ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းအတွက် ယူနန်ပြည်နယ် စီးပွားကူးသန်းဝန်ကြီးဌာနမှ လာရောက်၍ အလှူငွေများကို ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းက လှူဒါန်းကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ခမ်းဦး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ခိုက်ကျေးရွာအနီးတွင် ဆောက်လုပ်မည့် အဆိုပါ အဆောက်အဦး အတွက် ယူနန်ပြည်နယ် စီးပွားကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက လာရောက်၍ တရုတ်ယွမ်ငွေ (၂)သိန်းတိတိအား လာရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
အဆောက်အဦးအတွက် ယူနန်ပြည်နယ် စီးပွားကူးသန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဟော်လျှန်ဟွေ အပါအဝင် (၁၁)ဦး လာရောက်ရာတွင် လားရှိုးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးဒေးဗစ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦးအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ကျပ်ငွေသိန်းတစ်ထောင် နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ စုပေါင်းပါဝင်လှူဒါန်းငွေ ကျပ်သိန်း (၅၀၀)အပါအဝင် စုစုပေါင်း ကျပ်ငွေ သိန်း(၁၅၀၀)ကိုလည်း ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့က မတည်လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ခမ်းဦး