အသင်းရန်ပုံငွေ ကျပ်သိန်း (၁၅၀၀) ဖြင့် တည်ဆောက်မည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်စက်မှုအသင်း အဆောက်အအုံ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပသည်။
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
အဆိုပါ အဆောက်အအုံအတွက် ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားပြုလုပ်ရာသို့ ကုန်သည်စက်မှု ဥက္ကဌ ဦးဒေးဗစ်နှင့် အလုပ် အမှုဆောင်များ လားရှိုးကုန်စည်ဒိုင်မှ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
“အကြမ်းဖျင်းသိန်း (၁၅၀၀) လောက်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ အတွင်းအပြင်အဆင်တွေ မပါသေးဘူးပေါ့။ မြန်မာ့ရွှေခေတ်ကလည်း အမြတ်မယူဘဲ ဆောက်ပေးမယ်ဆိုတော့ အလုပ်သမားခ ပစ္စည်းဖိုးပဲ ကုန်ကျစရိတ်ရှိမှာပါ။ ငွေကတော့ ကမော္ဘဇအနာဂတ်အလင်းတန်းဖောင်ဒေးရှင်းက လှူထားတာရယ်၊ ယူနန်က လှူတာရယ်၊ ကုန်သည်စက်မှုအသင်းဝင် အသီးသီးက လှူဒါန်းငွေတွေရယ်နဲ့ ရန်ပုံငွေပေါ့ အဲဒါနဲ့ ဆောက်မှာပါ”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်စက်မှုအသင်း ဥက္ကဌ ဦးဒေးဗစ်က ပြောသည်။
အဆိုပါ လေးထပ်အဆောက်အဦးအား လားရှိုးမြို့ နမ့်ခိုက်ကျေးရွာတွင် မြန်မာ့ရွှေခေတ်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်