တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ေရာင္နီဦးလမ္းတြင္ အမ်ဳိးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ေဖေဖာ္၀ါရီလ (၁၀)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ႀကိဳးဆြဲခ်ေသဆံုးသူမွာ အသက္(၄၇)ႏွစ္ရွိ ဦးဘသန္းျဖစ္ၿပီး ၎၏ ေဆြမ်ဳိးမ်ားမွာ ရခိုင္ျပည္နယ္ ေျမပံုၿမိဳ႕တြင္ရွိေၾကာင္း ႏွင့္ ၎သည္ တစ္ဦးတည္း ေနထိုင္သူျဖစ္သည့္အျပင္ အနီးအနားရွိ လူမ်ားက ေကြ်းေမြးထားရေၾကာင္း သိရသည္။
"ဘာျဖစ္လို႔ အခုလို လုပ္လဲေတာ့ မသိဘူး၊ ကြ်န္ေတာ္တို႔ဆီ လာအေၾကာင္းၾကားတာကေတာ့ မနက္ (၈)နာရီ၀န္းက်င္ေလာက္မွာပါ၊ သူ႔ေဆြမ်ဳိးေတြက ရခိုင္မွာလို႔ သိရပါတယ္။"ဟု အဆိုပါေနရာသို႔ သြားေရာက္ စစ္ေဆးခဲ့သည့္ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။
ဦးဘသန္းအား နံနက္(၇)နာရီ(၄၅)မိနစ္၀န္းက်င္က အနီးေန မိတ္ေဆြတစ္ဦးမွ ေခါက္ဆြဲေကြ်းရန္အတြက္ ေနအိမ္တံခါးအား ဖြင့္လိုက္ရာမွ ဦးဘသန္းမွာ ႀကိဳးဆြဲခ်ေသဆံုးေနလွ်က္ျဖစ္ေနေၾကာင္း ႏွင့္ ဦးဘသန္းမွာ ေနမေကာင္းျဖစ္ေန၍ ေန႔စဥ္ ေခါက္ဆြဲလာေကြ်းေနရသည္မွာ (၁)လေက်ာ္ၾကာခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အခင္းျဖစ္ပြားရာေနရာသို႔ သက္ဆိုင္ရာရဲတပ္ဖြဲ႔ႏွင့္ တာ၀န္ရွိသူမ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၾကၿပီး ေသဆံုးသည့္ ရုပ္အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ဓာတ္ပံု - ၿမိဳ႕နယ္ ေထြ/အုပ္
ကြိုးဆွဲချသေဆုံးသူမှာ အသက်(၄၇)နှစ်ရှိ ဦးဘသန်းဖြစ်ပြီး၎င်း၏ ဆွေမျိုးများမှာ ရခိုင်ပြည်နယ် မြေပုံမြို့တွင်ရှိကြောင်း နှင့်၎င်းသည် တစ်ဦးတည်း နေထိုင်သူဖြစ်သည့်အပြင် အနီးအနားရှိ လူများက ကျွေးမွေးထားရကြောင်း သိရသည်။
"ဘာဖြစ်လို့ အခုလို လုပ်လဲတော့ မသိဘူး၊ ကျွန်တော်တို့ဆီ လာအကြောင်းကြားတာကတော့ မနက် (၈)နာရီဝန်းကျင်လောက်မှာပါ၊ သူ့ဆွေမျိုးတွေက ရခိုင်မှာလို့ သိရပါတယ်။"ဟု အဆိုပါနေရာသို့ သွားရောက် စစ်ဆေးခဲ့သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဦးဘသန်းအား နံနက်(၇)နာရီ(၄၅)မိနစ်ဝန်းကျင်က အနီးနေ မိတ်ဆွေတစ်ဦးမှ ခေါက်ဆွဲကျွေးရန်အတွက် နေအိမ်တံခါးအား ဖွင့်လိုက်ရာမှ ဦးဘသန်းမှာ ကြိုးဆွဲချသေဆုံးနေလျှက်ဖြစ်နေကြောင်း နှင့် ဦးဘသန်းမှာ နေမကောင်းဖြစ်နေ၍ နေ့စဉ် ခေါက်ဆွဲလာကျွေးနေရသည်မှာ (၁)လကျော်ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး သေဆုံးသည့် ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - မြို့နယ် ထွေ/အုပ်