မိုင္းျဖတ္ၿမိဳ႕တြင္ ျပည္နယ္ရန္ပံုေငြ က်ပ္(၁၃၅.၂၇)သန္းျဖင့္ နမ့္ပန္ေခ်ာင္းကမ္းပါး ေက်ာက္႐ိုးစီ ေျမထိန္းနံရံ တည္ေဆာက္

မိုင္းျဖတ္ၿမိဳ႕တြင္ ျပည္နယ္ရန္ပံုေငြ က်ပ္(၁၃၅.၂၇)သန္းျဖင့္ နမ့္ပန္ေခ်ာင္းကမ္းပါး ေက်ာက္႐ိုးစီ ေျမထိန္းနံရံ တည္ေဆာက္
ဖေဖော်ဝါရီ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္ မုိင္းျဖတ္ၿမိဳ႕နယ္ ၀မ္ယန္းေက်းရြာရိွ နမ့္ပန္ေခ်ာင္းကမ္းပါး ေရတိုက္စားမႈမွ ကာကြယ္ရန္အတြက္  ၂၀၁၆ -၂၀၁၇ ဘ႑ာေရးႏွစ္ ျပည္နယ္ခြင့္ျပဳရန္ပံုေငြမွ က်ပ္(၁၃၅.၂၇)သန္း သံုးစြဲၿပီး ေက်ာက္႐ိုးစီ ေျမထိန္းနံရံတည္ေဆာက္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ေက်းရြာအတြက္ ဒီနမ့္ပန္ေခ်ာင္းက ကမ္းပါးကို ေရတျဖည္းျဖည္း တိုက္စားလာတာ ၾကာေနပါၿပီ။ ေနာင္ဆိုရင္ ကၽြန္ေတာ္တို႔ရြာ ေျပာင္းေရႊ႕ရမယ့္ အေျခအေနရွိပါတယ္။ ခုလိုမ်ဳိး ေရထိန္းနံရံ ျပဳလုပ္ေပးတာ အမ်ားႀကီးေက်းဇူးတင္ပါတယ္”ဟု ၀မ္ယန္းေက်းရြာ ရြာသူႀကီး ဦးအိုက္အင္က ေျပာသည္။

အဆိုပါ ေက်ာက္႐ိုးစီေျမထိန္းနံရံအား မုိင္းျဖတ္ၿမိဳ႕နယ္ ဆည္ေျမာင္းဦးစီးဌာနမွ တာ၀န္ယူ ေဆာက္လုပ္ျခင္းျဖစ္ၿပီး အရွည္ (၁၂၁၀)ေပ၊ ေအာက္ေျခအက်ယ္(၃)ေပခြဲ၊ ထိပ္၀အက်ယ္ (၂)ေပ၊ အျမင့္ (၉)ေပ ရွိေၾကာင္းသိရသည္။

“ကၽြန္ေတာ့္အေနနဲ႔ကေတာ့ ေစတနာထားၿပီး အေကာင္းဆံုးျဖစ္ေအာင္လုပ္ေပးမွာပါ။ အလုပ္သမား ေတြကိုလည္း မွာထားပါတယ္။ သတ္မွတ္ထားတဲ့ အခ်ဳိးအစားအတိုင္း ဘိလပ္ေျမ၊ သဲ၊ ေက်ာင္တို႔ကို ေရာစပ္ေပးဖို႔ပါ။ ကြ်န္ေတာ္ကိုယ္တိုင္ႀကီးၾကပ္ၿပီး အေကာင္းဆံုးေဆာက္လုပ္သြားမွာပါ”ဟု ဆည္ေျမာင္းဦးစီးဌာန မွ မိုင္းျဖတ္ၿမိဳ႕နယ္ဦးစီးမွဴး ဦးေမာင္ေမာင္ေအးက ေျပာသည္။

အဆိုပါ ေက်ာက္႐ိုးစီေျမထိန္းနံရံေဆာက္လုပ္ေနမႈအား ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္ႏွင့္ တာ၀န္႐ွိသူမ်ားက ေဖေဖၚ၀ါရီလ(၆)ရက္ေန႔ ေန႔လယ္ပိုင္းက သြားေရာက္ၾကည့္႐ႈ စစ္ေဆးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ဝမ်ယန်းကျေးရွာရှိ နမ့်ပန်ချောင်းကမ်းပါး ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေမှ ကျပ်(၁၃၅.၂၇)သန်း သုံးစွဲပြီး ကျောက်ရိုးစီ မြေထိန်းနံရံတည်ဆောက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ကျေးရွာအတွက် ဒီနမ့်ပန်ချောင်းက ကမ်းပါးကို ရေတဖြည်းဖြည်း တိုက်စားလာတာ ကြာနေပါပြီ။ နောင်ဆိုရင် ကျွန်တော်တို့ရွာ ပြောင်းရွှေ့ရမယ့် အခြေအနေရှိပါတယ်။ ခုလိုမျိုး ရေထိန်းနံရံ ပြုလုပ်ပေးတာ အများကြီးကျေးဇူးတင်ပါတယ်”ဟု ဝမ်ယန်းကျေးရွာ ရွာသူကြီး ဦးအိုက်အင်က ပြောသည်။

အဆိုပါ ကျောက်ရိုးစီမြေထိန်းနံရံအား မိုင်းဖြတ်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး အရှည် (၁၂၁၀)ပေ၊ အောက်ခြေအကျယ်(၃)ပေခွဲ၊ ထိပ်ဝအကျယ် (၂)ပေ၊ အမြင့် (၉)ပေ ရှိကြောင်းသိရသည်။

“ကျွန်တော့်အနေနဲ့ကတော့ စေတနာထားပြီး အကောင်းဆုံးဖြစ်အောင်လုပ်ပေးမှာပါ။ အလုပ်သမား တွေကိုလည်း မှာထားပါတယ်။ သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်း ဘိလပ်မြေ၊ သဲ၊ ကျောင်တို့ကို ရောစပ်ပေးဖို့ပါ။ ကျွန်တော်ကိုယ်တိုင်ကြီးကြပ်ပြီး အကောင်းဆုံးဆောက်လုပ်သွားမှာပါ”ဟု ဆည်မြောင်းဦးစီးဌာန မှ မိုင်းဖြတ်မြို့နယ်ဦးစီးမှူး ဦးမောင်မောင်အေးက ပြောသည်။

အဆိုပါ ကျောက်ရိုးစီမြေထိန်းနံရံဆောက်လုပ်နေမှုအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီလ(၆)ရက်နေ့ နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~