လားရိႈး - မူဆယ္ လမ္းေပၚ မိုင္းတစ္လံုးေတြ႔ခဲ့ေသာ္လည္း ကားမ်ား ပံုမွန္အတုိင္း ေျပးဆြဲ

လားရိႈး - မူဆယ္ လမ္းေပၚ မိုင္းတစ္လံုးေတြ႔ခဲ့ေသာ္လည္း ကားမ်ား ပံုမွန္အတုိင္း ေျပးဆြဲ
ဖေဖော်ဝါရီ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈး - မူဆယ္ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ ၂၆၉/၅ အနီး လမ္းမႀကီးႏွင့္ ငါးေပခန္႔အကြာတြင္ ေဖေဖၚဝါရီလ ၄ ရက္ ညေနပိုင္းက ေရွ႕ထြက္မိုင္းတစ္လံုးအား ေတြ႔ရိွဖယ္ရွားခဲ့ၿပီး ေဖေဖၚဝါရီလ (၅) ရက္ေန႔တြင္ ကားမ်ားပံုမွန္အတုိင္းေျပးဆြဲေနေၾကာင္း အဆိုပါ လမ္းပိုင္းတြင္ ေျပးဆြဲေနသည့္ ယာဥ္လုိင္းမ်ားမွ သိရသည္။

“လမ္းမွာကေတာ့ အေျခအေန ေကာင္းပါတယ္။ ဒီအတိုင္းပံုမွန္ပဲသြားလာေနၾကတာကို ေတြ႔ရတယ္။ ကားေတြလည္း သြားေနၾကပါတယ္ ပံုမွန္ပါပဲ။ ဒီအေတာအတြင္းေတာ့ အရင္လိုဆက္ေၾကးေတာင္းတာေတြ ဘာေတြလည္း မၾကားမိေသးဘူး။ အေျခအေနေကာင္းပါတယ္”ဟု လားရိႈး-မူဆယ္ ခရီးသည္ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေမာင္း တစ္ဦးျဖစ္သူ စိုင္းထြန္းထြန္းက ေဖေဖၚဝါရီလ (၅) ရက္ေန႔ ညေနတြင္  ေျပာသည္။

ေဖေဖၚဝါရီလ ၄ ရက္ေန႔ ညေန ၃ နာရီဝန္းက်င္တြင္ လမ္းလုပ္သားမ်ားမွေတြ႔ရွိခဲ့ရာ သက္ဆိုင္ရာသို႔ အေၾကာင္း ၾကားလာသျဖင့္ သြားေရာက္ရွင္းလင္းေပးခဲ့ျခင္းျဖစ္ၿပီး ေရွ႕ထြက္မိုင္းတစ္လံုး၊ ဒီတိုေနတာ တစ္ခုႏွင့္ ဘတၳရီေျခာက္တစ္ခုတို႔ကို အေဝးထိန္းစနစ္ျဖင့္အသံုးျပဳေဖါက္ခြဲရန္အေနအထားျဖင့္ ေတြ႔ရွိ ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“အိုရီယမ္တယ္ဟိုင္းေဝးက လမ္းလုပ္သားေတြ အလုပ္လုပ္ေနတဲ့ေနရာအနီးမွာ လာၿပီးဆင္ထားတာေတြ႔ရလို႔ တပ္ကိုအေၾကာင္းၾကားလိုက္ေတာ့ တပ္ကအရာရွိေတြလာၿပီး ရွင္းလင္းေပးသြားပါတယ္။ အသက္မဲ့ေအာင္ျဖစ္ ေအာင္လုပ္ေပးလိုက္တာေပါ့။ မကြဲေသးပါဘူး။ ရီမုဒ္မိုင္းအမ်ိဳးအစားလို႔ သိရပါတယ္ “ဟု မူဆယ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဇာ္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လားရိႈး - မူဆယ္လမ္းပိုင္းရိွ ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ့နယ္အတြင္းရွိ နမ့္ေပၚေခ်ာင္း တံတားအနီး ႏွင့္ ကြတ္ခိုင္ၿမိဳ့ရွိ ၿမိဳ့တြင္းတံတားတစ္စင္းတို႔တြင္လည္း ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလအတြင္း လက္လုပ္မိုင္းအခ်ိဳ႕ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး လူအေသအေပ်ာက္ႏွင့္ ဒဏ္ရာရသူမရိွခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၆၉/၅ အနီး လမ်းမကြီးနှင့် ငါးပေခန့်အကွာတွင် ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းက ရှေ့ထွက်မိုင်းတစ်လုံးအား တွေ့ရှိဖယ်ရှားခဲ့ပြီး ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကားများပုံမှန်အတိုင်းပြေးဆွဲနေကြောင်း အဆိုပါ လမ်းပိုင်းတွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများမှ သိရသည်။

“လမ်းမှာကတော့ အခြေအနေ ကောင်းပါတယ်။ ဒီအတိုင်းပုံမှန်ပဲသွားလာနကြေတာကို တွေ့ရတယ်။ ကားတွေလည်း သွားနကြေပါတယ် ပုံမှန်ပါပဲ။ ဒီအတောအတွင်းတော့ အရင်လိုဆက်ကြေးတောင်းတာတွေ ဘာတွေလည်း မကြားမိသေးဘူး။ အခြေအနေကောင်းပါတယ်”ဟု လားရှိုး-မူဆယ် ခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်မောင်း တစ်ဦးဖြစ်သူ စိုင်းထွန်းထွန်းက ဖေဖော်ဝါရီလ (၅) ရက်နေ့ ညနေတွင် ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် လမ်းလုပ်သားများမှတွေ့ရှိခဲ့ရာ သက်ဆိုင်ရာသို့ အကြောင်း ကြားလာသဖြင့် သွားရောက်ရှင်းလင်းပေးခဲ့ခြင်းဖြစ်ပြီး ရှေ့ထွက်မိုင်းတစ်လုံး၊ ဒီတိုနေတာ တစ်ခုနှင့် ဘတ္ထရီခြောက်တစ်ခုတို့ကို အဝေးထိန်းစနစ်ဖြင့်အသုံးပြုဖောက်ခွဲရန်အနေအထားဖြင့် တွေ့ရှိ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အိုရီယမ်တယ်ဟိုင်းဝေးက လမ်းလုပ်သားတွေ အလုပ်လုပ်နေတဲ့နေရာအနီးမှာ လာပြီးဆင်ထားတာတွေ့ရလို့ တပ်ကိုအကြောင်းကြားလိုက်တော့ တပ်ကအရာရှိတွေလာပြီး ရှင်းလင်းပေးသွားပါတယ်။ အသက်မဲ့အောင်ဖြစ် အောင်လုပ်ပေးလိုက်တာပေါ့။ မကွဲသေးပါဘူး။ ရီမုဒ်မိုင်းအမျိုးအစားလို့ သိရပါတယ် “ဟု မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လားရှိုး - မူဆယ်လမ်းပိုင်းရှိ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ့်ပေါ်ချောင်း တံတားအနီး နှင့် ကွတ်ခိုင်မြို့ရှိ မြို့တွင်းတံတားတစ်စင်းတို့တွင်လည်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း လက်လုပ်မိုင်းအချို့ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူအသေအပျောက်နှင့် ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~