ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသော တရားမ၀င် ရွှေ့ပြောင်းမြန်မာလုပ်သားများနှင့် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားအား တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာမှုများ ပြုလုပ်လျှက်ရှိရာ ဇန်န၀ါရီလ (၂၄)ရက်နေ့တွင် မြန်မာနိုင်ငံသား (၁၇)ဦးအား ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူများမှ လွှဲပြောင်းပေးလာကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွဲပြောင်းပေးလာရာတွင် အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး(၅)ဦး စုစုပေါင်း (၁၇)ဦးပါဝင်ပြီး အဆိုပါ (၁၇)ဦးတွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီး လွတ်ငြိမ်းချမ်းသာဖြင့် လွှတ်မြောက်လာသူ (၂)ဦး ပါဝင်ကြောင်း သိရသည်။
"အခု လွှဲလာတဲ့ထဲမှ (၂)ဦးက မူးယစ်မှုနဲ့ ထောင်ကျထားတဲ့သူ ပါတယ်။ ကျန်တာတဲ့သူတွေကတော့ နယ်စပ်ဖြတ်ကျော်တို့၊ တရားမဝင်သွားရောက်တာတို့ ဖြစ်ပါတယ်"ဟု မြန်မာဘက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုသို့ လွှဲပြောင်းလာရာတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိမရှိကို မြန်မာဘက် တာဝန်ရှိသူများက စိစစ်ပြီးမှ လက်ခံခဲ့ကြောင်း သိရသည်။