ေဘာလခဲၿမိဳ႕ ျပည္ခိုင္ၿဖိဳးရံုးအနီးမွ ႏွစ္ထပ္ေနအိမ္တစ္လံုး မီးေလာင္

ေဘာလခဲၿမိဳ႕ ျပည္ခိုင္ၿဖိဳးရံုးအနီးမွ ႏွစ္ထပ္ေနအိမ္တစ္လံုး မီးေလာင္
ဖေဖော်ဝါရီ 5, 2017
By Tachileik News Agency

ကယားျပည္နယ္ ေဘာလခဲၿမိဳ႕ ရွမ္းေတာင္ပိုင္းရပ္ကြက္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီရံုး အနီးရိွ ႏွစ္ထပ္ေနအိမ္တစ္လံုး ေဖေဖၚဝါရီလ (၅) ရက္ေန႔ ေန႔လယ္ (၁၁)နာရီ (၄၅)မိနစ္ခန္႔တြင္ မီးေလာင္မႈ ျဖစ္ပြားေၾကာင္း သိရသည္။

"ကၽြန္ေတာ္ အဲဒီနားမွာ ဆံပင္ညႇပ္ေနတာ။ အဲဒီအိမ္မွာက ကေလးေတြပဲရွိတယ္။ လူႀကီးေတြက ရြာသြားေနတယ္ ဆိုလားပဲ။ အိမ္ေပၚကေန ကေလးေတြ ေျပးဆင္းလာၾကၿပီး မီးကအရွိန္နဲ႔ ေလာင္ေတာ့တာပဲ။ ဘာပစၥည္းမွ ယူလို႔ေတာင္မရလိုက္ဘူး။ အကုန္ေလာင္ကုန္တယ္"ဟု မီးေလာင္မႈျဖစ္ပြားရာအနီးေရာက္ေနသူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ ေဘာလခဲမီးသတ္ဦးစီးဌာန လာေရာက္ၿငိမ္းသတ္ခဲ့ရာ (၁၂)နာရီခန္႔တြင္ အျခားေနအိမ္မ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္းမရိွဘဲ ၿငိႇမ္းသတ္ႏုိင္လိုက္ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈႏွင့္ပတ္သက္၍ အေရးယူေဆာင္ရြက္ႏုိင္ရန္ တာဝန္ရိွသူမ်ားက လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဘောလခဲမြို့ ရှမ်းတောင်ပိုင်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အနီးရှိ နှစ်ထပ်နေအိမ်တစ်လုံး ဖေဖော်ဝါရီလ (၅) ရက်နေ့ နေ့လယ် (၁၁)နာရီ (၄၅)မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

"ကျွန်တော် အဲဒီနားမှာ ဆံပင်ညှပ်နေတာ။ အဲဒီအိမ်မှာက ကလေးတွေပဲရှိတယ်။ လူကြီးတွေက ရွာသွားနေတယ် ဆိုလားပဲ။ အိမ်ပေါ်ကနေ ကလေးတွေ ပြေးဆင်းလာကြပြီး မီးကအရှိန်နဲ့ လောင်တော့တာပဲ။ ဘာပစ္စည်းမှ ယူလို့တောင်မရလိုက်ဘူး။ အကုန်လောင်ကုန်တယ်"ဟု မီးလောင်မှုဖြစ်ပွားရာအနီးရောက်နေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ဘောလခဲမီးသတ်ဦးစီးဌာန လာရောက်ငြိမ်းသတ်ခဲ့ရာ (၁၂)နာရီခန့်တွင် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ ငြှိမ်းသတ်နိုင်လိုက်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~