လားရိႈးၿမိဳ႕တြင္ ပရဟိတအသင္း ၃၈ သင္း စုေပါင္း၍ ပထမဆံုးအႀကိမ္ အကၽြတ္အလြတ္ဒါနျပဳအမွ်ေဝပြဲ က်င္းပျပဳလုပ္မည္

လားရိႈးၿမိဳ႕တြင္ ပရဟိတအသင္း ၃၈ သင္း စုေပါင္း၍ ပထမဆံုးအႀကိမ္ အကၽြတ္အလြတ္ဒါနျပဳအမွ်ေဝပြဲ က်င္းပျပဳလုပ္မည္
ဖေဖော်ဝါရီ 3, 2017
By Tachileik News Agency

ရွမ္ျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕ရွိ လူမႈကူညီေရးပရဟိတအသင္း (၃၈)သင္းစုေပါင္း၍ အကြ်တ္အလြတ္ဒါနျပဳ အမွ်ေဝပြဲအား ပထမဦးဆံုး အႀကိမ္အျဖစ္ ေဖေဖၚဝါရီလ (၃)ရက္ႏွင့္ (၄)ရက္တို႔တြင္ ဘာသာေပါင္း၌ စံုၾကာကန္သုႆန္တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ၾကာကန္သုသာန္၌ ေဖေဖၚဝါရီလ(၃) ရက္ေန႔ ည ၇ နာရီတြင္ အကၽြတ္အလြတ္ပဲြ ျပဳလုပ္ရသည့္ ရည္ရြယ္ခ်က္အား ရွင္းလင္းၿပီး တရားပြဲ စတင္က်င္းပမည္ျဖစ္ကာ ည ၁၁ နာရီတြင္ မကြ်တ္မလြတ္ေသးသည့္ ေဆြေဟာင္းမ်ိဳးေဟာင္းတို႔အား ေကၽြးေမြးဧည့္ခံျခင္း အခမ္းအနား ျပဳလုပ္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

“တျခားၿမိဳ႕ေတြ ေတာ္ေတာ္မ်ားမ်ားမွာ ဒါမ်ိဳးပြဲေတြလုပ္ၾကေတာ့ ကြ်န္ေတာ္တို႔ လားရိႈးမွာ တစ္ခါမွ မလုပ္ဖူးေသးတာနဲ႔ မႏၱေလးက ပရဟိတမင္းေခါင္အဖြဲ႔ရဲ့ ညႊန္ၾကားခ်က္ေတြနဲ႔အတူ လားရိႈးၿမိဳ႕မွာရွိတဲ့ ပရဟိတအသင္း ၃၈ သင္းက အဖြဲ႔ေတြ ပူးေပါင္းၿပီး လုပ္ေဆာင္ျဖစ္ခဲ့တာပါ”ဟု လားရိႈးၿမိဳ႕ရွိ (လားရႈိး)ေသြးႏွင့္လူမႈကူညီေရးအသင္းမွ အသင္းဥကၠဌ ကိုဆန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

အကၽြတ္အလြတ္ပြဲ က်င္းပျပဳလုပ္ႏိုင္ရန္အတြက္ ပရဟိတအသင္းေပါင္းစံုျဖင့္ အစည္းအေဝး တစ္ရပ္ျပဳလုပ္ၿပီး ပြဲက်င္းပမည့္ ၾကာကန္သုသာန္အား တစ္ပတ္လွ်င္ တစ္ႀကိမ္ခန္႔ အသင္းေပါင္းစံုအဖြဲ႔ဝင္မ်ားႏွင့္ ေလးပတ္ တိုင္တိုင္ သန္႔ရွင္းေရး ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“သူမ်ားၿမိဳ႕ေတြမွာ အကြ်တ္အလြတ္ပြဲေတြလုပ္တာေတာ့ ၾကားဖူးတယ္။ လားရိႈးမွာေတာ့ ဒါပထမဆံုး ႀကံဳဖူးတာပဲ။ အဲဒီလုိပြဲလုပ္ေပးတာ ေကာင္းပါတယ္။ တစ္ခ်ိဳ႕အစြဲအလမ္းႀကီးသူေတြအတြက္ အမ်ိဳးအေဆြေတြ ကြ်တ္လြတ္တယ္လို႔ယူဆၾကတယ္”ဟု လားရိႈးၿမိဳ႕ ညေနေစ်းတြင္ အဝတ္အထည္ေရာင္းခ်သူ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အဆိုပါ အကၽြတ္အလြတ္ပြဲတြင္ ၿမိဳ႕သူၿမိဳ႕သားမ်ားအားလံုး ဒါနျပဳပါဝင္ႏိုင္ရန္အတြက္ လွဴဒါန္းမႈမ်ားအား လက္ခံ ႏိုင္ရန္လည္း ရပ္ကြက္မ်ားအႏွံ႔တြင္ ပရဟိတအသင္းဝင္မ်ားမွ ျဖန္႔က်က္ လုပ္ေဆာင္ေပးထားေၾကာင္း သိရသည္။

ေဖေဖၚဝါရီလ (၃) ရက္ေန႔ည (၁၁)နာရီတြင္ အကြ်တ္အလြတ္ ေကၽြးေမြးပြဲျပဳလုပ္ေပးမည္ျဖစ္ၿပီး ေဖေဖၚဝါရီလ (၄)ရက္ေန႔ နံနက္ (၈)နာရီတြင္ သံဃာေတာ္မ်ားအား ပစၥည္းေလးပါးဆက္ကပ္လွဴဒါန္းၿပီး အမွ်အတန္းေပးေဝမည္ျဖစ္ ေၾကာင္းသိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်ပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ လူမှုကူညီရေးပရဟိတအသင်း (၃၈)သင်းစုပေါင်း၍ အကျွတ်အလွတ်ဒါနပြု အမျှဝေပွဲအား ပထမဦးဆုံး အကြိမ်အဖြစ် ဖေဖော်ဝါရီလ (၃)ရက်နှင့် (၄)ရက်တို့တွင် ဘာသာပေါင်း၌ စုံကြာကန်သုဿန်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကြာကန်သုသာန်၌ ဖေဖော်ဝါရီလ(၃) ရက်နေ့ ည ၇ နာရီတွင် အကျွတ်အလွတ်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြီး တရားပွဲ စတင်ကျင်းပမည်ဖြစ်ကာ ည ၁၁ နာရီတွင် မကျွတ်မလွတ်သေးသည့် ဆွေဟောင်းမျိုးဟောင်းတို့အား ကျွေးမွေးဧည့်ခံခြင်း အခမ်းအနား ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

“တခြားမြို့တွေ တော်တော်များများမှာ ဒါမျိုးပွဲတွေလုပ်ကြတော့ ကျွန်တော်တို့ လားရှိုးမှာ တစ်ခါမှ မလုပ်ဖူးသေးတာနဲ့ မန္တလေးက ပရဟိတမင်းခေါင်အဖွဲ့ရဲ့ ညွှန်ကြားချက်တွေနဲ့အတူ လားရှိုးမြို့မှာရှိတဲ့ ပရဟိတအသင်း ၃၈ သင်းက အဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်ဖြစ်ခဲ့တာပါ”ဟု လားရှိုးမြို့ရှိ (လားရှိုး)သွေးနှင့်လူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ကိုဆန်းဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

အကျွတ်အလွတ်ပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် ပရဟိတအသင်းပေါင်းစုံဖြင့် အစည်းအဝေး တစ်ရပ်ပြုလုပ်ပြီး ပွဲကျင်းပမည့် ကြာကန်သုသာန်အား တစ်ပတ်လျှင် တစ်ကြိမ်ခန့် အသင်းပေါင်းစုံအဖွဲ့ဝင်များနှင့် လေးပတ် တိုင်တိုင် သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

“သူများမြို့တွေမှာ အကျွတ်အလွတ်ပွဲတွေလုပ်တာတော့ ကြားဖူးတယ်။ လားရှိုးမှာတော့ ဒါပထမဆုံး ကြုံဖူးတာပဲ။ အဲဒီလိုပွဲလုပ်ပေးတာ ကောင်းပါတယ်။ တစ်ချို့အစွဲအလမ်းကြီးသူတွေအတွက် အမျိုးအဆွေတွေ ကျွတ်လွတ်တယ်လို့ယူဆကြတယ်”ဟု လားရှိုးမြို့ ညနေဈေးတွင် အဝတ်အထည်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အကျွတ်အလွတ်ပွဲတွင် မြို့သူမြို့သားများအားလုံး ဒါနပြုပါဝင်နိုင်ရန်အတွက် လှူဒါန်းမှုများအား လက်ခံ နိုင်ရန်လည်း ရပ်ကွက်များအနှံ့တွင် ပရဟိတအသင်းဝင်များမှ ဖြန့်ကျက် လုပ်ဆောင်ပေးထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၃) ရက်နေ့ည (၁၁)နာရီတွင် အကျွတ်အလွတ် ကျွေးမွေးပွဲပြုလုပ်ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၈)နာရီတွင် သံဃာတော်များအား ပစ္စည်းလေးပါးဆက်ကပ်လှူဒါန်းပြီး အမျှအတန်းပေးဝေမည်ဖြစ် ကြောင်းသိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~