ရပ်ကွက်ပြည်သူများနှင့် သက်ဆိုင်သည့်ငွေများကို လုပ်ထုံးလုပ်နည်းနှင့် မညီဘဲသုံးစွဲ၍ ဖြေရှင်းထားရသည့် တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာအား အသစ်ပြန်လည် ရွေးချယ်ရန် လိုအပ်နေသည်ဟု အဆိုပါရပ်ကွက်နေပြည်သူများက သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။
အဆိုပါအုပ်ချုပ်ရေးမှူးမှာ ရပ်ကွက်ပြည်သူများနှင့်သက်ဆိုင်သည့် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရရုံးအား တိုင်ကြားခံရသဖြင့် ခရိုင်မှစစ်ဆေးပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သဖြင့် အုပ်ချုပ်ရေးမှူးနေရာ ပြန်လည်ရွေးချယ်ပေးရန် ရပ်ကွက်နေပြည်သူများက ဇန်န၀ါရီလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ချမ်းမြသာစည်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ၂၀၀၆ ခုနှစ်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
“ဖြစ်စေချင်တာကတော့ ဒီရာထူးကနေ ပြောင်းလဲစေချင်တယ်။ အခု ငွေကြေးအလွဲသုံးစားမှု ရှင်းတမ်းလုပ်တာက လုပ်ကြံ မှု တစ်ခုမှ မပါ ပါဘူး။ အမှန်တကယ်လည်း သူသုံးစွဲထားတာလည်း ဖြစ်တယ်။ ပထမဆုံး တောင်းဆိုချင်တာက ရှမ်းပြည်နယ် အစိုးရကနေ အရေးယူဆောင်ရွက်ပေးဖို့် တောင်းဆိုချင်ပါတယ်။ အရေးမယူဘူးဆိုရင်တော့ သူကဆက်လက်လုပ်ဆောင်နေရင် တဖြေးဖြေးနဲ့ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်လို့ တောင်းဆိုချင်ပါတယ်” ဟု ရပ်ကွက်နေထိုင်သူ ဦးစိုးမောင် ကပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးမှာ ရပ်ကွက်ပြည်သူများနှင့်သက်ဆိုင်သည့် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရရုံးအား တိုင်ကြားခံရသဖြင့် ခရိုင်မှစစ်ဆေးပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သဖြင့် အုပ်ချုပ်ရေးမှူးနေရာ ပြန်လည်ရွေးချယ်ပေးရန် ရပ်ကွက်နပြေည်သူများက ဇန်နဝါရီလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
“ပြည်နယ်အစိုးရရုံးကို တိုင်ထားတဲ့ကိစ္စက ခရိုင်ကနပြေီးတော့ ဘုံအဖွဲ့နဲ့ စစ်ပြီးပြီ။ ရှင်းရှင်းပြောရရင် ငွေကိစ္စ နဲ့ပတ်သက်ပြီး နောက် အဲဒီလိုမဖြစ်အောင် ဝန်ခံကတိလက်မှတ်ထိုးခိုင်းတယ်။ ရပ်ကွက်ရန်ပုံငွေ ဘဏ္ဍာရေး ကော်မတီလည်း ၁၀ ရက်နေ့က သူတို့ ဖွဲ့စည်းပေးလိုက်ပြီလေ။ သူတို့က ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတာက ရပ်ကွက်ရုံး အစည်းအေဝးတွေ တစ်ခါမှ မတတ်ဘူးလေ။ မှတ်တမ်းတွေ အကုန်ရှိပါတယ်။ ကော်မတီကလည်း ဖွဲ့သင့်တဲ့ဟာမှဖွဲ့တာလေ။ ဥပမာ မီးကော်မတီ၊ ရေကော်မတီ၊ ရပ်ကွက်ကော်မတီနဲ့ ပတ်သက်ပြီး သိန်း ၂၀ ရမှ ကော်မတီ စကားထွက်လာတာလေ။ လွန်ခဲ့တဲ့ ၉ နှစ်ကလည်း တိုင်မယ်လုပ်တယ်။ အခုလည်း ဒီလိုလုပ်တာပဲ။ မှတ်တမ်းတွေအကုန်ရှိပါတယ်” ဟု ချမ်းမြသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တာ က ပြောသည်။
အဆိုပါ ချမ်းမြသာစည်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ၂၀၀၆ ခုနှစ်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နခြေင်းဖြစ်ကြောငး်သိရသည်။
သတင်း - နိုနို