ဒုတိယအႀကိမ္ ကယန္းအမ်ိဳးသားညီလာခံက ဆုံးျဖတ္ခ်က္ (၁၂)ခ်က္ခ်မွတ္

ဒုတိယအႀကိမ္ ကယန္းအမ်ိဳးသားညီလာခံက ဆုံးျဖတ္ခ်က္ (၁၂)ခ်က္ခ်မွတ္
ဖေဖော်ဝါရီ 4, 2017
By Tachileik News Agency

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕တြင္ ငါးရက္တာ က်င္းပခဲ့သည့္ ဒုတိယအႀကိမ္ ကယန္းအမ်ိဳးသားညီလာခံ ေနာက္ဆံုုးေန႔ျဖစ္သည့္ ေဖေဖာ္ဝါရီလ (၄) ရက္ေန႔၌ ကယန္းတစ္မ်ိဳးသားလံုး သေဘာတူညီခ်က္ျဖင့္ ဆံုးျဖတ္ခ်က္ (၁၂)ခ်က္ ခ်မွတ္လိုက္ေၾကာင္း သိရသည္။

အဆိုပါ ဆုံးျဖတ္ခ်က္ (၁၂)ခ်က္မွာ ကယန္းေဒသအားလုံးမွ မ်ိဳးႏြယ္စုမ်ားအားလုံး ပါဝင္ေဆြးေႏြးခဲ႔ေသာ ကိစၥရပ္မ်ားျဖစ္ၿပီး ကယန္းအမ်ိဳးသားမ်ား ျပန္လည္စုစည္းေရး၊ ႏိုင္ငံေရးႏွင့္ ကယန္းအမ်ိဳးသား ညီညႊတ္ေရး ေကာ္မတီမ်ား ဖြဲ႕စည္းေရး၊ ကယန္းတစ္မ်ိဳးသားလုံးအတြက္ ႏိုင္ငံေရး ရပ္တည္ခ်က္၊ ရည္မွန္းခ်က္မ်ား ပါဝင္ေၾကာင္း ညီလာခံျဖစ္ေျမာက္ေရး ေကာ္မတီဥကၠဌ ခြန္ဘီထူးထံမွ သိရသည္။

" ကယန္းလူမ်ဳိးေတြၾကား ကၽြန္ေတာ္တို႔ရဲ႕ ကြဲျပားမႈေတြ၊ မတူညီတဲ့ ႏိုင္ငံေရး ခံယူခ်က္ေတြကို စုစည္းႏိုင္ၿပီ။ ဒါကယားျပည္နယ္အတြက္လည္း အေရးႀကီးသလို ျမန္မာတစ္ႏိုင္ငံလုံးအတြက္လည္း အေရးႀကီးပါတယ္။ ျမန္မာႏိုင္ငံေရးမွာ ကၽြန္ေတာ္တို႕ကယန္း လူမ်ိဳးအတြက္ကို ေငြေၾကး အကုန္အက် ခံၿပီးေတာ့ ေသာ္လည္းေကာင္း တစ္စုံတရာအေျဖအတြက္ တိုင္ပင္ဖို႔ မလိုေတာ့ဘူး။ ကၽြန္ေတာ္တို႔မွာ ရွင္းလင္းတဲ့ ႏိုင္ငံေရး ခံယူခ်က္၊ ရွင္းလင္းတ့ဲ  ႏိုင္ငံေရးရည္မွန္းခ်က္၊ ရပ္တည္ခ်က္ေတြ ရွိေနၿပီ။ သင့္ေတာ္တဲ႔လူနဲ႔ သင့္ေတာ္တဲ့ အေျခအေနမွာ ကၽြန္ေတာ္တို႔ကို ေခၚေဆာင္သြားလို႔ ရၿပီ ။ ဒီညီလာခံကလည္း ကယန္းလူထုတစ္မ်ိဳးသားလုံးကို လႊမ္းျခံဳႏိုင္ၿပီ။ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ ႏိုင္ငံ့ေခါင္းေဆာင္ေတြ ၿငိမ္းခ်မ္းေရး လုပ္ေဆာင္ေနတဲ့သူေတြ အကုန္ေပါ့။ အသီးသီးကလည္း ေလ့လာသုံးသပ္လို႔ရသလို လိုအပ္တာေတြေဝငွဖို႕ အခ်က္အလက္ေတြ ေပးေဝဖို႕ အဆင္သင့္ပါပဲ လို႔ေျပာခ်င္ပါတယ္ "ဟု ညီလာခံျဖစ္ေျမာက္ေရး ေကာ္မတီဥကၠဌ ခြန္ဘီထူးက ေျပာသည္။

ဇန္နဝါရီလ (၃၁) ရက္ေန႔မွ ေဖေဖာ္ဝါရီလ (၄) ရက္ေန႔အထိ ငါးရက္တာက်င္းပခဲ့သည့္ ဒုတိယအႀကိမ္ ကယန္းအမ်ိဳးသားညီလာခံက်င္းပႏုိင္ေရးအတြက္ မ်ိဳးႏြယ္စုအလိုက္ အႀကိဳညီလာခံမ်ားကိုျပဳလုပ္ခဲ့ရၿပီး ညီလာခံႀကီးတြင္လည္း ကယန္း တစ္မ်ိဳးသားလုံး၏ မ်ိဳးႏြယ္စုကိုယ္စားလွယ္မ်ား၊ ေခါင္းေဆာင္မ်ား လူေပါင္းေျခာက္ရာေက်ာ္ ပါဝင္ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ညီလာခံသေဘာတူညီခ်က္မ်ားအား အမ်ိဳးသား ေခါင္းေဆာင္ႀကီးမ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ား ပါဝင္လက္မွတ္ေရးထိုးခဲ့ၿပီး မ်ိဳးႏြယ္စုဆိုင္ရာ ကိစၥရပ္မ်ား၊ အမ်ိဳးသားႏိုင္ငံေရး ကိစၥရပ္မ်ား၊ ကယန္း လူထုအတြင္းေရးကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးႏိုင္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် ငါးရက်တာ ကျင်းပခဲ့သည့် ဒုတိယအကြိမ် ကယန်းအမျိုးသားညီလာခံ နောက်ဆုံးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့၌ ကယန်းတစ်မျိုးသားလုံး သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက် (၁၂)ချက် ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက် (၁၂)ချက်မှာ ကယန်းဒေသအားလုံးမှ မျိုးနွယ်စုများအားလုံး ပါဝင်ဆွေးနွေးခဲ့သော ကိစ္စရပ်များဖြစ်ပြီး ကယန်းအမျိုးသားများ ပြန်လည်စုစည်းရေး၊ နိုင်ငံရေးနှင့် ကယန်းအမျိုးသား ညီညွှတ်ရေး ကော်မတီများ ဖွဲ့စည်းရေး၊ ကယန်းတစ်မျိုးသားလုံးအတွက် နိုင်ငံရေး ရပ်တည်ချက်၊ ရည်မှန်းချက်များ ပါဝင်ကြောင်း ညီလာခံဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ခွန်ဘီထူးထံမှ သိရသည်။

" ကယန်းလူမျိုးတွကြေား ကျွန်တော်တို့ရဲ့ ကွဲပြားမှုတွေ၊ မတူညီတဲ့ နိုင်ငံရေး ခံယူချက်တွေကို စုစည်းနိုင်ပြီ။ ဒါကယားပြည်နယ်အတွက်လည်း အရေးကြီးသလို မြန်မာတစ်နိုင်ငံလုံးအတွက်လည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံရေးမှာ ကျွန်တော်တို့ကယန်း လူမျိုးအတွက်ကို ငွေကြေး အကုန်အကျ ခံပြီးတော့ သော်လည်းကောင်း တစ်စုံတရာအဖြေအတွက် တိုင်ပင်ဖို့ မလိုတော့ဘူး။ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ နိုင်ငံရေး ခံယူချက်၊ ရှင်းလင်းတဲ့ နိုင်ငံရေးရည်မှန်းချက်၊ ရပ်တည်ချက်တွေ ရှိနပြေီ။ သင့်တော်တဲ့လူနဲ့ သင့်တော်တဲ့ အခြေအနေမှာ ကျွန်တော်တို့ကို ခေါ်ဆောင်သွားလို့ ရပြီ။ ဒီညီလာခံကလည်း ကယန်းလူထုတစ်မျိုးသားလုံးကို လွှမ်းခြုံနိုင်ပြီ။ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နိုင်ငံ့ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့သူတွေ အကုန်ပေါ့။ အသီးသီးကလည်း လေ့လာသုံးသပ်လို့ရသလို လိုအပ်တာတွေဝေငှဖို့ အချက်အလက်တွေ ပေးဝေဖို့ အဆင်သင့်ပါပဲ လို့ပြောချင်ပါတယ် "ဟု ညီလာခံဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ခွန်ဘီထူးက ပြောသည်။

ဇန်နဝါရီလ (၃၁) ရက်နေ့မှ ဖေဖော်ဝါရီလ (၄) ရက်နေ့အထိ ငါးရက်တာကျင်းပခဲ့သည့် ဒုတိယအကြိမ် ကယန်းအမျိုးသားညီလာခံကျင်းပနိုင်ရေးအတွက် မျိုးနွယ်စုအလိုက် အကြိုညီလာခံများကိုပြုလုပ်ခဲ့ရပြီး ညီလာခံကြီးတွင်လည်း ကယန်း တစ်မျိုးသားလုံး၏ မျိုးနွယ်စုကိုယ်စားလှယ်များ၊ ခေါင်းဆောင်များ လူပေါင်းခြောက်ရာကျော် ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညီလာခံသဘောတူညီချက်များအား အမျိုးသား ခေါင်းဆောင်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး မျိုးနွယ်စုဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသားနိုင်ငံရေး ကိစ္စရပ်များ၊ ကယန်း လူထုအတွင်းရေးကိစ္စရပ်များကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~