တာချီလိတ်တွင် Ooredoo ဖုန်းကတ် အသုံးပြုသူများ မတ်လ(၃၁)ရက်နေ့ နောက်ဆုံးထား၍ အခမဲ့ မှတ်ပုံတင်နိုင်

တာချီလိတ်တွင် Ooredoo ဖုန်းကတ် အသုံးပြုသူများ မတ်လ(၃၁)ရက်နေ့ နောက်ဆုံးထား၍ အခမဲ့ မှတ်ပုံတင်နိုင်
ဖေဖော်ဝါရီ 10, 2017
By Tachileik News Agency

Ooredoo  ဖုန်းကတ်များ အသုံးပြုနေသည့် တာချီလိတ်မှ ပြည်သူများအနေဖြင့် မတ်လ(၃၁)ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့ရှိ Ooredoo Tachileik Franchise တွင် လာရောက်၍ ဆင်းကတ်များကို အခမဲ့ မှတ်ပုံတင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~
Ooredoo ဖုန်းကတ်များ အသုံးပြုနေသည့် တာချီလိတ်မှ ပြည်သူများအနဖြေင့် မတ်လ(၃၁)ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့ရှိ Ooredoo Tachileik Franchise တွင် လာရောက်၍ ဆင်းကတ်များကို အခမဲ့ မှတ်ပုံတင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး အမှတ်(၁/၅၁)တွင် ဖွင့်လှစ်ထားရှိသည့် Ooredoo Tachileik Franchise တွင် Ooredoo ဖုန်းကတ်အသုံးပြုသူ မည်သူမဆို လာရောက်၍ အခမဲ့ မှတ်ပုံတင်နိုင်သည့်အပြင် Ooredoo ဖုန်းကတ်အရောင်းဆိုင်များတွင်လည်း အခမဲ့ မှတ်ပုံတင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

Ooredoo ဖုန်းကတ်များအား မှတ်ပုံတင်ခြင်း ပြုလုပ်ရာတွင် ဖုန်းတွင် *666# ကို နိပ်၍လည်း မှတ်ပုံတင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ရှိ တိုင်းရင်းသား ပြည်သူများသည် ဆက်သွယ်ရေးအတွက် MPT၊ Ooredoo နှင့် Telenor များကို ဖုန်းကတ်များကို သုံးစွဲလာလျှက်ရှိပြီး သက်ဆိုင်ရာ ဖုန်းလိုင်းများမှ မှတ်ပုံတင်ပေးခြင်းကို မတ်လ(၃၁)ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~