တာခ်ီလိတ္တြင္ ယာဥ္မေတာ္တဆမႈမ်ား ေလ်ာ့နည္း ပေပ်ာက္ေရးအတြက္ ခရီးသည္ပို႔ေဆာင္ေရး ယာဥ္လိုင္မ်ားအား အပတ္စဥ္ စစ္ေဆး

တာခ်ီလိတ္တြင္ ယာဥ္မေတာ္တဆမႈမ်ား ေလ်ာ့နည္း ပေပ်ာက္ေရးအတြက္ ခရီးသည္ပို႔ေဆာင္ေရး ယာဥ္လိုင္မ်ားအား အပတ္စဥ္ စစ္ေဆး
ဇန်နဝါရီ 24, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ ခရီးသည္မ်ား ပို႔ေဆာင္ေပးေနေသာ ယာဥ္လိုင္းမ်ားအား ယာဥ္မေတာ္တဆမႈမ်ား ေလ်ာ့နည္း ပေပ်ာက္ေရးအတြက္ တာခ်ီလိတ္ခရိုင္ ကညန ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မွ ဇန္န၀ါရီလ(၂၄)ရက္ေန႔ နံနက္(၇)နာရီခြဲအခ်ိန္က ေရႊမိုင္းေယာင္းယာဥ္လိုင္းအား သြားေရာက္စစ္ေဆးကာ  အသိပညာေပးမႈမ်ား ေဆာင္ရြက္ေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕သို႔ ေျပးဆြဲေနသည့္ ေရႊမိုင္းေယာင္းယာဥ္လိုင္းအား ယာဥ္မေတာ္တဆမႈမ်ား ေလ်ာ့နည္း ပေပ်ာက္ေရးအတြက္ စစ္ေဆးရာတြင္ တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴး ဦးေသာင္းျမင့္ ဦးေဆာင္ကာ မထသ အတြင္​း​ေရးမွဴး ဦးဝင္​းႏိုင္​ဦး၊ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္) မွ ဒု-တပ္​ၾကပ္​ ဦး​ေအာင္​ႏိုင္​ဦးတို႔ပါ၀င္ၿပီး လိုအပ္သည့္ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ ပတ္သက္၍ ျဖည့္စြက္မွာၾကားမႈမ်ားျပဳလုပ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးသည့္ အခါတြင္ အဓိကအားျဖင့္ လုပ္ငန္းလိုင္စင္စည္းကမ္းႏွင့္ ညီ/မညီ ၊ ယာဥ္ေမာင္း၊ ယာဥ္အကူ ႏွင့္ ယာဥ္လုပ္သားမ်ား အရက္ေသစာ ေသာက္စားထားျခင္းရွိ/မရွိ ၊မီးသတ္ေဆးဘူး၊ အေရးေပၚမွန္ခြဲ ပုဆိန္ ႏွင့္ အေရးေပၚထြက္ေပါက္ပါ/ မပါ ၊ ယာဥ္အကူ ပါ/မပါ၊ ယာဥ္ေမာင္းခ်ိန္ (၈)နာရီထက္ေက်ာ္လြန္ေသာ ခရီးစဥ္တြင္ ယာဥ္ေမာင္း (၂)ဦး ပါ/ မပါ ၊ ေရာင္ျပန္ျပားပါ/မပါ ၊ ကားတာယာေကာင္း/မေကာင္း ၊ ထိုင္ခုံခါးပတ္ ျပည့္စုံမႈရွိ/မရွိ ၊ယာဥ္ေမာင္းႏွင့္ ခရီးသည္မ်ား  ထိုင္ခုံခါးပတ္ ပတ္ဆင္ထားျခင္းရွိ/မရွိ စသည္တို႔ကို စစ္ေဆးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မှတစ်ဆင့် ခရီးသည်များ ပို့ဆောင်ပေးနေသော ယာဉ်လိုင်းများအား ယာဉ်မတော်တဆမှုများ လျော့နည်း ပပျောက်ရေးအတွက် တာချီလိတ်ခရိုင် ကညန ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇန်နဝါရီလ(၂၄)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်က ရွှေမိုင်းယောင်းယာဉ်လိုင်းအား သွားရောက်စစ်ဆေးကာ အသိပညာပေးမှုများ ဆောင်ရွက်ကြောင်း သိရသည်။

မိုင်းယောင်းမြို့သို့ ပြေးဆွဲနေသည့် ရွှေမိုင်းယောင်းယာဉ်လိုင်းအား ယာဉ်မတော်တဆမှုများ လျော့နည်း ပပျောက်ရေးအတွက် စစ်ဆေးရာတွင် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် ဦးဆောင်ကာ မထသ အတွင်​း​ရေးမှူး ဦးဝင်​းနိုင်​ဦး၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်) မှ ဒု-တပ်​ကြပ်​ ဦး​အောင်​နိုင်​ဦးတို့ပါဝင်ပြီး လိုအပ်သည့် စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ဖြည့်စွက်မှာကြားမှုများပြုလုပ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးသည့် အခါတွင် အဓိကအားဖြင့် လုပ်ငန်းလိုင်စင်စည်းကမ်းနှင့် ညီ/မညီ၊ ယာဉ်မောင်း၊ ယာဉ်အကူ နှင့် ယာဉ်လုပ်သားများ အရက်သေစာ သောက်စားထားခြင်းရှိ/မရှိ၊မီးသတ်ဆေးဘူး၊ အရေးပေါ်မှန်ခွဲ ပုဆိန် နှင့် အရေးပေါ်ထွက်ပေါက်ပါ/ မပါ၊ ယာဉ်အကူ ပါ/မပါ၊ ယာဉ်မောင်းချိန် (၈)နာရီထက်ကျော်လွန်သော ခရီးစဉ်တွင် ယာဉ်မောင်း (၂)ဦး ပါ/ မပါ၊ ရောင်ပြန်ပြားပါ/မပါ၊ ကားတာယာကောင်း/မကောင်း၊ ထိုင်ခုံခါးပတ် ပြည့်စုံမှုရှိ/မရှိ၊ယာဉ်မောင်းနှင့် ခရီးသည်များ ထိုင်ခုံခါးပတ် ပတ်ဆင်ထားခြင်းရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~