ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ အမွတ္ (၃၅၆)အေျမာက္တပ္ဧရိယာအတြင္း ေတာင္သူမ်ား ထြန္ယက္ စိုက္ပ်ိဳးျခင္းမ်ားကို ေဖေဖာ္ဝါရီလ (၁၅) ရက္ေန႔ေနာက္ဆုံးထား၍ ဖယ္ရွားေပးရန္ႏွင့္ တပ္ဧရိယာအတြင္း ျဖတ္သန္းသြားလာျခင္းမျပဳလုပ္ရန္ တားျမစ္လိုက္ေၾကာင္းသိရသည္။
အမွတ္(၃၅၆)အေျမာက္တပ္ရင္းမွ ေတာင္သူမ်ား၏ စားဝတ္ေနေရး အဆင္ေျပေစရန္ ၎ေျမမ်ားေပၚတြင္ အခမဲ့ စိုက္ပ်ိဳးခြင့္ႏွင့္ ျဖတ္သန္းသြားလာခြင့္ ေပးထားေသာ္လည္း ေတာင္သူမ်ားက မိမိတို႔၏စိုက္ပ်ိဳးေျမမ်ား အျဖစ္ တိုင္းၾကားမႈမ်ားကို မၾကာခဏ ေျဖရွင္းေနရသည့္အတြက္ ေဒသကြပ္ကြဲေရး စစ္ဌာနခ်ဳပ္ လိြဳင္ေကာ္ ၏ ညႊန္ၾကားမႈျဖင့္ အေျမာက္တပ္ရင္းမွ ဇန္နဝါရီလ ၂၈ ရက္ေန႔ရက္စြဲျဖင့္ ေက်းရြာမ်ားအား အေၾကာင္းၾကားစာ ေပးပို႔ထားျခင္းျဖစ္ေၾကာင္း သိရသည္။
လိြဳင္ေကာ္ၿမိဳ႕နယ္ ခ်ိကယ္ေက်းရြာအုပ္စုအတြင္းရွိ အေျမာက္တပ္ရင္း တပ္ဧရိယာအတြင္း စိုက္ပ်ိဳးလုပ္ကိုင္ လွ်က္ရွိေသာ ေက်းရြာမ်ားႏွင့္ တပ္အနီးတည္ရွိေသာ ေက်းရြာမ်ားအား အဆိုပါ သတိေပးစာကို ေပးပို႔ခဲ့ျခင္းျဖစ္ၿပီး အခုလို တားျမစ္မႈေတြေၾကာင့္ ေဒသခံေက်းရြာမ်ားေနျဖင့္ စားဝတ္ေနေရး ခက္ခဲသြားႏုိင္သည့္ အျပင္ ေက်းရြာမ်ားရွိ ကြ်ဲ ႏြား တိရိစာၦန္မ်ား အတြက္လည္း အခက္အခဲ ေတြ႕ႏိုင္ေၾကာင္း သတိေပးစာ ေပးပို႔ခံရေသာ ဖားတီမာ ေက်းရြာမွ ဥကၠဌ ဦးကလဲရယ္ က ေျပာသည္။
"ကၽြန္ေတာ္တို႕ ေတာင္သူေတြက ကြ်ဲ ႏြားေတြ ရွိၾကတဲ့အမ်ိဳး။ အဲဒီကၽြဲႏြားေတြက အစ တပ္ဧရိယာထဲသြားရင္ လိုက္ယူလို႔မရ ျဖတ္သန္းခြင့္ေတာင္ မရွိဘူးဆို ဘာဆက္လုပ္ရေတာ့မွာလဲေပါ့။ အခက္ခဲကေတာ့ အဲဒီလိုေတြ ရွိတာေပါ့ "ဟု ဦးကလဲရယ္က ေျပာသည္။
အေျမာက္တပ္ရင္းမွာ ၁၉၉၂ ခုႏွစ္မွစတင္၍ တည္ထားျခင္းျဖစ္ၿပီး တပ္ဧရိယာတြင္ စိုက္ပ်ိဳးေျမအျပင္ ေက်းရြာမ်ားမွ ေနအိမ္ၿခံဝင္းအခ်ိဳ႕လည္း ပါဝင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
" ကၽြန္ေတာ္တို႔မွာ စိုက္ပ်ိဳးစရာ ဒီေျမပဲ ရွိတယ္။ ဒီေျမေပၚမွာပဲ ကေလးရဲ႕ ပညာေရး၊ က်န္းမာေရး၊ စားဝတ္ေနေရး အကုန္မွီခိုေနရတာ။ တျခားေနရာလည္း မရွိဘူး။ ဒါေလးကိုေတာ့ ျပန္စဥ္းစား ေပးေစခ်င္တယ္ "ဟု ေဒါးမူကုလားေက်းရြာမွ ကိုကူးရယ္က ေျပာသည္။
တပ္ေျမဧရိယာအတြင္း ထြန္ယက္စိုက္ပ်ိဳးျခင္းႏွင့္ ျဖတ္သန္းသြားလာျခင္းမျပဳရန္ တားျမစ္ခ်က္အား ေဖါက္ဖ်က္ပါက တည္ဆဲ ဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အေၾကာင္းၾကားစာတြင္ ေဖာ္ျပထားသည္။
သတင္း - ဆန္းၿဖဳိးထြန္း
အမှတ်(၃၅၆)အမြောက်တပ်ရင်းမှ တောင်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန်၎င်းမြေများပေါ်တွင် အခမဲ့ စိုက်ပျိုးခွင့်နှင့် ဖြတ်သန်းသွားလာခွင့် ပေးထားသော်လည်း တောင်သူများက မိမိတို့၏စိုက်ပျိုးမြေများ အဖြစ် တိုင်းကြားမှုများကို မကြာခဏ ဖြေရှင်းနေရသည့်အတွက် ဒေသကွပ်ကွဲရေး စစ်ဌာနချုပ် လွိုင်ကော်၏ ညွှန်ကြားမှုဖြင့် အမြောက်တပ်ရင်းမှ ဇန်နဝါရီလ ၂၈ ရက်နေ့ရက်စွဲဖြင့် ကျေးရွာများအား အကြောင်းကြားစာ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စုအတွင်းရှိ အမြောက်တပ်ရင်း တပ်ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင် လျှက်ရှိသော ကျေးရွာများနှင့် တပ်အနီးတည်ရှိသော ကျေးရွာများအား အဆိုပါ သတိပေးစာကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး အခုလို တားမြစ်မှုတွေကြောင့် ဒေသခံကျေးရွာများနဖြေင့် စားဝတ်နေရေး ခက်ခဲသွားနိုင်သည့် အပြင် ကျေးရွာများရှိ ကျွဲ နွား တိရိစာ္ဆန်များ အတွက်လည်း အခက်အခဲ တွေ့နိုင်ကြောင်း သတိပေးစာ ပေးပို့ခံရသော ဖားတီမာ ကျေးရွာမှ ဥက္ကဌ ဦးကလဲရယ် က ပြောသည်။
"ကျွန်တော်တို့ တောင်သူတွေက ကျွဲ နွားတွေ ရှိကြတဲ့အမျိုး။ အဲဒီကျွဲနွားတွေက အစ တပ်ဧရိယာထဲသွားရင် လိုက်ယူလို့မရ ဖြတ်သန်းခွင့်တောင် မရှိဘူးဆို ဘာဆက်လုပ်ရတော့မှာလဲပေါ့။ အခက်ခဲကတော့ အဲဒီလိုတွေ ရှိတာပေါ့ "ဟု ဦးကလဲရယ်က ပြောသည်။
အမြောက်တပ်ရင်းမှာ ၁၉၉၂ ခုနှစ်မှစတင်၍ တည်ထားခြင်းဖြစ်ပြီး တပ်ဧရိယာတွင် စိုက်ပျိုးမြေအပြင် ကျေးရွာများမှ နေအိမ်ခြံဝင်းအချို့လည်း ပါဝင်သွားခြင်းဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့မှာ စိုက်ပျိုးစရာ ဒီမြေပဲ ရှိတယ်။ ဒီမြေပေါ်မှာပဲ ကလေးရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အကုန်မှီခိုနေရတာ။ တခြားနေရာလည်း မရှိဘူး။ ဒါလေးကိုတော့ ပြန်စဉ်းစား ပေးစေချင်တယ် "ဟု ဒေါးမူကုလားကျေးရွာမှ ကိုကူးရယ်က ပြောသည်။
တပ်မြေဧရိယာအတွင်း ထွန်ယက်စိုက်ပျိုးခြင်းနှင့် ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ချက်အား ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။
သတင်း - ဆန်းဖြိုးထွန်း