ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖြစ်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးရန် မန္တလေးမြို့မှ ဆရာ/ဆရာမ အင်အား (၁၀၀) ကျော်က ဇန်နဝါရီလ ၂၂ရက် နေ့လယ် ၂နာရီခန့်က လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြသည်။
ဆရာဦးအောင်ဇင်ထွန်းအား ဇန်နဝါရီလ ၁၈ ရက်နေ့က အရပ်ဝတ်နှင့်လူနှစ်ယောက်က ခေါ်ဆောင် သွားပြီးနောက် နားထင်တွင် သေနတ်ဒဏ်ရာ၊ ထိုးကြိတ်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် အဆိုပါအမှုအား ဖော်ထုတ်ပေးရေးအတွက် ဆရာ/ဆရာမများက ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့တို့တွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။
''ဝေးလံတဲ့ဒေသတွေကို သွားရောက်ပြီး စာသင်ပေးနေတဲ့ ဆရာတွေ အခုလိုသတ်ဖြတ်ခံရတာကြောင့် တခြားဆရာ/ဆရာမတွေ ဟာ သွားရောက်တာဝန်ထမ်းဆောင်ဖို့ ကြောက်သွားကြမယ်ဆိုရင် ကလေးတွေအတွက် ထိခိုက်မှု အများဆုံးဖြစ်လာမှာပါ။ အစိုးရအနေနဲ့လည်း ဆရာတွေရဲ့ ဘဝလုံခြုံရေး အတွက် အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုပါတယ် ''ဟု မြန်မာနိုင်ငံဆရာများသမဂ္ဂ ဥက္ကဌ ဦးသက်နိုင်ဦးက ပြောသည်။
ဆရာ/ဆရာမများသည် ယာယီမင်္ဂလာဈေးမှစတင်ပြီး ၇၃ လမ်းမကြီးတစ်လျှောက် လမ်းလျှောက်ကာ မန္တလေးတက္ကသိုလ်ရှေ့အထိ တစ်နာရီခန့် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။
''အခုဆိုရင် နမ့်မဖြစ်က ကျောင်းအုပ်ဆရာမကြီးက ကျောင်းမှာ ဆက်မနေနိုင်တော့ဘူး။ အိမ်ပြန်မယ်ဆိုပြီး ပြောနေတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပညာမတတ်လို့ စစ်ဖြစ်နကြေတာပါ။ ကိုယ်ကျိုးစွန့် ပညာသင်ပေးနေတဲ့သူကို သတ်တာကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်ပါတယ်'' ဟု မြန်မာနိုင်ငံဆရာများသမဂ္ဂမှ ဒု-ဥက္ကဌ ဦးသုတက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ဆရာဦးအောင်ဇင်ထွန်းအား ဇန်နဝါရီလ ၁၈ ရက်နေ့က အရပ်ဝတ်နှင့်လူနှစ်ယောက်က ခေါ်ဆောင် သွားပြီးနောက် နားထင်တွင် သေနတ်ဒဏ်ရာ၊ ထိုးကြိတ်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် အဆိုပါအမှုအား ဖော်ထုတ်ပေးရေးအတွက် ဆရာ/ဆရာမများက ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့တို့တွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်နကြခြေင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်