ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်တွင် တံတားဆောက်နေသည့်လမ်းပေါ် ဆိုင်ကယ်ဖြတ်သန်းနိုင်ပြီ
ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်တွင် တံတားဆောက်နေသည့်လမ်းပေါ် ဆိုင်ကယ်ဖြတ်သန်းနိုင်ပြီ
ဇနျနဝါရီ 29, 2017
By Tachileik News Agency
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်ရှိ ကြံ့ခိုင်ရေးကားဝန်းအနီး နှစ်စဉ် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် လမ်းကူးတံတားအား မြို့နယ်စည်ပင်သာယာရေးဌာနက ကျပ်သိန်း ၁၀၀ ကျော်ကုန်ကျမည့် တံတားသစ် အစားထိုးမှုကို ဖေဖေါ်ဝါရီ တတိယပတ်အတွင်း အပြီးသတ် ဆောက်လုပ်နေခြင်းဖြစ်သည်။
ကျောက်မဲ - မိုင်းငေါ့ သွားသည့်လမ်းပေါ်ရှိ အဆိုပါတံတားအနီးတွင် ခရီးသည်တင်ကားများရပ်နားရာ ကားဝန်း တစ်ခုနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့ တည်ရှိသည့်အတွက် နှစ်စဉ်မိုးရာသီတိုင်း ရေကြီးရေလျှံမှုဖြစ်ပွားချိန်တွင် သွားလာရခက်ခဲခြင်းများဖြစ်ပေါ်တတ်ခြင်းကြောင့် ပြန်လည်တည်ဆောက် ရခြင်းဖြစ်ကြောင်း သိရသည်။
ကွန်ကရစ်တံတားအတွက် ကုန်ကျစရိတ်ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အကုန်ကျခံ ပြုလုပ်နေခြင်းဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ စက်ယန္တယားအကူအညီပေးထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ ရပ်ကွက် (၈)တွင် တံတားတည်ဆောက်နေစဉ်အတွင်း ယာဉ်များဖြတ်သန်းသွားလာမှုကို ခေတ္တပိတ်ဆို့ထားသည့် လမ်းအား ဇန်နဝါရီ ၂၉ ရက်နေ့မှစ၍ ဆိုင်ကယ်များဖြတ်သန်းသွားလာ၍ ရစေရန်လည်း စီစဉ်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်ရှိ ကြံ့ခိုင်ရေးကားဝန်းအနီး နှစ်စဉ် ရကြေီးရေလျှံမှု ဖြစ်ပွားနေသည့် လမ်းကူးတံတားအား မြို့နယ်စည်ပင်သာယာရေးဌာနက ကျပ်သိန်း ၁၀၀ ကျော်ကုန်ကျမည့် တံတားသစ် အစားထိုးမှုကို ဖေဖော်ဝါရီ တတိယပတ်အတွင်း အပြီးသတ် ဆောက်လုပ်နခြေင်းဖြစ်သည်။
“ဇန်နဝါရီ ၁၂ ရက်နေ့က စတင်တည်ဆောက်တာပါ။ အရင်တံတားဟောင်းကိုဖျက်ပြီး အသစ် တည်ဆောက်တာ ဖေဖော်ဝါရီလ တတိယပတ်လောက် အထက်တန်း စာမေးပွဲတွေ မဖြေခင်ဆိုရင် ပုံမှန်အတိုင်း ဖြတ်သန်း သွားလာနိုင်အောင် အပြီးတည်ဆောက်ပေး သွားမှာပါ” ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးဝင်းဆွေက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အသစ်တည်ဆောက်နေသည့် တံတားနှင့် ဆက်စပ်လမ်းပိုင်းကိုလည်း လက်ရှိအနေအထားမှ တစ်ပေကျော်ခန့် မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
“အရင် တံတားဟောင်းက နိမ့်လည်း နိမ့်တယ်။ တိုလည်းတိုတယ်လေ။ ဒါကြောင့် ချောင်းထဲမှာ အမှိုက်တွေပိတ်ပြီး နှစ်စဉ်မိုးရာသီတိုင်းရကြေီးရေလျှံတယ်။ ခုအသစ်ဆောက်နေတဲ့တံတားက အရင်တံတားထက်ကြီးတယ်။ မြင့်လည်း မြင့်တယ်။ ဒီနှစ်တော့ရကြေီးတာမဖြစ်လောက်တော့ဘူး “ဟု တံတားအနီးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ကျောက်မဲ - မိုင်းငေါ့ သွားသည့်လမ်းပေါ်ရှိ အဆိုပါတံတားအနီးတွင် ခရီးသည်တင်ကားများရပ်နားရာ ကားဝန်း တစ်ခုနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့ တည်ရှိသည့်အတွက် နှစ်စဉ်မိုးရာသီတိုင်း ရကြေီးရေလျှံမှုဖြစ်ပွားချိန်တွင် သွားလာရခက်ခဲခြင်းများဖြစ်ပေါ်တတ်ခြင်းကြောင့် ပြန်လည်တည်ဆောက် ရခြင်းဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်ခြင်းနှင့်အတူ ရေချောင်းအတွင်း အမှိုက်ပိတ်ဆို့ခြင်းမရှိရန် စက်ယန္တယားများ အသုံးပြု၍ မြောင်းချဲ့ထွင်ခြင်းများပြုလုပ်ကာ ရေစီးရေလာ ကောင်းမွန်စေရန်အတွက်လည်း လုပ်ဆောင်ပေးထားကြောင်း သိရသည်။
ကွန်ကရစ်တံတားအတွက် ကုန်ကျစရိတ်ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အကုန်ကျခံ ပြုလုပ်နခြေင်းဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ စက်ယန္တယားအကူအညီပေးထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~