တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ရွိ ေမွာင္ေနေသာ အခ်ဳိ႕ေနရာမ်ားတြင္ ေမွာင္ရိပ္ခုိမႈမ်ားႏွင့္ မႈခင္းျဖစ္ပြားမႈမ်ား ေလ်ာ့နည္း က်ဆင္းေရးအတြက္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ LED လွ်ပ္စစ္မီးေခ်ာင္း(၁၃)ေခ်ာင္းအား ဇန္န၀ါရီလ(၁၈)ရက္ေန႔က တပ္ဆင္လိုက္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ သိရသည္။
တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီဥကၠဌ ဦးတင္၀င္းေရႊ(တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး)၏ လမ္းညႊန္ခ်က္ျဖင့္ လမ္းမီးတပ္ဆင္ေရးႏွင့္၀ယ္ယူေရးေကာ္မတီ ဥကၠဌ ဦးတင္လႈိင္၊ အတြင္းေရးမွဴး ဦးထိန္းမင္း၊ ဦးစိုင္းခမ္းမြန္း ႏွင့္ ေဒၚနန္းစံေဖာင္း ပါ၀င္ေသာ အဖြဲ႔မွ ဦးစီး၍ ၿမိဳ႕လံုၿခံဳေရးအတြက္ ေမွာင္ေနေသာ ေနရာမ်ားတြင္ မီးမ်ား လင္းေနရန္ LED လွ်ပ္စစ္မီးေခ်ာင္းမ်ားျဖင့္ လမ္းမီးမ်ား တပ္ဆင္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အဖြဲ႔မွ တာခ်ီလိတ္ၿမိဳ႕ေပၚရွိ ၀မ္ေကာင္းရပ္ကြက္ မဂၤလာလမ္းတစ္ေလွ်ာက္တြင္ LED လွ်ပ္စစ္မီးေခ်ာင္း (၆)ေခ်ာင္း၊ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼဌာန္းေက်ာင္းေရွ႕ႏွင့္ စိန္ပန္းလမ္း(သုသာန္သြားလမ္း)တို႔တြင္ LED (၇)ေခ်ာင္း စုစုေပါင္း (၁၃)ေခ်ာင္းအား တပ္ဆင္လိုက္ရာ LED မီးေခ်ာင္းမ်ားအပါအ၀င္ မီးႀကိဳးမ်ား၊ Control Box ႏွင့္ Lighting Arrester မ်ားအပါအ၀င္ စုစုေပါင္း ကုန္က်ေငြမွာ ထို္င္းဘတ္ေငြ (၃၂၀,၉၆၅)ဘတ္ ကုန္က်ေၾကာင္း သိရသည္။
ဆက္လက္၍ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တာခ်ီလိတ္ၿမိဳ႕ပတ္လမ္းမ်ားျဖစ္သည့္ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ 1G1 7Hotel ေရွ႕လမ္းတစ္ေလွ်ာက္၊ ၀မ္ေကာင္းရပ္ကြက္ မိုးကုတ္၀ိပႆနာသြားလမ္းမ်ားတြင္ ေမွာင္ရိပ္ခိုမႈမ်ားႏွင့္ မႈခင္းေလ်ာ့နည္းက်ဆင္းေရးအတြက္ LED မီးေခ်ာင္းမ်ား တိုးခ်ဲ႕တပ္ဆင္သြားရန္ စီစဥ္ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။
ဓာတ္ပံု - တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီ
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
တာချီလိတ်မြို့မီးလင်းရေးကော်မတီဥက္ကဌ ဦးတင်ဝင်းရွှေ(တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး)၏ လမ်းညွှန်ချက်ဖြင့် လမ်းမီးတပ်ဆင်ရေးနှင့်ဝယ်ယူရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်၊ အတွင်းရေးမှူး ဦးထိန်းမင်း၊ ဦးစိုင်းခမ်းမွန်း နှင့် ဒေါ်နန်းစံဖောင်း ပါဝင်သော အဖွဲ့မှ ဦးစီး၍ မြို့လုံခြုံရေးအတွက် မှောင်နေသော နေရာများတွင် မီးများ လင်းနေရန် LED လျှပ်စစ်မီးချောင်းများဖြင့် လမ်းမီးများ တပ်ဆင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့မှ တာချီလိတ်မြို့ပေါ်ရှိ ဝမ်ကောင်းရပ်ကွက် မင်္ဂလာလမ်းတစ်လျှောက်တွင် LED လျှပ်စစ်မီးချောင်း (၆)ချောင်း၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းရှေ့နှင့် စိန်ပန်းလမ်း(သုသာန်သွားလမ်း)တို့တွင် LED (၇)ချောင်း စုစုပေါင်း (၁၃)ချောင်းအား တပ်ဆင်လိုက်ရာ LED မီးချောင်းများအပါအဝင် မီးကြိုးများ၊ Control Box နှင့် Lighting Arrester များအပါအဝင် စုစုပေါင်း ကုန်ကျငွေမှာ ထို်င်းဘတ်ငွေ (၃၂၀,၉၆၅)ဘတ် ကုန်ကျကြောင်း သိရသည်။
ဆက်လက်၍ တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တာချီလိတ်မြို့ပတ်လမ်းများဖြစ်သည့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1 7Hotel ရှေ့လမ်းတစ်လျှောက်၊ ဝမ်ကောင်းရပ်ကွက် မိုးကုတ်ဝိပဿနာသွားလမ်းများတွင် မှောင်ရိပ်ခိုမှုများနှင့် မှုခင်းလျော့နည်းကျဆင်းရေးအတွက် LED မီးချောင်းများ တိုးချဲ့တပ်ဆင်သွားရန် စီစဉ်ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - တာချီလိတ်မြို့မီးလင်းရေးကော်မတီ