ခြင့္ျပဳခ်က္မဲ့ သယ္ေဆာင္လာသည့္ ကြ်န္းသစ္တံခါးခ်ပ္ (၂၅၀)ေက်ာ္ မိုင္းျဖတ္တြင္ ဖမ္းဆီးရမိ

ခြင့္ျပဳခ်က္မဲ့ သယ္ေဆာင္လာသည့္ ကြ်န္းသစ္တံခါးခ်ပ္ (၂၅၀)ေက်ာ္ မိုင္းျဖတ္တြင္ ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 9, 2017
By Tachileik News Agency

မိုင္းျဖတ္ၿမိဳ႕တြင္ ပူးေပါင္းအဖြဲ႕တို႔မွ ေရွာင္တခင္ စစ္ေဆးမွဳမ်ားျပဳလုပ္ေနစဥ္ က်ိဳင္းတုံၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သုိ႔ ကၽြန္းသစ္တံခါးရြက္(၂၅၇)ခု သယ္ေဆာင္လာေသာ Tractor Head ကားတစ္စီးအား ဖမ္းဆီးရမိေၾကာင္းသိရသည္။

ေဖေဖာ္၀ါရီလ (၇)ရက္ေန႔ ည(၈)နာရီအခ်ိန္၌ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ေျချမန္တပ္ရင္း ႏွင့္ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန စသည့္ ပူးေပါင္းအဖြဲ႕တို႔က မိုင္းျဖတ္ၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမႀကီးေဘး ယမ္းခမ္းေက်းရြာ အနီး ေရွာင္တခင္စစ္ေဆးေနခ်ိန္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Tractor Head ကားတြင္ အလ်ား (၄)ေပ (၃)လက္မခန္႔မွ အလ်ား (၆)ေပ (၆)လက္မ ရွိ ကၽြန္းသစ္တံခါးရြက္ (၂၅၇)ခ်ပ္ ၊ ေျပာင္း အိတ္(၅၀) ႏွင့္ ျမန္မာေငြ က်ပ္ (၁၀)သိန္း တို႔ကို ေတြ႕ရွိခဲ့ၿပီး ယာဥ္ေမာင္းသူ ယာဥ္ေမာင္းကိုညီ(ခ) မင္းမင္းလတ္ ႏွင့္ ယာဥ္ေနာက္လိုက္ပါလာသူတစ္ဦးတို႔အား ဖမ္းဆီးရမိေၾကာင္းသိရသည္။

သက္ဆိုင္ရာပူးအေပါင္းအဖြဲ႔မွ ဖမ္းဆီးရမိသည့္ ပစၥည္းမ်ားကို တိုင္းတာ၍ တန္ဖိုးျဖတ္ရာတြင္ အဆိုပါ တံခါးခ်ပ္မ်ား၏ တန္ဖိုးမွာ က်ပ္(၅၅)သိန္းေက်ာ္တန္ဖိုးရွိေၾကာင္း သိရသည္။

"ဖမ္းမိတာကေတာ့ မေန႔က ဖမ္းမိတာ၊ တရား၀င္ သယ္ေဆာင္ျခင္း ဟုတ္/မဟုတ္ နဲ႔ အေထာက္အထား အခ်က္အလက္ေတြ စစ္ေဆးတဲ့အခါမွာ ဘာမွ မျပႏိုင္ဘူး။ ပထမကေတာ့ ဆရာေတာ္တစ္ပါးရဲ႕ ေက်ာင္းအေဆာက္အဦအတြက္လို႔ ေျပာတယ္။ ေသခ်ာစံုစမ္းေတာ့ မဟုတ္တဲ့အျပင္ တရား၀င္ အေထာက္အထားလည္း မျပႏိုင္လို႔ သိမ္းဆည္းၿပီး ဖမ္းဆီးအေရးယူ ေဆာင္ရြက္လိုက္ပါတယ္"ဟု ပူးေပါင္းအဖြဲ႔တြင္ ပါ၀င္သည့္ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။

အဆိုပါ ဖမ္းဆီရမိေသာ ယာဥ္ႏွင့္ ကၽြန္းသစ္မ်ားအား မိုင္းျဖတ္ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနတြင္ သိမ္းဆည္းထားရွိၿပီး ယာဥ္ေမာင္းျဖစ္သူ ကိုညီ(ခ)မင္းမင္းလတ္ ႏွင့္ ယာဥ္ေပၚ လိုက္ပါလာသူ ေက်ာ္သူေအးတို႔ကို ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂/ ၂၀၁၇ ႏွင့္ ျပည္သူပိုင္ ပစၥည္းကာကြယ္ေစာင့္ေရွာက္ေရးဥပေဒ ပုဒ္မ ၆(၁)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဖြတ်မြို့တွင် ပူးပေါင်းအဖွဲ့တို့မှ ရှောင်တခင် စစ်ဆေးမှုများပြုလုပ်နေစဉ် ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ကျွန်းသစ်တံခါးရွက်(၂၅၇)ခု သယ်ဆောင်လာသော Tractor Head ကားတစ်စီးအား ဖမ်းဆီးရမိကြောင်းသိရသည်။

ဖေဖော်ဝါရီလ (၇)ရက်နေ့ ည(၈)နာရီအချိန်၌ မြို့နယ်ရဲတပ်ဖွဲ့၊ခြမြေန်တပ်ရင်း နှင့် မြို့နယ်သစ်တောဦးစီးဌာန စသည့် ပူးပေါင်းအဖွဲ့တို့က မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုလမ်းမကြီးဘေး ယမ်းခမ်းကျေးရွာ အနီး ရှောင်တခင်စစ်ဆေးနေချိန် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Tractor Head ကားတွင် အလျား (၄)ပေ (၃)လက်မခန့်မှ အလျား (၆)ပေ (၆)လက်မ ရှိ ကျွန်းသစ်တံခါးရွက် (၂၅၇)ချပ်၊ ပြောင်း အိတ်(၅၀) နှင့် မြန်မာငွေ ကျပ် (၁၀)သိန်း တို့ကို တွေ့ရှိခဲ့ပြီး ယာဉ်မောင်းသူ ယာဉ်မောင်းကိုညီ(ခ) မင်းမင်းလတ် နှင့် ယာဉ်နောက်လိုက်ပါလာသူတစ်ဦးတို့အား ဖမ်းဆီးရမိကြောင်းသိရသည်။

သက်ဆိုင်ရာပူးအပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသည့် ပစ္စည်းများကို တိုင်းတာ၍ တန်ဖိုးဖြတ်ရာတွင် အဆိုပါ တံခါးချပ်များ၏ တန်ဖိုးမှာ ကျပ်(၅၅)သိန်းကျော်တန်ဖိုးရှိကြောင်း သိရသည်။

"ဖမ်းမိတာကတော့ မနေ့က ဖမ်းမိတာ၊ တရားဝင် သယ်ဆောင်ခြင်း ဟုတ်/မဟုတ် နဲ့ အထောက်အထား အချက်အလက်တွေ စစ်ဆေးတဲ့အခါမှာ ဘာမှ မပြနိုင်ဘူး။ ပထမကတော့ ဆရာတော်တစ်ပါးရဲ့ ကျောင်းအဆောက်အဦအတွက်လို့ ပြောတယ်။ သေချာစုံစမ်းတော့ မဟုတ်တဲ့အပြင် တရားဝင် အထောက်အထားလည်း မပြနိုင်လို့ သိမ်းဆည်းပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်လိုက်ပါတယ်"ဟု ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဖမ်းဆီရမိသော ယာဉ်နှင့် ကျွန်းသစ်များအား မိုင်းဖြတ်မြို့နယ်သစ်တောဦးစီးဌာနတွင် သိမ်းဆည်းထားရှိပြီး ယာဉ်မောင်းဖြစ်သူ ကိုညီ(ခ)မင်းမင်းလတ် နှင့် ယာဉ်ပေါ် လိုက်ပါလာသူ ကျော်သူအေးတို့ကို မြို့နယ်သစ်တောဦးစီးဌာနမှ မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၂/ ၂၀၁၇ နှင့် ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~