ေက်ာက္မဲၿမိဳ႕တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေနအိမ္အား လက္ပစ္ဗံုးျဖင့္ ပစ္ခြဲသြား

ေက်ာက္မဲၿမိဳ႕တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေနအိမ္အား လက္ပစ္ဗံုးျဖင့္ ပစ္ခြဲသြား
ဖေဖော်ဝါရီ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ အမွတ္(၉)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေနအိမ္အား ေဖေဖၚဝါရီလ ၄ ရက္ ည ၈ နာရီ ၂၅ မိနစ္ခန္႔အခ်ိန္၌ ဆိုင္ကယ္ေပၚမွ လက္ပစ္ဗံုးျဖင့္ ပစ္သြားသျဖင့္ ေပါက္ကြဲမႈ ျဖစ္ပြားေသာ္လည္း လူအေသအေပ်ာက္ႏွင့္ ဒါဏ္ရာရရွိမႈ မရွိေၾကာင္း သိရသည္။

“အိမ္နဲ႔နီးနီးေလးပဲေလ။ လူႏွစ္ေယာက္က ဆိုင္ကယ္စီးလာၿပီး ပစ္သြားတာ ျမင္လိုက္တယ္။ ေပါက္ကြဲတဲ့ အသံၾကားတယ္။ လူအထိအခိုက္ေတာ့ မရွိဘူး။ မီးဖိုေခ်ာင္ထဲကို က်ေရာက္ေပါက္ကြဲတယ္”ဟု အခင္းျဖစ္ပြားရာ ေနရာအနီးတြင္ ေနထိုင္သူ အမ်ိဳးသားတစ္ဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕အမွတ္(၉)ရပ္ကြက္ နယ္ေျမ(၃) စြယ္ေတာ္လမ္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၏ ေနအိမ္အား လာေရာက္ ပစ္ခတ္သြားျခင္းျဖစ္ၿပီး ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးေနေၾကာင္း သိရသည္။

“အခင္းျဖစ္တဲ့ေနရာကို အခုသြားေနပါၿပီ။ ျဖစ္စဥ္အေသးစိတ္ကိုေတာ့ မသိရေသးဘူး”ဟု ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ ရဲအုပ္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုုင္း ေက်ာက္မဲၿမိဳ႕တြင္ ၂၀၀၉ ခုႏွစ္က ေက်ာက္မဲလမ္းခြဲ(လမ္းဆံု)မုခ္ဦးအနီးတြင္ အမည္မသိ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ပစ္ခတ္မႈေၾကာင့္ စစ္မႈထမ္းေဟာင္းအမ်ိဳးသားတစ္ဦးႏွင့္ ေစ်းသည္ အမ်ိဳးသမီးတစ္ဦး ေသဆံုးခဲ့ၿပီး ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာလက ဗဟိုေစ်းအနီး ညေစ်းတန္းေထာင့္တြင္ ေျပာင္းရွည္ ေသနတ္ျဖင့္ ပစ္ခတ္မႈတစ္ခု၊ ၂၀၁၅ ခုႏွစ္တြင္ ေက်ာက္မဲၿမိဳ႕အဝင္ မုခ္ဦးအနီးရွိ စက္သံုးဆီဆိုင္အနီး ဗံုးေထာင္ထားျခင္း၊ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလတြင္ ေက်ာက္မဲခရိုင္ ရဲရံုးအား လက္နက္ႀကီး(၄၀ မမ ) ျဖင့္ပစ္ခတ္ျခင္းတို႔ ျဖစ္ပြားခဲ့သည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်အား ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီ ၂၅ မိနစ်ခန့်အချိန်၌ ဆိုင်ကယ်ပေါ်မှ လက်ပစ်ဗုံးဖြင့် ပစ်သွားသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားသော်လည်း လူအသေအပျောက်နှင့် ဒါဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

“အိမ်နဲ့နီးနီးလေးပဲလေ။ လူနှစ်ယောက်က ဆိုင်ကယ်စီးလာပြီး ပစ်သွားတာ မြင်လိုက်တယ်။ ပေါက်ကွဲတဲ့ အသံကြားတယ်။ လူအထိအခိုက်တော့ မရှိဘူး။ မီးဖိုချောင်ထဲကို ကျရောက်ပေါက်ကွဲတယ်”ဟု အခင်းဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့အမှတ်(၉)ရပ်ကွက် နယ်မြေ(၃) စွယ်တော်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးနေကြောင်း သိရသည်။

“အခင်းဖြစ်တဲ့နေရာကို အခုသွားနေပါပြီ။ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ၂၀၀၉ ခုနှစ်က ကျောက်မဲလမ်းခွဲ(လမ်းဆုံ)မုခ်ဦးအနီးတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်မှုကြောင့် စစ်မှုထမ်းဟောင်းအမျိုးသားတစ်ဦးနှင့် ဈေးသည် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ဗဟိုဈေးအနီး ညဈေးတန်းထောင့်တွင် ပြောင်းရှည် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု၊ ၂၀၁၅ ခုနှစ်တွင် ကျောက်မဲမြို့အဝင် မုခ်ဦးအနီးရှိ စက်သုံးဆီဆိုင်အနီး ဗုံးထောင်ထားခြင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျောက်မဲခရိုင် ရဲရုံးအား လက်နက်ကြီး(၄၀ မမ ) ဖြင့်ပစ်ခတ်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~