ျမန္မာကေလးမ်ားေန႔ အႀကိဳလႈပ္ရွားမႈအျဖစ္ က်ဳိင္းတံုမူလတန္းႀကိဳေက်ာင္းမွ ျပင္ပ ေလ့လာေရးခရီးစဥ္ စတင္လုပ္ေဆာင္

ျမန္မာကေလးမ်ားေန႔ အႀကိဳလႈပ္ရွားမႈအျဖစ္ က်ဳိင္းတံုမူလတန္းႀကိဳေက်ာင္းမွ ျပင္ပ ေလ့လာေရးခရီးစဥ္ စတင္လုပ္ေဆာင္
ဖေဖော်ဝါရီ 7, 2017
By Tachileik News Agency

၂၀၁၇ခုႏွစ္၊ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔၌ က်ေရာက္မည့္ ျမန္မာကေလးမ်ားေန႔ အႀကိဳလႈပ္ရွားမႈအျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕တြင္ ေဖေဖာ္၀ါရီလ(၇)ရက္ေန႔က စတင္ျပဳလုပ္ေၾကာင္း သိရသည္။

လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာန၊ လူမႈ၀န္ထမ္းဦးစီးဌာန၊ က်ဳိင္းတံုမူလတန္းႀကိဳေက်ာင္းမွ ရင္ေသြးငယ္မ်ားအား ျပင္ပေလ့လာေရးခရီးစဥ္အျဖစ္ ေဖေဖာ္၀ါရီလ(၇)ရက္ေန႔ နံနက္ပိုင္းကစတင္၍ အထင္ကရ ေနရာ(၅)ေနရာသို႔ သြားေရာက္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

က်ဳိင္းတံုမူလတန္းႀကိဳေက်ာင္းမွ ေက်ာင္းအုပ္ဆရာမ ေဒၚခင္မာလာ၀င္း ႀကီးၾကပ္မႈျဖင့္ က်ဳိင္းတံုၿမိဳ႕၏ အထင္ကရ ေနရာမ်ားအနက္ မဟာျမတ္မုနိဘုရားႀကီး၊ ရပ္ေတာ္မူဘုရား၊ သစ္တစ္ပင္ေတာင္ ႏွင့္ ေရပူစမ္း အပန္းေျဖ စခန္းမ်ားသို႔ ကေလးငယ္မ်ားျဖင့္ ေလ့လာေရးခရီးအျဖစ္ သြားေရာက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ျပင္ပ ေလ့လာေရးခရီးစဥ္အျဖစ္ က်ဳိင္းတံုမွာေတာ့ က်ဳိင္းတံုမူလတန္းႀကိဳေက်ာင္းက စတင္ ျပဳလုပ္လိုက္တာပါ၊ က်န္တဲ့ လူမႈဝန္ထမ္း အသိအမွတ္ျပဳ ကိုယ့္အားကိုယ္ကိုး မူႀကိဳေက်ာင္းေတြကေတာ့ ဒီလ (၁၀)ရက္ေန႔ က်ရင္ေတာ့ ကဗ်ာ၊ သီခ်င္း၊ ပံုျပင္ၿပိဳင္ပြဲေတြ လုပ္မွာ။ (၁၂)ရက္ေန႔မွာလည္း တစ္ခါထပ္လုပ္ဖို႔ရွိတယ္။ (၁၃)ရက္ေန႔ ျမန္မာကေလးမ်ားေန႔ က်ရင္ေတာ့ ေပ်ာ္ပြဲရႊင္ပြဲေတြ လုပ္သြားမွာပါ၊ က်ဳိင္းတံုတစ္ခုတည္း မဟုတ္ဘဲ၊ တာခ်ီလိတ္မွာလည္း အတူတူပါပဲ၊ သတ္မွတ္ရက္ေတြ အားလံုးမွာ အတူတူ လုပ္ၾကမွာပါ"ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ဳိင္းတံု လူမႈ၀န္ထမ္းဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ေဒၚလွလွထြန္းက ေျပာသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၌ ကျရောက်မည့် မြန်မာကလေးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ(၇)ရက်နေ့က စတင်ပြုလုပ်ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များအား ပြင်ပလေ့လာရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းကစတင်၍ အထင်ကရ နေရာ(၅)နေရာသို့ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ခင်မာလာဝင်း ကြီးကြပ်မှုဖြင့် ကျိုင်းတုံမြို့၏ အထင်ကရ နေရာများအနက် မဟာမြတ်မုနိဘုရားကြီး၊ ရပ်တော်မူဘုရား၊ သစ်တစ်ပင်တောင် နှင့် ရေပူစမ်း အပန်းဖြေ စခန်းများသို့ ကလေးငယ်များဖြင့် လေ့လာရေးခရီးအဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ပြင်ပ လေ့လာရေးခရီးစဉ်အဖြစ် ကျိုင်းတုံမှာတော့ ကျိုင်းတုံမူလတန်းကြိုကျောင်းက စတင် ပြုလုပ်လိုက်တာပါ၊ ကျန်တဲ့ လူမှုဝန်ထမ်း အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွေကတော့ ဒီလ (၁၀)ရက်နေ့ ကျရင်တော့ ကဗျာ၊ သီချင်း၊ ပုံပြင်ပြိုင်ပွဲတွေ လုပ်မှာ။ (၁၂)ရက်နေ့မှာလည်း တစ်ခါထပ်လုပ်ဖို့ရှိတယ်။ (၁၃)ရက်နေ့ မြန်မာကလေးများနေ့ ကျရင်တော့ ပျော်ပွဲရွှင်ပွဲတွေ လုပ်သွားမှာပါ၊ ကျိုင်းတုံတစ်ခုတည်း မဟုတ်ဘဲ၊ တာချီလိတ်မှာလည်း အတူတူပါပဲ၊ သတ်မှတ်ရက်တွေ အားလုံးမှာ အတူတူ လုပ်ကြမှာပါ"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်းက ပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~