ရှမ်းပြည်နယ်(တောင်ပိုင်း)ရေပူကျေးရွာမှ တောင်သူများ၏ သိမ်းဆည်းခံမြေယာများအနက် ပိုလျှံမြေများအား ပြန်လည် ရရှိရေးအတွက် ဥပဒေဘောင်အတွင်းမှ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါ တောင်သူလယ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ရှစ်လေးလုံး ရှမ်းပြည်အဖွဲ့မှ သိရသည်။
အဆိုပါ ရေပူကျေးရွာမှ တောင်သူ (၇၅)ဦးမှာ ၎င်းတို့ သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ကြသဖြင့် ပိုင်နက်ကျုးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် ထောင်ဒဏ်တစ်လစီ ကျခံနေကြရခြင်းဖြစ်ပြီး ယင်းတို့အနက်မှ (၅၆)ဦးသည် ဇန်နဝါရီလ (၂၀) ရက်တွင် လွတ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
လွတ်ရန်ကျန်ခဲ့သည့် တောင်သူ(၂၀)ဦးအနက် (၃)ဦးမှာ စီရင်ချက်ချသည့်နေ့တွင် လာရောက်ခြင်းမရှိဘဲ လေးရက်အကြာမှ သွားရောက်အဖမ်းခံသည့်အတွက် လွတ်ရက်နောက်ကျနေခြင်းဖြစ်ပြီး ကျန်(၁၇)ဦးမှာ အဆိုပါပုဒ်မဖြင့် အမှု(၆)မှုအထိ ပြစ်ဒဏ်ချမှတ်ခံထားရသူများပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတောင်သူများမှာ သိမ်းဆည်းခံထားရသည့် မြေဧက (၅၀၀၀)အနက် ပိုလျှံမြေများ ပြန်လည် ရရှိရေးအတွက် သိမ်းဆည်းခံမြေများတွင် ဝင်ရောက်ထွန်ယက်ကြသဖြင့် လက်ရှိမြေယာပိုင်ဆိုင်ထားသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မြနဒီကုမ္ပဏီတို့မှ တရားစွဲဆိုခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ကတည်းက အမှု ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
စီရင်ချက်ချသည့်အမှုကို ရင်ဆိုင်ခဲ့ရာတွင် တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ချထားပေးသည့် အထောက် အထားများဖြင့် တင်ပြနိုင်သော်လည်း အမှုရင်ဆိုင်သည့် တောင်သူများအနေဖြင့် အဆိုပါ နေရာတွင် တပ်ပိုင်မြေအဖြစ် မသတ်မှတ်မီကတည်းက လုပ်ကိုင်သူများဖြစ်ကြောင်း အထောက်အထား ဖြစ်နိုင်သည့် သီးနှံခွန်၊ မြေခွန် ဆောင်ထားခြင်းများကို တင်ပြနိုင်ခြင်းမရှိခြင်း၊ ဥပဒေကို သိရှိမှု အားနည်းခြင်းများ ရှိခဲ့သည်ဟု တောင်သူများအား အမှုရင်ဆိုင်ရာတွင် ကူညီပေးနေသည့် ဥပဒေအကျိုးဆောင်များထံမှ သိရသည်။
သတင်း - အင်မိုင်ခ
“လက်ရှိသူတို့တွေ အခြေအနေက ထောင်လည်းကျခံရတယ်။ သူတို့လယ်မြေတွေလည်း ဆုံးရှုံးရမယ့် အခြေအနဖြေစ်နေတာကြောင့် မြေယာတွပြေန်ရဖို့ ဥပဒေဘောင်အတွင်းကနေ ဆက်လက် ဆောင်ရွက်သွားကြဖို့ တောင်သူတွေက စီစဉ်နကြေပါတယ်”ဟု ရှစ်လေးလုံး ရှမ်းပြည်အဖွဲ့မှ ဦးတင်မောင်တိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဆိုပါ ရေပူကျေးရွာမှ တောင်သူ (၇၅)ဦးမှာ၎င်းတို့ သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ကြသဖြင့် ပိုင်နက်ကျုးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် ထောင်ဒဏ်တစ်လစီ ကျခံနကြေရခြင်းဖြစ်ပြီး ယင်းတို့အနက်မှ (၅၆)ဦးသည် ဇန်နဝါရီလ (၂၀) ရက်တွင် လွတ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
“ဒီနေ့မနက် ၁၀ နာရီလောက်မှာ လွတ်လာကြတာပါ။ ၂၀ တော့ကျန်ခဲ့တယ်။ သူတို့ထဲက သုံးဦးကတော့ စီရင်ချက်ချပြီး လေးရက်လောက်ကြာမှ သွားအဖမ်းခံတာဆိုတော့ လေးရက်ကျန်မှာပေါ့။ ကျန်တဲ့ (၁၇) ဦးမှာတော့ (၂)မှုပါတယ်၊ (၃)မှုပါတယ်။ နောက် (၆)မှုက တစ်ယောက်ပါတယ်”ဟု ဦးတင်မောင်တိုးက ပြောသည်။
လွတ်ရန်ကျန်ခဲ့သည့် တောင်သူ(၂၀)ဦးအနက် (၃)ဦးမှာ စီရင်ချက်ချသည့်နေ့တွင် လာရောက်ခြင်းမရှိဘဲ လေးရက်အကြာမှ သွားရောက်အဖမ်းခံသည့်အတွက် လွတ်ရက်နောက်ကျနခြေင်းဖြစ်ပြီး ကျန်(၁၇)ဦးမှာ အဆိုပါပုဒ်မဖြင့် အမှု(၆)မှုအထိ ပြစ်ဒဏ်ချမှတ်ခံထားရသူများပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့လွတ်မြောက်လာသည့် တောင်သူများနေရပ်သို့ ပြန်နိုင်ရေးအတွက် ရှစ်လေးလုံးရှမ်းပြည်၊ ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့တို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှလည်း လာရောက် ကူညီပေးကြောင်း သိရသည်။
အဆိုပါတောင်သူများအား တောင်ကြီးမြို့နယ်တရားရုံးတွင် ဒီဇင်ဘာလ ၂၂ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လစီ အမိန့်ချလိုက်ခြင်းဖြစ်သည်။
အဆိုပါတောင်သူများမှာ သိမ်းဆည်းခံထားရသည့် မြေဧက (၅၀၀၀)အနက် ပိုလျှံမြေများ ပြန်လည် ရရှိရေးအတွက် သိမ်းဆည်းခံမြေများတွင် ဝင်ရောက်ထွန်ယက်ကြသဖြင့် လက်ရှိမြေယာပိုင်ဆိုင်ထားသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မြနဒီကုမ္ပဏီတို့မှ တရားစွဲဆိုခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ကတည်းက အမှု ရင်ဆိုင်နကြေရခြင်း ဖြစ်သည်။
“မိရိုးဖလာလုပ်လာတဲ့ တောင်သူတွေရဲ့ အားနည်းချက်က ဥပဒေကို မသိ နားမလည်ဘူး”ဟု ဒေါ်ခင်မို့မို့က ဆိုသည်။
စီရင်ချက်ချသည့်အမှုကို ရင်ဆိုင်ခဲ့ရာတွင် တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ချထားပေးသည့် အထောက် အထားများဖြင့် တင်ပြနိုင်သော်လည်း အမှုရင်ဆိုင်သည့် တောင်သူများအနဖြေင့် အဆိုပါ နေရာတွင် တပ်ပိုင်မြေအဖြစ် မသတ်မှတ်မီကတည်းက လုပ်ကိုင်သူများဖြစ်ကြောင်း အထောက်အထား ဖြစ်နိုင်သည့် သီးနှံခွန်၊ မြေခွန် ဆောင်ထားခြင်းများကို တင်ပြနိုင်ခြင်းမရှိခြင်း၊ ဥပဒေကို သိရှိမှု အားနည်းခြင်းများ ရှိခဲ့သည်ဟု တောင်သူများအား အမှုရင်ဆိုင်ရာတွင် ကူညီပေးနေသည့် ဥပဒေအကျိုးဆောင်များထံမှ သိရသည်။
သတင်း - အင်မိုင်ခ