ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ အျဖဴေရာင္လူငယ္အဖဲြ႔က ႀကီးမွဴး၍ စတုတၱႀကိမ္ေျမာက္ အေမေန႔ အထိမ္းအမွတ္ အခမ္းအနားကို ဇန္န၀ါရီ ၂၂ ရက္ နံနက္ (၆)နာရီက သဗၺညဳေက်ာင္းတိုက္ဓမၼာ႐ုံ၌ က်င္းပရာ ကန္ေတာ့ခံအေမ (၂၈၉)ဦးတို႔အား ကန္ေတာ့ၾကေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားတြင္ အသက္(၇၀)ႏွစ္အထက္ ကန္ေတာ့ခံအေမ (၂၈၉) ဦးတို႔အား တစ္ဦးလွ်င္ ေငြက်ပ္ငါးေထာင္ႏွင့္ ေငြက်ပ္တစ္ေသာင္းတန္ဘိုးရိွ ေဆး၀ါး၊ အေႏြးထည္၊ ဖိနပ္ႏွင့္ အာဟာရမုန္႔မ်ားကို အျဖဴေရာင္လူငယ္အဖဲြ႔၀င္မ်ားက လည္းေကာင္း၊ ေငြက်ပ္(၁၁)သိန္းေက်ာ္တန္ဘိုးရိွ ေဆး၀ါးႏွင့္ ေကြကာအုပ္မ်ားကို နယ္ေျမခံတပ္နယ္မွ ဗိုလ္မွဴးခ်ဳပ္သူရလွမင္းႏွင့္တာ၀န္ရိွသူတို႔ကလည္းေကာင္း ေပးအပ္လွဴဒါန္းၾကရာ ကန္ေတာ့လႈဒန္းသည့္ ေငြႏွင့္ပစၥည္းတန္ဘိုးက်ပ္(၅၄)သိန္းေက်ာ္ရိွေၾကာင္း သိရသည္။
အခမ္းအနားတြင္ ဆရာေတာ္ အရွင္သူျမတ္မ်ားထံမွ ငါးပါးသီလခံယူေဆာက္တည္ၿပီး လွဴဖြယ္ ၀တၳဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး ၿမိဳ႕နယ္သံဃာ့နာယကအက်ဳိးေတာ္ေဆာင္ ၿမိဳ႕ဦးေက်ာင္းတိုက္ ဆရာေတာ္ဘဒၵႏၱပ႑ိတထံမွ ေရစက္ခ် အႏု ေမာဒနာတရားနာယူၿပီး ပင့္ဖိတ္ထားေသာဆရာေတာ္၊ သံဃာေတာ္မ်ားအား ဆြမ္းဆက္ကပ္ လွဴဒါန္းသည္။
ယင္းေနာက္ နံနက္(၇)နာရီတြင္ သဗၺညဳေက်ာင္းတိုက္ဆရာေတာ္ဘဒၵႏၱဣႏၵကက အေမ့ေက်းဇူး ဆိုင္ရာမ်ား ေဟာၾကားေပးေတာ္မူၿပီး အျဖဴေရာင္လူငယ္အဖဲြ႔မွ ကိုေမာင္ျမင့္က အေမေန႔ အထိမ္းအမွတ္္အခမ္းအနားက်င္းပရ ျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။
သတင္း/ဓာတ္ပံု - သန္းေဇာ္ဦး
အဆိုပါ အခမ်းအနားတွင် အသက်(၇၀)နှစ်အထက် ကန်တော့ခံအမေ (၂၈၉) ဦးတို့အား တစ်ဦးလျှင် ငွေကျပ်ငါးထောင်နှင့် ငွေကျပ်တစ်သောင်းတန်ဘိုးရှိ ဆေးဝါး၊ အနွေးထည်၊ ဖိနပ်နှင့် အာဟာရမုန့်များကို အဖြူရောင်လူငယ်အဖွဲ့ဝင်များက လည်းကောင်း၊ ငွေကျပ်(၁၁)သိန်းကျော်တန်ဘိုးရှိ ဆေးဝါးနှင့် ကွေကာအုပ်များကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သူရလှမင်းနှင့်တာဝန်ရှိသူတို့ကလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ကန်တော့လှုဒန်းသည့် ငွေနှင့်ပစ္စည်းတန်ဘိုးကျပ်(၅၄)သိန်းကျော်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃာ့နာယကအကျိုးတော်ဆောင် မြို့ဦးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဏ္ဍိတထံမှ ရေစက်ချ အနု မောဒနာတရားနာယူပြီး ပင့်ဖိတ်ထားသောဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် နံနက်(၇)နာရီတွင် သဗ္ဗညုကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဣန္ဒကက အမေ့ကျေးဇူး ဆိုင်ရာများ ဟောကြားပေးတော်မူပြီး အဖြူရောင်လူငယ်အဖွဲ့မှ ကိုမောင်မြင့်က အမေနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး