တာချီလိတ်တွင် နွေရာသီ ကျောင်းပိတ်ကာလအတွင်း အားကစားနည်း (၄)မျိုး သင်ကြားပေးမည်၊ ကျောင်းသား၊ ကျောင်းသူများ စာရင်းပေးသွင်းနိုင်

တာချီလိတ်တွင် နွေရာသီ ကျောင်းပိတ်ကာလအတွင်း အားကစားနည်း (၄)မျိုး သင်ကြားပေးမည်၊ ကျောင်းသား၊ ကျောင်းသူများ စာရင်းပေးသွင်းနိုင်
ဖေဖော်ဝါရီ 7, 2017
By Tachileik News Agency

နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း တာချီလိတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားနည်း (၄)မျိုးကို နေရာ (၄)နေရာခွဲ၍ သင်ကြားပေးမှာ ဖြစ်ကြောင်းနှင့် သင်ယူလိုသူများ အနေဖြင့် သက်ဆိုင်ရာကျောင်းများ နှင့်  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့တွင် သတ်မှတ်ရက်များ အတွင်း လာရောက်၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။


နွေရာသီသင်တန်းများအနေဖြင့် တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများအနက်  အ.ထ.က(ဆန်ဆိုင်း)တွင် ကရာတေးဒို နှင့် အထက(ဟောင်လိတ်) တွင် ဘော်လီဘော စသည့် ကစားနည်း သင်တန်းများကို သင်ကြားပေးသွားမှာ ဖြစ်ပြီး  ၀ူရှူးကစားနည်းအား ခရိုင်အားကစားခန်းမ(မိုးလုံလေလုံ အားကစားရုံ)တွင် သင်ကြားပေးမှာ ဖြစ်သည့် အပြင် နွေရာသီဘောလုံးသင်တန်းအား တာချီလိတ်မြို့မ အားကစားကွင်းတွင် သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကစားနည်း(၄)မျိုးအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ တာချီလိတ် Old Star အဖွဲ့နှင့် မြို့နယ်အားကစားအထောက်အကူပြုကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း တာချီလိတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားနည်း (၄)မျိုးကို နေရာ (၄)နေရာခွဲ၍ သင်ကြားပေးမှာ ဖြစ်ကြောင်းနှင့် သင်ယူလိုသူများ အနဖြေင့် သက်ဆိုင်ရာကျောင်းများ နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့တွင် သတ်မှတ်ရက်များ အတွင်း လာရောက်၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

"သင်တန်းနဲ့ပတ်သက်ပြီး ကျောင်းမှာ ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုပဲ အခြေခံထားတော့ တခြားကျောင်းက လာတက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့လည်း တက်ချင်ရင်လည်း တက်လို့ရပါတယ်။ ကျွန်တော်တို့ ဆီမှာ စာရင်းလာပေးလို့ရသလို၊ သင်တန်းဖွင့်လှစ်တဲ့ သက်ဆိုင်ရာ ကျောင်းတွေမှာလည်း စာရင်းပေးသွင်းလို့ ရပါတယ်။"ဟု အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာချီလိတ်မြို့နယ်တာဝန်ခံ ဦးသန်းလှိုင်က ပြောသည်။

နွေရာသီသင်တန်းများအနဖြေင့် တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများအနက် အ.ထ.က(ဆန်ဆိုင်း)တွင် ကရာတေးဒို နှင့် အထက(ဟောင်လိတ်) တွင် ဘော်လီဘော စသည့် ကစားနည်း သင်တန်းများကို သင်ကြားပေးသွားမှာ ဖြစ်ပြီး ဝူရှူးကစားနည်းအား ခရိုင်အားကစားခန်းမ(မိုးလုံလေလုံ အားကစားရုံ)တွင် သင်ကြားပေးမှာ ဖြစ်သည့် အပြင် နွေရာသီဘောလုံးသင်တန်းအား တာချီလိတ်မြို့မ အားကစားကွင်းတွင် သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

"အထက(တာချီလိတ်)မှာက စာစစ်ဌာနရှိတော့ ဝူရှူးကစားနည်း သင်တန်းကိုတော့ ခရိုင်အားကစား ခန်းမမှာပဲ ပြုလုပ်မှာပါ၊ သင်တန်း (၄)မျိုးလုံးက တစ်ချိန်တည်းမှာ လုပ်မှာဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်ကို တစ်မျိုးစီပဲ သင်ယူလို့ရမှာပါဟု "အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာချီလိတ်မြို့နယ်တာဝန်ခံ ဦးသန်းလှိုင်က ပြောသည်။

အဆိုပါ ကစားနည်း(၄)မျိုးအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ တာချီလိတ် ဉိူှအမေ အဖွဲ့နှင့် မြို့နယ်အားကစားအထောက်အကူပြုကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~