မယ္ဆိုင္ၿမိဳ႕တြင္ ေနထိုင္သည့္ လူကုန္ကူးသူႏွစ္ဦးအား ဖမ္းဆီးႏိုင္ရန္ က်ဳိင္းတံုတြင္ အမႈဖြင့္

မယ္ဆိုင္ၿမိဳ႕တြင္ ေနထိုင္သည့္ လူကုန္ကူးသူႏွစ္ဦးအား ဖမ္းဆီးႏိုင္ရန္ က်ဳိင္းတံုတြင္ အမႈဖြင့္
ဖေဖော်ဝါရီ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ ကတ္ထိုက္ေက်းရြာအုပ္စု ဟိုေတ႔ရြာမွ အမ်ိဳးသမီးတစ္ဦးအား လူကုန္ကူးခဲ့သည့္ အဆိုပါ ေက်းရြာေန အမ်ိဳးသမီးတစ္ဦးႏွင့္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕တြင္ ေရာက္ရိွေနသူ ႏွစ္ဦးတို႔အား က်ိဳငး္တံုၿမိဳ႕မရဲစခန္းတြင္ လူကုန္ကူး ပုဒ္မျဖင့္ အမႈဖြင့္ၿပီး ဖမ္းဆီးႏုိင္ေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံသို႔ လူကုန္ကူးခံရၿပီး ျမန္မာႏိုင္ငံသို႔ ျပန္လည္ လႊဲေျပာင္းခံရသည့္ ျမန္မာအမ်ိဳးသမီး (၁၅)ဦးအနက္ က်ိဳင္းတံုၿမိဳ႕ ကတ္ထိုက္ေက်းရြာအုပ္စု ဟိုေတ့ရြာမွ အမ်ိဳးသမီးတစ္ဦးအား စည္းရံုး ပို႔ေဆာင္ေပးသူႏွင့္ အေပါင္းအပါမ်ားအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ေဖေဖာ္၀ါရီလ (၈) ရက္ေန႔က အမႈဖြင့္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္ လူကုန္ကူးခံခဲ့ရသျဖင့္ ထိုင္းႏိုင္ငံလူမႈဖြံ ့ၿဖိဳးတိုးတက္ေရးႏွင့္ လူသားလုံၿခဳံေရးဝန္ႀကီးဌာန လက္ေအာက္ရိွ ေဂဟာအသီးသီးတြင္ လက္ခံေစာင့္ေရွာက္ေပးထားသည့္ ျမန္မာႏုိင္ငံသား အမ်ိဳးသမီး မ်ားအား ရွမ္းျပည္နယ္အေရွ ့ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ ဇန္န၀ါရီလ(၃၁)ရက္ေန႔ နံနက္ပိုင္းက ျပန္လည္လႊဲေျပာင္းလာခဲ့ျခင္းျဖစ္ရာ ယင္းတို႔အနက္မွ တစ္ဦးက အမႈဖြင့္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

လူကုန္ကူးခံရသူ အမ်ိဳးသမီး၏ ထြက္ဆိုခ်က္အရ ၂၀၁၆ ခုႏွစ္ ေမလတြင္ တစ္ရြာတည္းေနသူ ေဒၚနန္းအီႏွင့္ ညီမျဖစ္သူ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ ့တြင္ ေနထိုင္သည့္ ေဒၚနန္းတစ္တို႔က ဘန္ေကာက္ေန ေဒၚနန္းတစ္၏ သမီးမွာ တစ္ဦးတည္းျဖစ္ေန၍ အေဖာ္အျဖစ္ေနထိုင္ေပးရန္ဟု ေျပာဆိုစည္းရံုးကာ လူကုန္ကူးခံရသူ၏ မိဘမ်ားအား ႀကိဳတင္ေငြအျဖစ္ ဘတ္ (၄၀၀၀) ေပးခဲ့ၿပီး ၎အား ေခၚေဆာင္သြားခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးတြင္ မွတ္ပုံတင္မရိွသျဖင့္ က်ိဳင္းတုံမွ တာခ်ီလိတ္သို ့ ဆိုင္ကယ္ျဖင့္ ပို ့ေဆာင္ေပးရန္ ဟိုေတ့ရြာတြင္ ေနထိုင္သည့္ အိုက္ဆိုက္အား က်ပ္တစ္သိန္းေပးၿပီး ေစခိုင္းခဲ့ၿပီး ေဒၚနန္းအီႏွင့္ ေဒၚနန္းတစ္တို႔က မ×××အား တာခ်ီလိတ္ၿမိဳ ့မွ တစ္ဆင့္ မယ္ဆိုင္သို ့ တရားမ၀င္ ပို ့ေဆာင္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ မ×××အား ဘန္ေကာက္ၿမိဳ ့ေန လြယ္သူေဌးမတစ္ဦးထံ ေရာင္းခ်ခံရကာ ဘန္ေကာက္ျမိဳ ့ရိွ နာတာလီ ျပည့္တန္ဆာဆိုင္တြင္ ျပည့္တန္ဆာ အလုပ္ကို (၃)ရက္ လုပ္ေဆာင္ခဲ့ရၿပီး ရရိွေသာ အခေၾကးေငြမွ (၄၅၀၀)ဘတ္အား ခရီးစရိတ္အျဖစ္ လြယ္သူေဌးမမွ ျဖတ္ယူခဲ့သျဖင့္ ေငြမရရိွဘဲ ျပည့္တန္ဆာအလုပ္ကို လုပ္ကိုင္ခဲ့ရေၾကာင္း သိရသည္။

ထို ့ေၾကာင့္ လူကုန္ကူးခံရသူ မ×××အား ထိုင္းႏိုင္ငံတြင္ အလုပ္အကိုင္ ရွာေဖြေပးမည္ဟု စည္းရုံးေျပာဆိုၿပီး ျပည့္တန္ဆာအျဖစ္ လုပ္ကိုင္ေစရန္ အခေၾကးေငြရယူ ပို ့ေဆာင္ေပးသူ ေဒၚနန္းအီအား ဖမ္းဆီးထားၿပီး ၄င္း၏ အေပါင္းအပါမ်ားျဖစ္သည့္ ေဒၚနန္းတစ္ႏွင့္ အိုက္ဆိုင္တို ့မွာ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ေရာက္ရိွေနသည့္ အတြက္ ဖမ္းဆီးရရိွႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

လက္ရိွတြင္ နန္းအီ၊ နန္းတစ္ႏွင့္ အိုက္ဆိုင္တို႔အား က်ိဳင္းတုံၿမိဳ ့မ ရဲစခန္းတြင္ (ပ)၂၇/၂၀၁၇ လူကုန္ကူးပုဒ္မ ၂၄/၃၂ အရ အေရးယူေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၃၁)ရက္ေန႔ နံနက္ပိုင္းက လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသား အမ်ဳိးသမီး (၁၅)ဦးတြင္ အသက္အငယ္ဆံုးအျဖစ္ (၁၆)ႏွစ္အရြယ္မွ အႀကီးဆံုးအျဖစ္ အသက္(၂၀)ႏွစ္အထိ ပါ၀င္ၿပီး အားလံုးမွာ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ က်ဳိင္းတံုခရိုင္၊ တာခ်ီလိတ္ခရိုင္ ႏွင့္ မက္မန္းတို႔မွ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ကတ်ထိုက်ကျေးရွာအုပ်စု ဟိုတေ့ရွာမှ အမျိုးသမီးတစ်ဦးအား လူကုန်ကူးခဲ့သည့် အဆိုပါ ကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် ရောက်ရှိနေသူ နှစ်ဦးတို့အား ကျိုငး်တုံမြို့မရဲစခန်းတွင် လူကုန်ကူး ပုဒ်မဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခံရသည့် မြန်မာအမျိုးသမီး (၁၅)ဦးအနက် ကျိုင်းတုံမြို့ ကတ်ထိုက်ကျေးရွာအုပ်စု ဟိုတေ့ရွာမှ အမျိုးသမီးတစ်ဦးအား စည်းရုံး ပို့ဆောင်ပေးသူနှင့် အပေါင်းအပါများအား ကျိုင်းတုံမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့က အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသဖြင့် ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာအသီးသီးတွင် လက်ခံစောင့်ရှောက်ပေးထားသည့် မြန်မာနိုင်ငံသား အမျိုးသမီး များအား ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းက ပြန်လည်လွှဲပြောင်းလာခဲ့ခြင်းဖြစ်ရာ ယင်းတို့အနက်မှ တစ်ဦးက အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လူကုန်ကူးခံရသူ အမျိုးသမီး၏ ထွက်ဆိုချက်အရ ၂၀၁၆ ခုနှစ် မေလတွင် တစ်ရွာတည်းနေသူ ဒေါ်နန်းအီနှင့် ညီမဖြစ်သူ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နေထိုင်သည့် ဒေါ်နန်းတစ်တို့က ဘန်ကောက်နေ ဒေါ်နန်းတစ်၏ သမီးမှာ တစ်ဦးတည်းဖြစ်နေ၍ အဖော်အဖြစ်နေထိုင်ပေးရန်ဟု ပြောဆိုစည်းရုံးကာ လူကုန်ကူးခံရသူ၏ မိဘများအား ကြိုတင်ငွေအဖြစ် ဘတ် (၄၀၀၀) ပေးခဲ့ပြီး၎င်းအား ခေါ်ဆောင်သွားခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးတွင် မှတ်ပုံတင်မရှိသဖြင့် ကျိုင်းတုံမှ တာချီလိတ်သို့ ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးရန် ဟိုတေ့ရွာတွင် နေထိုင်သည့် အိုက်ဆိုက်အား ကျပ်တစ်သိန်းပေးပြီး စေခိုင်းခဲ့ပြီး ဒေါ်နန်းအီနှင့် ဒေါ်နန်းတစ်တို့က မ×××အား တာချီလိတ်မြို့မှ တစ်ဆင့် မယ်ဆိုင်သို့ တရားမဝင် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် မ×××အား ဘန်ကောက်မြို့နေ လွယ်သူဌေးမတစ်ဦးထံ ရောင်းချခံရကာ ဘန်ကောက်မြို့ရှိ နာတာလီ ပြည့်တန်ဆာဆိုင်တွင် ပြည့်တန်ဆာ အလုပ်ကို (၃)ရက် လုပ်ဆောင်ခဲ့ရပြီး ရရှိသော အခကြေးငွေမှ (၄၅၀၀)ဘတ်အား ခရီးစရိတ်အဖြစ် လွယ်သူဌေးမမှ ဖြတ်ယူခဲ့သဖြင့် ငွေမရရှိဘဲ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် လူကုန်ကူးခံရသူ မ×××အား ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟု စည်းရုံးပြောဆိုပြီး ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေရန် အခကြေးငွေရယူ ပို့ဆောင်ပေးသူ ဒေါ်နန်းအီအား ဖမ်းဆီးထားပြီး ၄င်း၏ အပေါင်းအပါများဖြစ်သည့် ဒေါ်နန်းတစ်နှင့် အိုက်ဆိုင်တို့မှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရောက်ရှိနေသည့် အတွက် ဖမ်းဆီးရရှိနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် နန်းအီ၊ နန်းတစ်နှင့် အိုက်ဆိုင်တို့အား ကျိုင်းတုံမြို့မ ရဲစခန်းတွင် (ပ)၂၇/၂၀၁၇ လူကုန်ကူးပုဒ်မ ၂၄/၃၂ အရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းက လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၁၅)ဦးတွင် အသက်အငယ်ဆုံးအဖြစ် (၁၆)နှစ်အရွယ်မှ အကြီးဆုံးအဖြစ် အသက်(၂၀)နှစ်အထိ ပါဝင်ပြီး အားလုံးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် နှင့် မက်မန်းတို့မှ ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~