ရွမ္းျပည္နယ္ အေရွ႕/ေတာင္/ေျမာက္ပိုင္း NLD အလုပ္အမႈေဆာင္အား စုစုေပါင္း (၂၂)ဦးျဖင့္ ဖြဲ႔စည္း

ရွမ္းျပည္နယ္ အေရွ႕/ေတာင္/ေျမာက္ပိုင္း NLD အလုပ္အမႈေဆာင္အား စုစုေပါင္း (၂၂)ဦးျဖင့္ ဖြဲ႔စည္း
ဖေဖော်ဝါရီ 10, 2017
By Tachileik News Agency

အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္၏ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေ၀းတြင္ ရွမ္းျပည္နယ္ အလုပ္အမႈေဆာင္အဖြဲ႔ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း အလုပ္အမႈေဆာင္အဖြဲ႔မ်ားကို အတည္ျပဳေရြးလိုက္ဖြဲ႔စည္းလိုက္ေၾကာင္းကို ေဖေဖာ္၀ါရီလ(၉)ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာထားရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အလုပ္အမႈေဆာင္အဖြဲ႕တြင္ ဥကၠဌအျဖစ္ ဦးေဇာ္မင္းလတ္အား တာ၀န္ေပးထားၿပီး အဖြဲ႔၀င္ (၁၄)ဦးျဖင့္ ဖြဲ႔စည္းထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း အလုပ္အမႈေဆာင္အဖြဲ႔တြင္ ဦးစိုင္းစံတြီအား ဥကၠဌ အျဖစ္ တာ၀န္ေပးထားၿပီး အဖြဲ႔၀င္ (၈)ဦးျဖင့္ လည္းေကာင္း၊ ရွမ္းျပည္နယ္ေတာင္ပိုင္းအလုပ္အမႈေဆာင္အဖြဲ႔တြင္ ဦးေဇာ္မင္းလတ္အား ဥကၠဌ အျဖစ္ တာ၀န္ေပးထားၿပီး အဖြဲ႔၀င္ (၆)ဦးျဖင့္ လည္းေကာင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း အလုပ္အမႈေဆာင္အဖြဲ႔တြင္ ဦးစိုင္းျမင့္ေမာင္အား ဥကၠဌအျဖစ္ တာ၀န္ေပးထားၿပီး အဖြဲ႔၀င္ (၈)ဦးျဖင့္ ဖြဲ႔စည္းထားရွိေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္အေရွ႕ပိုင္း အလုပ္အမႈေဆာင္အဖြဲ႔ ဥကၠဌ အေနနဲ႔ကေတာ့ ကြ်န္ေတာ္တို႔ တာခ်ီလိတ္က ဦးစိုင္းစံတြီပါ၊ အတြင္းေရးမွဴးအျဖစ္ က်ဳိင္းတံုက မနီလာ၀င္းပါ၊ အလုပ္အမႈေဆာင္ အဖြဲ႔၀င္ (၈)ဦးနဲ႔ ဖြဲ႔စည္းေပးလာပါတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ပါတီ၀င္တစ္ဦးက ေျပာျပသည္။

ရွမ္းျပည္နယ္အလုပ္အမႈေဆာင္အဖြဲ႔၀င္မ်ားအား ရွမ္းျပည္နယ္ အေရွ႕/ေတာင္/ေျမာက္ပိုင္းတို႔မွ ဥကၠဌမ်ားႏွင့္ အလုပ္အမႈေဆာင္ အဖြဲ႔၀င္မ်ားျဖင့္ ေပါင္းစည္းကာ ဖြဲ႔စည္းထားရွိရာတြင္ ရွမ္းျပည္နယ္ အလုပ္အမႈေဆာင္အဖြဲ႔၀င္ (၁၄)ဦး ရွိၿပီး ရွမ္းျပည္နယ္တစ္ခုလံုးတြင္ အလုပ္အမႈေဆာင္ အဖြဲ႔၀င္ စုစုေပါင္း (၂၂)ဦး ပါ၀င္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အလုပ္အမႈေဆာင္ ႏွင့္ ရွမ္းျပည္နယ္ အေရွ႕/ေတာင္/ေျမာက္ပိုင္းတို႔၏ အလုပ္အမႈေဆာင္ အဖြဲ႔ အတည္ျပဳဖြဲ႔စည္းျခင္းကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ (၅)ရက္ေန႔က က်င္းပျပဳလုပ္သည့္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၏ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေ၀း ဆံုးခ်က္အရ ျဖစ္ေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အစည်းအေဝးတွင် ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အလုပ်အမှုဆောင်အဖွဲ့များကို အတည်ပြုရွေးလိုက်ဖွဲ့စည်းလိုက်ကြောင်းကို ဖေဖော်ဝါရီလ(၉)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဌအဖြစ် ဦးဇော်မင်းလတ်အား တာဝန်ပေးထားပြီး အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း အလုပ်အမှုဆောင်အဖွဲ့တွင် ဦးစိုင်းစံတွီအား ဥက္ကဌ အဖြစ် တာဝန်ပေးထားပြီး အဖွဲ့ဝင် (၈)ဦးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းအလုပ်အမှုဆောင်အဖွဲ့တွင် ဦးဇော်မင်းလတ်အား ဥက္ကဌ အဖြစ် တာဝန်ပေးထားပြီး အဖွဲ့ဝင် (၆)ဦးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း အလုပ်အမှုဆောင်အဖွဲ့တွင် ဦးစိုင်းမြင့်မောင်အား ဥက္ကဌအဖြစ် တာဝန်ပေးထားပြီး အဖွဲ့ဝင် (၈)ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရသည်။

"ရှမ်းပြည်နယ်အရှေ့ပိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ အနေနဲ့ကတော့ ကျွန်တော်တို့ တာချီလိတ်က ဦးစိုင်းစံတွီပါ၊ အတွင်းရေးမှူးအဖြစ် ကျိုင်းတုံက မနီလာဝင်းပါ၊ အလုပ်အမှုဆောင် အဖွဲ့ဝင် (၈)ဦးနဲ့ ဖွဲ့စည်းပေးလာပါတယ်။"ဟု တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ဦးက ပြောပြသည်။

ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ရှမ်းပြည်နယ် အရှေ့/တောင်/မြောက်ပိုင်းတို့မှ ဥက္ကဌများနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြင့် ပေါင်းစည်းကာ ဖွဲ့စည်းထားရှိရာတွင် ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် (၁၄)ဦး ရှိပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် အလုပ်အမှုဆောင် အဖွဲ့ဝင် စုစုပေါင်း (၂၂)ဦး ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အလုပ်အမှုဆောင် နှင့် ရှမ်းပြည်နယ် အရှေ့/တောင်/မြောက်ပိုင်းတို့၏ အလုပ်အမှုဆောင် အဖွဲ့ အတည်ပြုဖွဲ့စည်းခြင်းကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့က ကျင်းပပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အစည်းအေဝး ဆုံးချက်အရ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~