က်ိဳင္းတံု - တာခ်ီလိတ္လမ္းတြင္ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိေသာ္လည္း သယ္ေဆာင္သူ လြတ္ေျမာက္သြား

က်ိဳင္းတံု - တာခ်ီလိတ္လမ္းတြင္ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိေသာ္လည္း သယ္ေဆာင္သူ လြတ္ေျမာက္သြား
ဖေဖော်ဝါရီ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ ့ပိုင္း) က်ိဳင္းတုံ - တာခ်ီလိတ္လမ္း မိုင္တိုင္(၂၈)မွ မိုင္းပတ္ရြာသို ့ သြားသည့္လမ္းတြင္ ေဖေဖာ္၀ါရီလ (၈)ရက္ ည(၇)နာရီခန္ ့၌္ က်ပ္(၇၅)သိန္း တန္ဖိုးရိွသည့္ ဘိန္းစိမ္း(၇.၅)ကီလိုဂရမ္အား ဖမ္းဆီးရမိခဲ့ျပီး သယ္ေဆာင္လာသူမွာ လမ္းေဘးေရေခ်ာင္းအတြင္းသို ့ ခုန္ခ်ထြက္ေျပးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မိုင္းျဖတ္ၿမိဳ႕နယ္၊ မိုင္းဟဲေက်းရြာအုပ္စုေန က်မူး ဆိုသူသည္ က်ိဳင္းတုံၿမိဳ ့နယ္၊ မိုင္းပတ္(အထက္)ေက်းရြာအုပ္စု ေက်းရြာမ်ားမွ ဘိန္းမ်ား၀ယ္ယူ၍ မုိင္းပတ္ရြာမွ က်ိဳင္းတုံ-တာခ်ီလိတ္လမ္း မိုင္တိုင္(၂၈)အနီး ကားလမ္းမွ ဆိုင္ကယ္ျဖင့္ ျပန္လာမည္ျဖစ္ေၾကာင္း သတင္းရသျဖင့္ မူးယစ္တပ္ဖြဲ႔စု(၂၈)က်ိဳင္းတုံမွ ရဲတပ္ဖြဲ ့၀င္မ်ားႏွင့္ ယန္းခေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး၊ ရြာသူႀကီးႏွင့္ တာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕က ေစာင့္ဆိုင္းေနစဥ္ ဆိုင္ကယ္ျဖင့္ ေရာက္လာသည့္ က်မူးအား စစ္ေဆးရန္ ရပ္တန္ ့ခိုင္းရာ ဆိုင္ကယ္ေပၚမွ လမ္းေဘးေရေခ်ာင္းအတြင္းသို ့ ခုန္ခ်ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်န္ရိွေသာ ဆိုင္ကယ္အား စစ္ေဆးရာ ဆိုင္ကယ္ေရွ ့ခြၾကားတြင္ ညႇပ္ထားသည့္ ေက်ာပိုးအိတ္အတြင္းမွ ဘိန္းစိမ္း အေလးခ်ိန္ (၁.၅) ကီလိုဂရမ္ခန္ ့ပါ (၁)ထုပ္၊ (၁)ကီလိုဂရမ္ခန္ ့ပါ (၆)ထုပ္ စုစုေပါင္း ဘိန္းစိမ္း (၇.၅)ကီလိုဂရမ္ တန္ဖိုး က်ပ္(၇၅)သိန္းအား ရွာေဖြေတြ ့ရိ္ွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားအား ေရာင္းခ်ရန္ သယ္ေဆာင္လာသူ က်မူးအား က်ိဳင္းတုံၿမိဳ ့မ ရဲစခန္းတြင္ မယ(ပ)၂၀/၂၀၁၇၊ မူး/စိတ္ ၁၉(က) အရ အမႈဖြင့္၍ အျမန္ဆုံး ဖမ္းဆီးရရိွႏိုင္ရန္ ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်(၂၈)မှ မိုင်းပတ်ရွာသို့ သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ (၈)ရက် ည(၇)နာရီခန့်၌် ကျပ်(၇၅)သိန်း တန်ဖိုးရှိသည့် ဘိန်းစိမ်း(၇.၅)ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူမှာ လမ်းဘေးရေချောင်းအတွင်းသို့ ခုန်ချထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စုနေ ကျမူး ဆိုသူသည် ကျိုင်းတုံမြို့နယ်၊ မိုင်းပတ်(အထက်)ကျေးရွာအုပ်စု ကျေးရွာများမှ ဘိန်းများဝယ်ယူ၍ မိုင်းပတ်ရွာမှ ကျိုင်းတုံ-တာချီလိတ်လမ်း မိုင်တိုင်(၂၈)အနီး ကားလမ်းမှ ဆိုင်ကယ်ဖြင့် ပြန်လာမည်ဖြစ်ကြောင်း သတင်းရသဖြင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယန်းခကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရွာသူကြီးနှင့် တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်ဖြင့် ရောက်လာသည့် ကျမူးအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ဆိုင်ကယ်ပေါ်မှ လမ်းဘေးရေချောင်းအတွင်းသို့ ခုန်ချထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိသော ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြားတွင် ညှပ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ဘိန်းစိမ်း အလေးချိန် (၁.၅) ကီလိုဂရမ်ခန့်ပါ (၁)ထုပ်၊ (၁)ကီလိုဂရမ်ခန့်ပါ (၆)ထုပ် စုစုပေါင်း ဘိန်းစိမ်း (၇.၅)ကီလိုဂရမ် တန်ဖိုး ကျပ်(၇၅)သိန်းအား ရှာဖွေတွေ့ရှိ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား ရောင်းချရန် သယ်ဆောင်လာသူ ကျမူးအား ကျိုင်းတုံမြို့မ ရဲစခန်းတွင် မယ(ပ)၂၀/၂၀၁၇၊ မူး/စိတ် ၁၉(က) အရ အမှုဖွင့်၍ အမြန်ဆုံး ဖမ်းဆီးရရှိနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~