လားရိႈးၿမိဳ႕တြင္ျပဳလုပ္သည့္ ယာဥ္စည္းကမ္းအသိပညာေပးေဟာေျပာပြဲ၌ ယာဥ္ေမာင္းလိုင္စင္မ်ား ေန႔ခ်င္းၿပီးထုတ္ေပး

လားရိႈးၿမိဳ႕တြင္ျပဳလုပ္သည့္ ယာဥ္စည္းကမ္းအသိပညာေပးေဟာေျပာပြဲ၌ ယာဥ္ေမာင္းလိုင္စင္မ်ား ေန႔ခ်င္းၿပီးထုတ္ေပး
ဇန်နဝါရီ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕ရွိ အမွတ္(၆) အေျခခံပညာ အထက္တန္းေက်ာင္းတြင္ ဇန္နဝါရီလ (၂၁) ရက္က ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ လားရိႈး NLD လူငယ္အဖြ႔ဲတို႔ပူးေပါင္း၍ ယာဥ္စည္းကမ္း လမ္းစည္းကမ္းအသိပညာေပးေဟာေျပာပြဲႏွင့္ ယာဥ္ေမာင္းလိုင္စင္(က) ေန႔ခ်င္းၿပီး ေဆာင္ရြက္ေပးေၾကာင္း သိရသည္။

“NLD လူငယ္အဖြဲ႔နဲ႔ လားရိႈး က.ည.န ပူးေပါင္းၿပီး အသိပညာေပးေဟာေျပာပဲြနဲ႔ ယာဥ္ေမာင္း လိုင္စင္လုပ္ေပးတာပါ။ ဒါက တတိယအႀကိမ္ေျမာက္ျဖစ္ပါတယ္။ ေနာက္တစ္ပတ္ စေနေန႔မွာလည္း ရပ္ကြက္ (၉) နဲ႔ (၁၁) မွာလုပ္ ေပးသြားဦးမွာပါ”ဟု လားရိႈး NLD လူငယ္အဖြဲ႔မွ မခမ္းဦးက ေျပာသည္။

လားရိႈး NLD လူငယ္အဖဲြ႔ႏွင့္ လားရိႈးၿမိဳ႕ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနတို႔ပူးေပါင္း၍ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းအသိပညာေပးေဟာေျပာပြဲႏွင့္ ယာဥ္ေမာင္းလိုင္စင္ျပဳလုပ္ေပးျခင္းတို႔ကို ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ ပထမပတ္မွ စတင္လုပ္ကိုင္လာျခင္းျဖစ္ၿပီး ယခုအႀကိမ္မွာ တတိယ အႀကိမ္ေျမာက္ ျဖစ္ေၾကာင္း သိရသည္။

“လားရိႈးမွာလုပ္ေပးသလို ေက်ာက္မဲမွာလည္း အဲဒီလိုယာဥ္ေမာင္းလိုင္စင္ေတြ ေန႔ခ်င္းၿပီး ျပဳလုပ္ေပးဖို႔ လိုအပ္ေနပါတယ္။ သာမန္အခ်ိန္မွာလုပ္ဖို႔ဆိုရင္ အသိပညာေပးသင္တန္းကို ရံုးဖြင့္ရက္ကို ကညန မွာသြားတက္ရတဲ့အတြက္ ရံုးဝန္ထမ္းေတြအတြက္ အဆင္မေျပဘူး”ဟု ေက်ာက္မဲမွ အစိုးရရံုး ဝန္ထမ္းတစ္ဦးက အႀကံျပဳသည္။

ယာဥ္ေမာင္းလိုင္စင္(က)အား ပထမအႀကိမ္က လူဦးေရ (၂၈၂) ဦး၊ ဒုတိယအႀကိမ္က လူဦးေရ (၄၀၀) ေက်ာ္ႏွင့္ ယခုအႀကိမ္တြင္ လူဦးေရ (၂၀၀) ေက်ာ္ကိုျပဳလုပ္ေပးႏိုင္ခဲ့ ေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ခမ္းဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီလ (၂၁) ရက်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် လားရှိုး NLD လူငယ်အဖွဲ့တို့ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် ယာဉ်မောင်းလိုင်စင်(က) နေ့ချင်းပြီး ဆောင်ရွက်ပေးကြောင်း သိရသည်။

“NLD လူငယ်အဖွဲ့နဲ့ လားရှိုး က.ည.န ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနဲ့ ယာဉ်မောင်း လိုင်စင်လုပ်ပေးတာပါ။ ဒါက တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ နောက်တစ်ပတ် စနေနေ့မှာလည်း ရပ်ကွက် (၉) နဲ့ (၁၁) မှာလုပ် ပေးသွားဦးမှာပါ”ဟု လားရှိုး NLD လူငယ်အဖွဲ့မှ မခမ်းဦးက ပြောသည်။

လားရှိုး NLD လူငယ်အဖွဲ့နှင့် လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းတို့ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှ စတင်လုပ်ကိုင်လာခြင်းဖြစ်ပြီး ယခုအကြိမ်မှာ တတိယ အကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

“လားရှိုးမှာလုပ်ပေးသလို ကျောက်မဲမှာလည်း အဲဒီလိုယာဉ်မောင်းလိုင်စင်တွေ နေ့ချင်းပြီး ပြုလုပ်ပေးဖို့ လိုအပ်နေပါတယ်။ သာမန်အချိန်မှာလုပ်ဖို့ဆိုရင် အသိပညာပေးသင်တန်းကို ရုံးဖွင့်ရက်ကို ကညန မှာသွားတက်ရတဲ့အတွက် ရုံးဝန်ထမ်းတွေအတွက် အဆင်မပြေဘူး”ဟု ကျောက်မဲမှ အစိုးရရုံး ဝန်ထမ်းတစ်ဦးက အကြံပြုသည်။

ယာဉ်မောင်းလိုင်စင်(က)အား ပထမအကြိမ်က လူဦးရေ (၂၈၂) ဦး၊ ဒုတိယအကြိမ်က လူဦးရေ (၄၀၀) ကျော်နှင့် ယခုအကြိမ်တွင် လူဦးရေ (၂၀၀) ကျော်ကိုပြုလုပ်ပေးနိုင်ခဲ့ ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ခမ်းဦး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~