သီးႏွံမ်ားအား အီတလီႏုိင္ငံထုတ္အိတ္မ်ားျဖင့္ သံုးႏွစ္အထိ သိုေလွာင္နည္းစနစ္ကို လားရိႈးတြင္ မိတ္ဆက္

သီးႏွံမ်ားအား အီတလီႏုိင္ငံထုတ္အိတ္မ်ားျဖင့္ သံုးႏွစ္အထိ သိုေလွာင္နည္းစနစ္ကို လားရိႈးတြင္ မိတ္ဆက္
ဖေဖော်ဝါရီ 4, 2017
By Tachileik News Agency

ေကာက္ပဲသီးႏွံမ်ားအား သံုးႏွစ္ၾကာသည္အထိ မူလအရည္အေသြးက်ဆင္းျခင္းမရိွဘဲ အီတလီႏုိင္ငံ ထုတ္အိတ္မ်ားျဖင့္ ထိန္းသိမ္းနည္းစနစ္ကို ဂရုဏာကြန္ယက္က ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ေဖေဖၚဝါရီလ (၄)ရက္ေန႔က မိတ္ဆက္ ေဆြးေႏြးေၾကာင္း သိရသည္။

အဆိုပါနည္းစနစ္မွာ ဆြီဒင္ႏိုင္ငံထုတ္ Silo အိတ္မ်ားအား အသံုးျပဳကာ သိုေလွာင္သည့္စနစ္ျဖစ္ၿပီး လိုအပ္သည့္ စက္ကိရိယာကို အခမဲ့ကူညီေပးမည္ျဖစ္ေၾကာင္း သိရသည္။

“သူတို႔က ဒီေဒသရဲ့ကုန္ပစၥည္းေတြကို အရည္အေသြးမပ်က္ သိုေလွာင္ႏိုင္ေစဖို႔အတြက္ ကူညီဖို႔ အဓိကရည္ရြယ္ၿပီး လာေရာက္မိတ္ဆက္တာပါ။ ပထမဦးဆံုးအေနနဲ႔ Silo Bag ကုိအသံုးျပဳမယ္ဆိုရင္ စက္ကိရိယာအကူအညီကို အခမဲ့ေပးမွာပါ။ တန္ဖိုးအေနနဲ႔ကေတာ့ တစ္တန္ကို (၄.၅) ေဒၚလာေလာက္ ကုန္က်စရိတ္ပဲရွိမွာပါ။ တကယ္လို႔ သိုေလွာင္စနစ္ အဆင္ေျပတယ္ဆိုရင္ ဂရုဏာကြန္ယက္ကို ၁၀ ရာခိုင္ႏႈန္းေလာက္ပဲျပန္ၿပီး လွဴဒါန္းေစခ်င္တာပါ။ ဒါကလည္း အဲဒီလွဴဒါန္းမႈဟာ ကၽြန္ေတာ္တို႔ကြန္ယက္ရဲ့ လုပ္ေဆာင္ခ်က္ေတြ လွဴဒါန္းမႈေတြမွာ ျပန္ၿပီးအသံုးျပဳ ဖုိ႔ျဖစ္ပါတယ္”ဟု အဆိုပါပြဲျဖစ္ေျမာက္ေရး ပါဝင္ေဆာင္ရြက္သည့္ လူမႈကူညီေရးအသင္းတစ္ခုျဖစ္သည့္ ဂရုဏာကြန္ယက္မွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

အဆိုပါပြဲသို႔ လားရိႈးၿမိဳ႕နယ္မွ ေတာင္သူမ်ားႏွင့္ ကုန္သည္ဦးေရ (၃၀)ခန္႔တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

အရွည္ (၇၅ )မီတာခန္႔ ရိွသည့္ Silo အိတ္တစ္အိတ္လွ်င္ သီးႏွံတန္ခ်ိန္ (၂၀၀)မွ (၂၅၀) အထိ ထည့္သြင္းသိုေလွာင္ထားႏိုင္မည္ျဖစ္ၿပီး သိုေလွာင္သီးႏွံ၏ စိုထိုင္းဆေပၚမူတည္၍ တစ္ႏွစ္မွ သံုးႏွစ္အထိ သီးႏွံအရည္အေသြးမထိခိုက္ေစဘဲ သိုေလွာင္ႏုိင္သည့္ တစ္ခါသံုးအိတ္အမ်ိဳးအစားျဖစ္ေၾကာငး္ သိရသည္။

တန္ခ်ိန္(၂၀၀) ဆန္႔သည့္ Silo Bag တစ္ခုလွ်င္ က်ပ္ (၂၇၅၀,၀၀၀) ဝန္းက်င္ရိွၿပီး အသံုးျပဳၿပီးေသာ အိတ္မ်ားကို တဲအိမ္အမိုးမ်ား၊ ငါးေမြးကန္မ်ားတို႔အျဖစ္ ျပန္လည္အသံုးျပဳႏုိင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - Google ( ပံုမ်ားကို Google မွ ရွာေဖြ၍ ေဖာ္ျပထားပါသည္ )



~~~~~~~~⊰❂ unicode ~~~~~~~~

ကောက်ပဲသီးနှံများအား သုံးနှစ်ကြာသည်အထိ မူလအရည်အသွေးကျဆင်းခြင်းမရှိဘဲ အီတလီနိုင်ငံ ထုတ်အိတ်များဖြင့် ထိန်းသိမ်းနည်းစနစ်ကို ဂရုဏာကွန်ယက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဖေဖော်ဝါရီလ (၄)ရက်နေ့က မိတ်ဆက် ဆွေးနွေးကြောင်း သိရသည်။

အဆိုပါနည်းစနစ်မှာ ဆွီဒင်နိုင်ငံထုတ် Silo အိတ်များအား အသုံးပြုကာ သိုလှောင်သည့်စနစ်ဖြစ်ပြီး လိုအပ်သည့် စက်ကိရိယာကို အခမဲ့ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

“သူတို့က ဒီဒေသရဲ့ကုန်ပစ္စည်းတွေကို အရည်အသွေးမပျက် သိုလှောင်နိုင်စေဖို့အတွက် ကူညီဖို့ အဓိကရည်ရွယ်ပြီး လာရောက်မိတ်ဆက်တာပါ။ ပထမဦးဆုံးအနေနဲ့ Silo Bag ကိုအသုံးပြုမယ်ဆိုရင် စက်ကိရိယာအကူအညီကို အခမဲ့ပေးမှာပါ။ တန်ဖိုးအနေနဲ့ကတော့ တစ်တန်ကို (၄.၅) ဒေါ်လာလောက် ကုန်ကျစရိတ်ပဲရှိမှာပါ။ တကယ်လို့ သိုလှောင်စနစ် အဆင်ပြေတယ်ဆိုရင် ဂရုဏာကွန်ယက်ကို ၁၀ ရာခိုင်နှုန်းလောက်ပဲပြန်ပြီး လှူဒါန်းစေချင်တာပါ။ ဒါကလည်း အဲဒီလှူဒါန်းမှုဟာ ကျွန်တော်တို့ကွန်ယက်ရဲ့ လုပ်ဆောင်ချက်တွေ လှူဒါန်းမှုတွေမှာ ပြန်ပြီးအသုံးပြု ဖို့ဖြစ်ပါတယ်”ဟု အဆိုပါပွဲဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်သည့် လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည့် ဂရုဏာကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပွဲသို့ လားရှိုးမြို့နယ်မှ တောင်သူများနှင့် ကုန်သည်ဦးရေ (၃၀)ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အရှည် (၇၅ )မီတာခန့် ရှိသည့် Silo အိတ်တစ်အိတ်လျှင် သီးနှံတန်ချိန် (၂၀၀)မှ (၂၅၀) အထိ ထည့်သွင်းသိုလှောင်ထားနိုင်မည်ဖြစ်ပြီး သိုလှောင်သီးနှံ၏ စိုထိုင်းဆပေါ်မူတည်၍ တစ်နှစ်မှ သုံးနှစ်အထိ သီးနှံအရည်အသွေးမထိခိုက်စေဘဲ သိုလှောင်နိုင်သည့် တစ်ခါသုံးအိတ်အမျိုးအစားဖြစ်ကြောငး် သိရသည်။

တန်ချိန်(၂၀၀) ဆန့်သည့် Silo Bag တစ်ခုလျှင် ကျပ် (၂၇၅၀,ဝဝဝ) ဝန်းကျင်ရှိပြီး အသုံးပြုပြီးသော အိတ်များကို တဲအိမ်အမိုးများ၊ ငါးမွေးကန်များတို့အဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Google ( ပုံများကို Google မှ ရှာဖွေ၍ ဖော်ပြထားပါသည် )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~