၂၀၁၇ - ၂၀၁၈ ခုႏွစ္ ဘ႑ာေရး ႏွစ္အတြက္ စည္ပင္ပိုင္ အရပ္ရပ္ အခြင့္အေရးလိုင္စင္မ်ား ပထမအႀကိမ္ ေစ်းၿပိဳင္စနစ္ ေလလံေရာင္းခ်ရန္အတြက္ ေလွ်ာက္လႊာမ်ား ေခၚယူ

၂၀၁၇ - ၂၀၁၈ ခုႏွစ္ ဘ႑ာေရး ႏွစ္အတြက္ စည္ပင္ပိုင္ အရပ္ရပ္ အခြင့္အေရးလိုင္စင္မ်ား ပထမအႀကိမ္ ေစ်းၿပိဳင္စနစ္ ေလလံေရာင္းခ်ရန္အတြက္ ေလွ်ာက္လႊာမ်ား ေခၚယူ
ဇန်နဝါရီ 24, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီပိုင္ အရပ္ရပ္ အခြင့္အေရးလိုင္စင္မ်ားအား ၂၀၁၇ - ၂၀၁၈ ခုႏွစ္ ဘ႑ာေရး ႏွစ္အတြက္ ပထမအႀကိမ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔တြင္ ျပဳလုပ္မွာ ျဖစ္သည့္အတြက္ ေလလံေလွ်ာက္လႊာမ်ားကို ဇန္န၀ါရီလ(၃၁)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။

ပထမအႀကိမ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌ နံနက္(၉)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္မွာ ျဖစ္သည့္အတြက္ ေလလံ ေလွ်ာက္လႊာ မ်ားကို ဇန္န၀ါရီလ(၃၁)ရက္ေန႔  ေန႔လယ္(၁၂)နာရီ တိတိတြင္ ေနာက္ဆံုး သတ္မွတ္ ထားေၾကာင္း ႏွင့္ ေလလံေလွ်ာက္လႊာမ်ားႏွင့္ ပတ္သက္၍  တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနရံုး ( 084-51974 ၊ 08451035 )သို႔ ရံုးဖြင့္ခ်ိန္မ်ားတြင္ လာေရာက္၍ စံုစမ္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီပိုင္ အရပ္ရပ္ အခြင့္အေရးလိုင္စင္မ်ားတြင္ ၂၀၁၇ - ၂၀၁၈ ခုႏွစ္အတြက္ သက္တမ္းတိုး စနစ္ျဖင့္ ေရာင္းခ်မည့္ လိုင္စင္မ်ားတြင္ အေပါင္ဆိုင္လုပ္ငန္း (၁၅)ခု ႏွင့္ ဘီးေကာက္လုပ္ငန္းမ်ား၊ ေစ်းေကာက္လုပ္ငန္းမ်ား ပါ၀င္မွာ ျဖစ္ၿပီး ျမန္မာ - ထိုင္း အမွတ္(၁ ၊ ၂ ) ခ်စ္ၾကည္ေရးတံတား ေပၚ ဘီးေကာက္လုပ္ငန္းလည္း ပါ၀င္မွာ ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ် အခွင့်အရေးလိုင်စင်များအား ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာရေး နှစ်အတွက် ပထမအကြိမ် ဈေးပြိုင်စနစ်လေလံရောင်းချမှုကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်သည့်အတွက် လေလံလျှောက်လွှာများကို ဇန်နဝါရီလ(၃၁)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ပထမအကြိမ် ဈေးပြိုင်စနစ်လေလံရောင်းချမှုကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် လေလံ လျှောက်လွှာ များကို ဇန်နဝါရီလ(၃၁)ရက်နေ့ နေ့လယ်(၁၂)နာရီ တိတိတွင် နောက်ဆုံး သတ်မှတ် ထားကြောင်း နှင့် လေလံလျှောက်လွှာများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံး ( 084-51974၊ 08451035 )သို့ ရုံးဖွင့်ချိန်များတွင် လာရောက်၍ စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ် အခွင့်အရေးလိုင်စင်များတွင် ၂၀၁၇ - ၂၀၁၈ ခုနှစ်အတွက် သက်တမ်းတိုး စနစ်ဖြင့် ရောင်းချမည့် လိုင်စင်များတွင် အပေါင်ဆိုင်လုပ်ငန်း (၁၅)ခု နှင့် ဘီးကောက်လုပ်ငန်းများ၊ ဈေးကောက်လုပ်ငန်းများ ပါဝင်မှာ ဖြစ်ပြီး မြန်မာ - ထိုင်း အမှတ်(၁၊ ၂ ) ချစ်ကြည်ရေးတံတား ပေါ် ဘီးကောက်လုပ်ငန်းလည်း ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~