ရှမ်းပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများ၏ အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲ သုံးရက်တာကျင်းပမည်
ရှမ်းပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများ၏ အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲ သုံးရက်တာကျင်းပမည်
ဇနျနဝါရီ 24, 2017
By Tachileik News Agency
အဆိုပါ အစည်းအဝေးတွင် အရပ်ဖက် အဖွဲ့အစည်းများ၏ အမျိုးသမီးကိုယ်စားလှယ် (၂၁)ဦးနှင့် အမျိုးသားကိုယ်စားလှယ် (၂၂) ဦးတက်ရောက် ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့အစည်း (၂၄၀)ကျော်မှ ကိုယ်စားပြုသူများ တက်ရောက် ဆွေးနွေးနေကြခြင်းဖြစ်ပြီး ဖက်ဒရယ်နှင့် စီးပွားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍသုံးခုကို အရပ်ဖက်အဖွဲ့အစည်းများမှ မူဝါဒရေးဆွဲ နိုင်ရေး အတွက် လုပ်ဆောင်သွားကြရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့များအနေဖြင့် ဒေသတွင်းနေထိုင်သည့် လူမျိုးပေါင်းစုံအတွက် ဒေသအလိုက်သင့်တော်မည့်မူဝါဒများရေးဆွဲရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ မမိုင်းမိုင်ထံမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် CSO(အရပ်ဖက်အဖွဲ့များ)ဖြစ်မြောက်ရေးကော်မတီမှ ငွေကြေးပံ့ပိုး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပမည်ဖြစ်ရာ အဆိုပါအစည်းအဝေးအတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဒေသအသီးသီးတွင် လူမျိုးများအလိုက် ကျင်းပနေကြခြင်းနှင့်အတူ အကြောင်းအရာ အလိုက်အမျိုးသားအဆင့် နိုင်ငံရေးအကြိုတွေ့ဆုံဆွေးနွေးပွဲများကိုလည်း ကျင်းပနေခြင်းဖြစ်သည်။
သတင်း - အင်မိုင်ခ
~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဆွေးနွေးရန်အတွက် ရှမ်းပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ၏ အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဇန်နဝါရီလ (၂၃) ရက်က စတင်ကာ သုံးရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် အရပ်ဖက် အဖွဲ့အစည်းများ၏ အမျိုးသမီးကိုယ်စားလှယ် (၂၁)ဦးနှင့် အမျိုးသားကိုယ်စားလှယ် (၂၂) ဦးတက်ရောက် ဆွေးနွေးနကြခြေင်းဖြစ်ကြောင်း သိရသည်။
“ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းက အားလုံး ရှမ်းပြည်နယ်တစ်ခုလုံး ကိုယ်စားပြု ဆွေးနွေးနကြေတာပါ။ တစ်နိုင်ငံလုံးအဆင့် အကြောင်းအရာအလိုက် ဆွေးနွေးရာမှာ ကျွန်တော်တို့ ရှမ်းပြည်နယ် အနေနဲ့ ဘာတွေ ဆွေးနွေးသွားမလဲဆိုတာ တင်ပြဖို့ ဆွေးနွေးမယ်။ နောက်တစ်ခုက ရှမ်းပြည်နယ်အတွင်းက လူမှုအဖွဲ့အစည်းများ ပါဝင်တဲ့ ပထမဆုံးသော အစညး်အဝေးလုပ်တယ်။ ဒီထဲမှာ လူမှုအဖွဲ့အစည်းအများကြီး ပါဝင်လာမယ့်နည်းလမ်းကိုပါ ကျွန်တော်တို့ ရှာဖွကြေမှာပါ”ဟု အမျိုးသား အဆင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပထမဆုံးအကြိမ်ဖိုရမ် ဖြစ်မြောက်ရေးကော်မတီဝင် ကိုစိုင်းဦးက တာချီလိတ်သတင်းအေဂျင်စီကို ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့အစည်း (၂၄၀)ကျော်မှ ကိုယ်စားပြုသူများ တက်ရောက် ဆွေးနွေးနကြခြေင်းဖြစ်ပြီး ဖက်ဒရယ်နှင့် စီးပွားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍသုံးခုကို အရပ်ဖက်အဖွဲ့အစည်းများမှ မူဝါဒရေးဆွဲ နိုင်ရေး အတွက် လုပ်ဆောင်သွားကြရန် ပြင်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ တိုင်းပြည်က လာမယ့်အနာဂတ်မှာ ဘယ်လိုမူဝါဒနဲ့ ကိုက်ညီမလဲဆိုတာ ကဏ္ဍအလိုက် ရပိုင်ခွင့်တွေ၊ လိုအပ်ချက်တွေ၊ ကျွန်တော်တို့မှာ လက်ရှိရှိနေတဲ့ အရှိတရားတွေကို ဘယ်လို ရေးဆွဲကြမလဲ ဆိုတာ ကွင်းဆင်းပြီး ခြောက်လတစ်ကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြဆွေးနွေးသွားမှာပါ”ဟု ကိုစိုင်းဦးက ဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့များအနဖြေင့် ဒေသတွင်းနေထိုင်သည့် လူမျိုးပေါင်းစုံအတွက် ဒေသအလိုက်သင့်တော်မည့်မူဝါဒများရေးဆွဲရေးအတွက် လုပ်ဆောင်နခြေင်း ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ မမိုင်းမိုင်ထံမှ သိရသည်။
“ကျွန်မတို့ အရပ်ဖက်အဖွဲ့တွေရဲ့အခန်းကဏ္ဍက ဒေသအလိုက်အပေါ်၊ နိုင်ငံရေး ဆွေးနွေးပွဲအပေါ်ဆွေးနွေးကြရာမှာ အထူးသဖြင့် ကျွန်မတို့ရှမ်းပြည်နယ်မှာ ဌာနတိုင်းရင်းသား လူနည်းစုတွေလည်းရှိတယ်။ ဒီလူတွေအတွက်ပါ မကျန်ရစ်အောင် အရပ်ဖက်အဖွဲ့တွေကနေ မားမားမတ်မတ်ရပ်တည် လုပ်ဆောင်ဆွေးနွေးကြဖို့ပါ”ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် မမိုင်းမိုင်က ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် CSO(အရပ်ဖက်အဖွဲ့များ)ဖြစ်မြောက်ရေးကော်မတီမှ ငွေကြေးပံ့ပိုး လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပမည်ဖြစ်ရာ အဆိုပါအစည်းအဝေးအတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဒေသအသီးသီးတွင် လူမျိုးများအလိုက် ကျင်းပနကြခြေင်းနှင့်အတူ အကြောင်းအရာ အလိုက်အမျိုးသားအဆင့် နိုင်ငံရေးအကြိုတွေ့ဆုံဆွေးနွေးပွဲများကိုလည်း ကျင်းပနခြေင်းဖြစ်သည်။
သတင်း - အင်မိုင်ခ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~