မုိင္းျဖတ္တြင္ (၇၀)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔အခမ္းအနား က်င္းပ

မုိင္းျဖတ္တြင္ (၇၀)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔အခမ္းအနား က်င္းပ
ဖေဖော်ဝါရီ 7, 2017
By Tachileik News Agency

႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ႏွစ္ (၇၀)ေျမာက္ ႐ွမ္းျပည္နယ္ေန႔ အခမ္းအနားအား ေဖေဖာ္၀ါရီလ(၇)ရက္ နံနက္(၈)နာရီခြဲက စတင္က်င္းပရာ ဌာနဆိိုင္ရာမ်ားႏွင့္ ေဒသခံမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ႏွစ္(၇၀)ေျမာက္ ရွမ္းျပည္နယ္ေန႔အတြက္ ရွမ္းျပည္နယ္အစိုးရမွ ေပးပို႔ေသာသ၀ဏ္လႊာအား မုိင္းျဖတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္က ဖတ္ၾကားၿပီး မိုင္းျဖတ္ၿမိဳ႕နယ္၏ သမိုင္းေၾကာင္းႏွင့္ ရွမ္းျပည္နယ္ေန႔ ျဖစ္ေပၚလာပုံသမိုင္းကို ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ နာယကအဖြဲ႔၀င္ ဦးၫြန္႔၀င္းက ဖတ္ၾကားရွင္းလင္း ေျပာၾကားသည္။

"ကြ်န္ေတာ္တို႔ တပ္မေတာ္နယ္လွည့္ေဆးကုသေရးအဖြဲ႔ အေနနဲ႔ မိုင္းျဖတ္ၿမိဳ႕နယ္ အတြင္းရွိ ရွမ္းတိုင္းရင္းသားမ်ားေနတဲ့ ေက်းရြာေတြကို ရွမ္းဥပုသ္ေန႔တြင္ လည္းေကာင္း၊ အာခါ၊ လားဟူတိုင္းရင္းသားေတြေနတဲ့ ေက်းရြာေတြကို တနဂၤေႏြေန႔တြင္ လည္းေကာင္း ေဆးကုသေပးလွ်က္ရွိေၾကာင္း" အမွတ္(၁၈)၊ စစ္ဆင္ေရးကြပ္ကဲမႈစစ္ဌာနခ်ဳပ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ မ်ဳိးတင့္ေအာင္မွ အဖြင့္အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသြားသည္။

ယင္းေနာက္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ၏ လုပ္ငန္းေဆာင္ရြက္ေနမႈမ်ား အေၾကာင္းကို ရွမ္းစာေပႏွင့္ ယဥ္ေက်းမွႈေကာ္မတီ ဥကၠဌ ေဒၚနန္းေဖာင္းမွ ရွင္းလင္းေျပာၾကားၿပီး ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ ဒုတိယဥကၠဌ ဦးစုိင္းခမ္းက်န္မွ ေက်းဇူးတင္စကားေျပာၾကားသည္။

ယင္းေနာက္ မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း လုပ္ကိုင္ ေဆာင္ရြက္လွ်က္္ရွိသည့္ ဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ား အေျခအေနအား ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစုိင္းေက်ာက္မွ ရွင္းလင္းေျပာၾကားသည္။

အဆိုပါ အခမ္းအနားသို႔ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈစစ္ဌာနခ်ဳပ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ မ်ဳိးတင့္ေအာင္ ႏွင့္ တပ္မေတာ္အရာရွိမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္၊ မိုင္းၿဖတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ႏွင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ တိုင္းရင္းသားျပည္သူမ်ား တက္ေရာက္လာေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေန႔ပြဲေတာ္ကို မိုင္းျဖတ္ၿမိဳ႕နယ္ နမ့္ေလာက္ ေက်းရြာအုပ္စု ေဖြးဟုန္းေက်းရြာအနီး သမိုင္းဝင္ စြမ္ေဒါင့္ဘုရားကြင္းျပင္တြင္ မိုင္းျဖတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီမွဦးစီး၍ ေဖေဖာ္ဝါရီလ(၅)ရက္ေန႔မွ စတင္ကာ (၃)ရက္ က်င္းပျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု - #ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နှစ် (၇၀)မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအား ဖေဖော်ဝါရီလ(၇)ရက် နံနက်(၈)နာရီခွဲက စတင်ကျင်းပရာ ဌာနဆိုင်ရာများနှင့် ဒေသခံများ တက်ရောက်ကြကြောင်း သိရသည်။
နှစ်(၇၀)မြောက် ရှမ်းပြည်နယ်နေ့အတွက် ရှမ်းပြည်နယ်အစိုးရမှ ပေးပို့သောသဝဏ်လွှာအား မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ဖတ်ကြားပြီး မိုင်းဖြတ်မြို့နယ်၏ သမိုင်းကြောင်းနှင့် ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကအဖွဲ့ဝင် ဦးညွန့်ဝင်းက ဖတ်ကြားရှင်းလင်း ပြောကြားသည်။
"ကျွန်တော်တို့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ အနေနဲ့ မိုင်းဖြတ်မြို့နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများနေတဲ့ ကျေးရွာတွေကို ရှမ်းဥပုသ်နေ့တွင် လည်းကောင်း၊ အာခါ၊ လားဟူတိုင်းရင်းသားတွေနေတဲ့ ကျေးရွာတွေကို တနင်္ဂေနွနေ့တွင် လည်းကောင်း ဆေးကုသပေးလျှက်ရှိကြောင်း" အမှတ်(၁၈)၊ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။
ယင်းနောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်းကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဒေါ်နန်းဖောင်းမှ ရှင်းလင်းပြောကြားပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ဦးစိုင်းခမ်းကျန်မှ ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် မိုင်းဖြတ်မြို့နယ်အတွင်း လုပ်ကိုင် ဆောင်ရွက်လျှက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အခြေအနေအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်မှ ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင် နှင့် တပ်မတော်အရာရှိများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်လာကြောင်း သိရသည်။
ရှမ်းပြည်နယ်နေ့ပွဲတော်ကို မိုင်းဖြတ်မြို့နယ် နမ့်လောက် ကျေးရွာအုပ်စု ဖွေးဟုန်းကျေးရွာအနီး သမိုင်းဝင် စွမ်ဒေါင့်ဘုရားကွင်းပြင်တွင် မိုင်းဖြတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှဦးစီး၍ ဖေဖော်ဝါရီလ(၅)ရက်နေ့မှ စတင်ကာ (၃)ရက် ကျင်းပခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဋကိုသာ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~