း တားျမစ္ေဆး၀ါးမ်ားႏွင့္ တားျမစ္ စားသံုးကုန္မ်ား မေရာင္းခ်ေရး ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆး
ဇန်နဝါရီ 19, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မ(၀မ္ေကာင္းေစ်း)အတြင္း တားျမစ္ထားသည့္ေဆး၀ါးမ်ားႏွင့္ အမ်ားျပည္သူစားသံုးရန္မအသင့္ေသာ စားေသာက္ကုန္ပစၥည္းမ်ား ေရာင္းခ်မႈ မရွိေစရန္အတြက္ ပူးေပါင္းအဖြဲ႔ျဖင့္ ယေန႔ ဇန္န၀ါရီလ(၁၉)ရက္ေန႔ ေန႔လယ္ပိုင္းက စစ္ေဆးခဲ့ေၾကာင္း သိရသည္။

စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုး၊ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဝင္မ်ား၊ ေစ်းေကာ္မတီဝင္မ်ား၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၊ ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားမွ ပူးေပါင္း၍ အဆိုပါ ေစ်းအတြင္း စစ္ေဆးခဲ့ၾကၿပီး တားျမစ္ထားသည့္ ေဆး၀ါးမ်ားႏွင့္ အမ်ားျပည္သူ စားသံုးရန္မအသင့္ေသာ စားေသာက္ကုန္ပစၥည္းမ်ား ေရာင္းခ်ျခင္းမ်ား မျပဳလုပ္ရန္အတြက္ အသိေပးေျပာၾကားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးႏွင့္အဖြဲ႔မွ လာေရာက္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေက်ာင္းတြင္းမုန္႔ေစ်းတန္းမ်ားမွ ေစ်းသည္မ်ားအား စားသံုးရန္မသင့္သည့္ စားေသာက္ကုန္မ်ားႏွင့္ ပတ္သက္၍ အသိပညာေပးမႈမ်ား ျပဳလုပ္ၿပီး တာခ်ီလိတ္သို႔ ေရာက္ရွိလာစဥ္ တာခ်ီလိတ္မွ သက္ဆိုင္ရာတာ၀န္ရွိသူမ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ကာ ေစ်းအတြင္း စစ္ေဆးမႈမ်ား ျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - စည္ပင္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မ(ဝမ်ကောင်းဈေး)အတွင်း တားမြစ်ထားသည့်ဆေးဝါးများနှင့် အများပြည်သူစားသုံးရန်မအသင့်သော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရန်အတွက် ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့ နေ့လယ်ပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်း၍ အဆိုပါ ဈေးအတွင်း စစ်ဆေးခဲ့ကြပြီး တားမြစ်ထားသည့် ဆေးဝါးများနှင့် အများပြည်သူ စားသုံးရန်မအသင့်သော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းများ မပြုလုပ်ရန်အတွက် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့သို့ ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်အဖွဲ့မှ လာရောက်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းတွင်းမုန့်ဈေးတန်းများမှ ဈေးသည်များအား စားသုံးရန်မသင့်သည့် စားသောက်ကုန်များနှင့် ပတ်သက်၍ အသိပညာပေးမှုများ ပြုလုပ်ပြီး တာချီလိတ်သို့ ရောက်ရှိလာစဉ် တာချီလိတ်မှ သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်ကာ ဈေးအတွင်း စစ်ဆေးမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စည်ပင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~