ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ဘေးရှောင် စခန်း(၅)ခုတွင် အနီးဝန်းကျင်ဒေသများမှ စစ်ဘေးရှောင် တစ်ထောင်ကျော်မှာ (၇)လကြာပြီပြီး နေရပ် မပြန်နိုင်သေးဘဲ အဆိုပါ စခန်းများတွင် စားနပ်ရိက္ခာ နှစ်လစာခန့်ရှိသေးသော်လည်း အနွေးထည်များ လိုအပ်နေသေးကြောင်း သိရသည်။
စစ်ဘေးရှောင်များမှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ( ၈ )ရက်နေ့မှစ၍ နမ္မတူမြို့သို့ တိမ်းရှောင်လာကြခြင်း ဖြစ်ပြီး ဇန်နဝါရီလအထိ ရွှေမြင်သာဘုန်းတော်ကြီးကျောင်းစခန်းတွင် (၄၂၆)ဦး၊ လီဆူစခန်းတွင် (၂၅၇)ဦး၊ RC စခန်းတွင် (၈၀)ဦး၊ ဆိုင်ဂျာစခန်းတွင် (၄၈)ဦးနှင့် KBC စခန်းတွင် (၂၈၅)ဦးတို့ ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။
နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာငယ်ပေါင်း (၃၀) ကျော်မှ လူဦးရေ (၂၀၀၀) ဝန်းကျင်မှာ ဒေသတွင်း တိုက်ပွဲများကြောင့် နမ္မတူမြို့သို့ စစ်ဘေးတိမ်းရှောင်လာခဲ့ကြသည့်အတွက် စခန်းများ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လူမှုကူညီရေးအသင်းအဖွဲ့များမှ လာရောက်ကူညီမှုများလည်းရှိကြောင်း သိရသည်။
လက်ရှိ နမ္မတူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများအနေဖြင့် ဖေဖေါ်ဝါရီလနှင့် မတ်လ များတွင် သောက်သုံးရေအခက်အခဲဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
“တစ်မြို့လုံးက စခန်းအားလုံးမှာ စစ်ဘေးရှောင်တွေ ရှိနေပါသေးတယ်။ တစ်ချို့ ကျောင်းသူ ကျောင်းသားလေးတွေက စာမေးပွဲဖြေဖို့အတွက် သူတို့နေရပ်တွေဆီကို ခဏ ပြန်သွားကြတာရှိတယ်။ အပြီး ပြန်နေဖို့တော့ မလုံခြုံသေးဘူးလို့ ယူဆနကြေတုန်းပဲ။ စားနပ်ရိက္ခါနဲ့ အနွေးထည်တွေ၊ စောင်တွေ လိုအပ်ချက်ရှိနေပါတယ်”ဟု နမ္မတူမြို့ ရွှမြေင်သာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းတာဝန်ခံ ( နမ္မတူစစ်ဘေးရှောင်စခန်းများ၏ တာဝန်ခံ ) ဦးအောင်ဆန်းမြင့်က ပြောသည်။
စစ်ဘေးရှောင်များမှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ( ၈ )ရက်နေ့မှစ၍ နမ္မတူမြို့သို့ တိမ်းရှောင်လာကြခြင်း ဖြစ်ပြီး ဇန်နဝါရီလအထိ ရွှမြေင်သာဘုန်းတော်ကြီးကျောင်းစခန်းတွင် (၄၂၆)ဦး၊ လီဆူစခန်းတွင် (၂၅၇)ဦး၊ RC စခန်းတွင် (၈၀)ဦး၊ ဆိုင်ဂျာစခန်းတွင် (၄၈)ဦးနှင့် KBC စခန်းတွင် (၂၈၅)ဦးတို့ ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။
“လူဦးရေက အဝင်အထွက်ရှိနေတော့ ဆန်ကလွဲလို့ အခက်အခဲ ရှိနေတာပေါ့။ အလှူမခံချင်တော့ဘူး။ အလှူရှင်တွေကို အားနာတော့ ရှိတဲ့ဟာနဲ့ပဲ အဆင်ပြေသလိုလုပ်ရတယ်။ မြို့ငယ်တစ်ခုလည်း ဖြစ်တယ်။ စီးပွားရေးကောင်းတဲ့မြို့ မဟုတ်တဲ့အတွက် လူဦးရေ (၁၀၀၀)ကျော်ကို ထိန်းထားရတာ အခက်အခဲ တွေရှိတယ်”ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။+
အဆိုပါ စစ်ဘေးရှောင်များအတွက် စခန်းမှ တစ်ရက်လျှင် လူတဦးလျှင် ဆန်နှစ်ဗူး၊ ဟင်းဖိုး ( အနည်းဆုံး ) ၂၀၀ ကျပ်နှင့် စားသုံးဆီမှာ တစ်အိမ်ထောင်လျှင် တစ်လ (၁) လီတာနှုန်း (မိသားစုဝင်များပါက ၂ လီတာ )နှုန်းဖြင့် ထောက်ပံ့ပေးထားကြောင်း သိရသည်။
“ဆန်ကတော့ နည်းနည်းရှိသေးတယ်။ ဟင်းချက်စရာက မရှိတော့ဘူး။ ဝယ်ဖို့လည်း ငွေကြေး အခက်အခဲတွေ ရှိနေတယ်။ လက်ရှိလူဦးရေက ဒီစခန်းမှာ (၂၅၅) ဦးရှိတယ်”ဟု နမ္မတူမြို့ရှိ လီဆူ စစ်ရှောင်စခန်း၏ အတွင်းရေးမှူးဖြစ်သူ ဦးလာဆာက ပြောသည်။
စစ်ဘေးရှောင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများက တစ်ပတ်လျှင်တစ်ကြိမ် လာရောက်ကြည့်ရှုစစ်ဆေးနေကြောင်း သိရသည်။
နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာငယ်ပေါင်း (၃၀) ကျော်မှ လူဦးရေ (၂၀၀၀) ဝန်းကျင်မှာ ဒေသတွင်း တိုက်ပွဲများကြောင့် နမ္မတူမြို့သို့် စစ်ဘေးတိမ်းရှောင်လာခဲ့ကြသည့်အတွက် စခန်းများ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လူမှုကူညီရေးအသင်းအဖွဲ့များမှ လာရောက်ကူညီမှုများလည်းရှိကြောင်း သိရသည်။
“ဒီစခန်းမှာကတော့ လူ (၄၀) ကျော်ပဲရှိတော့တယ်။ ကျောင်းသူကျောင်းသားအရွယ်တွေက စာမေးပွဲနီးတဲ့ အတွက် နေရပ်ဒေသတွေကို ခဏပြန်သွားကြတယ်။ ဟိုက ဆရာ၊ ဆရာမတွေက လှမ်းခေါ်လို့ ပြန်သွားတာ။ စာမေးပွဲပြီးရင် ပြန်လာနကြေမယ်။ မူကြိုအရွယ်ကလေးငယ် ၈ ယောက်နဲ့ အသက်အကြီးဆုံး ၈၀ အရွယ်ထိ ဒီစခန်းမှာရှိတယ်"ဟု နမ္မတူမြို့KBC 2 ( ကချင်စစ်ရှောင် )စခန်းမှ တာဝန်ခံဖြစ်သူ ဦးဇခေါင်က ပြောသည်။
လက်ရှိ နမ္မတူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများအနဖြေင့် ဖေဖော်ဝါရီလနှင့် မတ်လ များတွင် သောက်သုံးရေအခက်အခဲဖြစ်လာမည်ကိုလည်း စိုးရိမ်နကြေကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်