ထိုင္းႏိုင္ငံ က်င္းဆန္ၿမိဳ႕ရွိ ႏိုင္ငံတကာ အသက္ေမြး၀မ္းေက်ာင္း ပညာရပ္ဆိုင္ရာ သင္တန္းေက်ာင္းတြင္ ဖြင့္လွစ္သင္ၾကားေပးမည့္ စီးပြားျဖစ္ေကာ္ဖီေဖ်ာ္နည္းသင္တန္း ႏွင့္ ေပါင္မုန္႔ဖုတ္နည္း သင္တန္းကို သင္တန္းကာလအတြင္း စရိတ္ၿငိမ္းျဖင့္ သင္တန္း(၂)မ်ဳိးအတြက္ တာခ်ီလိတ္မွ ေလွ်ာက္ထား လာသူမ်ားအနက္ စိစစ္ေရြးခ်ယ္ၿပီး လူဦးေရ (၆၀)ဦး၏ အမည္စာရင္းမ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္ စပ္ကုန္သည္ႀကီးမ်ားအသင္းမွ ထုတ္ျပန္ေၾကညာထားရွိရာ အမည္စာရင္းတြင္ ပါ၀င္သူမ်ားအား ဇန္န၀ါရီလ(၂၈)ရက္ေန႔တြင္ လူေတြ႕စစ္ေဆးမႈ ျပဳလုပ္ရမွာ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္း(၂)မ်ဳိးအတြက္ လာေရာက္ေလွ်ာက္ထားသူမ်ားတြင္ ဖုန္းျဖင့္ ဆက္သြယ္ ေမးျမန္းစုံစမ္းသူ မ်ားျပားေၾကာင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းသို႔ လူကိုယ္တိုင္ လာေရာက္၍ ေလွ်ာက္ထားၾကသူမွာ စုစုေပါင္း (၆၇)ဦး ရွိရာ ထိုင္းဘက္မွ သင္တန္း (၂)မ်ဳိးအတြက္ တစ္မ်ဳိးလွ်င္ လူဦးေရ (၃၀)စီသာ ခြင့္ျပဳထားသည့္အတြက္ လူဦးေရကို စိစစ္ေရြးခ်ယ္လိုက္ရျခင္း ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းမွ တာ၀န္ရွိသူထံက သိရသည္။
တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းမွ ထုတ္ျပန္ေၾကျငာထားရွိေသာ စီးပြားျဖစ္ေကာ္ဖီေဖ်ာ္နည္းသင္တန္း ႏွင့္ ေပါင္မုန္႔ဖုတ္နည္းသင္တန္းတက္ေရာက္ခြင့္ရရွိသည့္ လူဦးေရ(၆၀)ဦး အေနျဖင့္ သင္တန္းတက္ေရာက္ႏိုင္ရန္အတြက္ အမည္စာရင္းမ်ားတြင္ ပါရွိသူမ်ားသည္ ၂၈.၁.၂၀၁၇၊ စေနေန႔ နံနက္(၉)နာရီခြဲအခ်ိန္၌ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုးရွိ အစည္းအေ၀းခန္းမတြင္ လူေတြ႕ စစ္ေဆးရန္အတြက္ မျဖစ္မေန လာေရာက္ရမွာ ျဖစ္ေၾကာင္း သိရသည္။
သင္တန္းအား ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၆)ရက္ေန႔မွ (၁၀)ရက္ေန႔အထိ (၅)ရက္ၾကာ ပို႔ခ်မွာ ျဖစ္ၿပီး ထိုင္းႏိုင္ငံအလုပ္သမား၀န္ႀကီးဌာန၊ မဲေခါင္ျမစ္၀ွမ္းေဒသရွိ အလုပ္သမားမ်ား ဖြံ႔ၿဖဳိးတိုးတက္ေစရန္ ႏွင့္ ျမန္မာအလုပ္သမားမ်ားအတြက္ ထိုင္းႏိုင္ငံရွိ NSEC, EWWC ႏွင့္ SEC အဖြဲ႔အစည္းမ်ားမွ ပူးေပါင္းကာ အစိုးရအဖြဲ႔အစည္းမ်ားမွ ၀န္ထမ္းမ်ား၊ အရပ္ဖက္အဖြဲ႔အစည္းမ်ား၊ စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား၊ မန္ေနဂ်ာမ်ား၊ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတည္ေထာင္လိုသူမ်ားကို ရည္ရြယ္ၿပီး ဖြင့္လွစ္လိုက္သည့္ သင္တန္းျဖစ္ေၾကာင္း သိရသည္။
ထိုင်းနိုင်ငံ ကျင်းဆန်မြို့ရှိ နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးမည့် စီးပွားဖြစ်ကော်ဖီဖျော်နည်းသင်တန်း နှင့် ပေါင်မုန့်ဖုတ်နည်း သင်တန်းကို သင်တန်းကာလအတွင်း စရိတ်ငြိမ်းဖြင့် သင်တန်း(၂)မျိုးအတွက် တာချီလိတ်မှ လျှောက်ထား လာသူများအနက် စိစစ်ရွေးချယ်ပြီး လူဦးရေ (၆၀)ဦး၏ အမည်စာရင်းများကို တာချီလိတ်မြို့နယ် စပ်ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်ကြေညာထားရှိရာ အမည်စာရင်းတွင် ပါဝင်သူများအား ဇန်နဝါရီလ(၂၈)ရက်နေ့တွင် လူတွေ့စစ်ဆေးမှု ပြုလုပ်ရမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်း(၂)မျိုးအတွက် လာရောက်လျှောက်ထားသူများတွင် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းစုံစမ်းသူ များပြားကြောင်း နှင့် တာချီလိတ်မြို့နယ်စပ်ကုန်သည်ကြီးများအသင်းသို့ လူကိုယ်တိုင် လာရောက်၍ လျှောက်ထားကြသူမှာ စုစုပေါင်း (၆၇)ဦး ရှိရာ ထိုင်းဘက်မှ သင်တန်း (၂)မျိုးအတွက် တစ်မျိုးလျှင် လူဦးရေ (၃၀)စီသာ ခွင့်ပြုထားသည့်အတွက် လူဦးရေကို စိစစ်ရွေးချယ်လိုက်ရခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စပ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူထံက သိရသည်။
တာချီလိတ်မြို့နယ်စပ်ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်ကြငြောထားရှိသော စီးပွားဖြစ်ကော်ဖီဖျော်နည်းသင်တန်း နှင့် ပေါင်မုန့်ဖုတ်နည်းသင်တန်းတက်ရောက်ခွင့်ရရှိသည့် လူဦးရေ(၆၀)ဦး အနဖြေင့် သင်တန်းတက်ရောက်နိုင်ရန်အတွက် အမည်စာရင်းများတွင် ပါရှိသူများသည် ၂၈.၁.၂၀၁၇၊ စနေနေ့ နံနက်(၉)နာရီခွဲအချိန်၌ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် လူတွေ့ စစ်ဆေးရန်အတွက် မဖြစ်မနေ လာရောက်ရမှာ ဖြစ်ကြောင်း သိရသည်။
သင်တန်းအား ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၅)ရက်ကြာ ပို့ချမှာ ဖြစ်ပြီး ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ မဲခေါင်မြစ်ဝှမ်းဒေသရှိ အလုပ်သမားများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် မြန်မာအလုပ်သမားများအတွက် ထိုင်းနိုင်ငံရှိှဃြယင်္ ငြံ်္ဃ နှင့်ှဃြ အဖွဲ့အစည်းများမှ ပူးပေါင်းကာ အစိုးရအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်လိုသူများကို ရည်ရွယ်ပြီး ဖွင့်လှစ်လိုက်သည့် သင်တန်းဖြစ်ကြောင်း သိရသည်။