က်ိဳငး္တံုတြင္ တူမီးေသနတ္ျဖင့္ ကိုယ့့္ကိုကိုယ္ ပစ္သတ္မႈျဖစ္ပြား

က်ိဳငး္တံုတြင္ တူမီးေသနတ္ျဖင့္ ကိုယ့့္ကိုကိုယ္ ပစ္သတ္မႈျဖစ္ပြား
ဖေဖော်ဝါရီ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၅) ကန္နားလုံရပ္တြင္ ေဖေဖာ္ဝါရီလ (၁၀)ရက္ေန႔ နံနက္(၉)နာရီခန္႔တြင္ အမ်ိဳးသားတစ္ဦး မိမိကိုယ္မိမိ တူမီးေသနတ္ျဖင္႔ ပစ္၍ သတ္ေသခဲ႔ေၾကာင္း သိရသည္။

ကန္နားလံုတြင္ အမ်ိဳးသားတစ္ဦး မိမိကိုယ္မိမိ တူမီးေသနတ္ျဖင္႔ပစ္၍ ေသဆုံးေနေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးက ၿမိဳ႕မရဲစခန္းသို႔ ဖုန္းျဖင္႔ သတင္းေပးပို႔ခ်က္အရ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူမ်ားက  သြားေရာက္စစ္ေဆးရာ ဦးစိုင္းေက်ာ္ျမင္႔သည္ ၎၏ ေနအိမ္အိပ္ခန္း ကုတင္ေပၚတြင္ ရင္ဘတ္ေပၚ တူမီးေသနတ္တင္လွ်က္ ေသဆံုးေနသည္ကို ေတြ႔ရိွခဲ႔ရေၾကာင္း သိရသည္။

ေသဆုံးသူ၏ အေလာင္းအား စစ္ေဆးရာ ၎၏ နႈတ္ခမ္းနွင္႔ ပါးစပ္အတြင္း၌ ယမ္းခိုး၊ ယမ္းေငြ႔၊ ယမ္းမႈန္႔မ်ားနွင္႔ ယာဘက္လက္ဂြ၊ လက္မ၊လက္ညိုးနွင္႔ ဝဲဘက္ေျခခြင္တို႔တြင္ ယမ္းေငြ႔မ်ား ေပကပ္ေနသည္ကို စစ္ေဆး ေတြ႔ရိွခဲ႔ရေၾကာင္း သိရသည္။

ေသဆုံးသူ စိုင္းေက်ာ္ျမင့္သည္ မိသားစုအဆင္မေျပ၍ျဖစ္ႏိုင္ေၾကာင္း ပတ္ဝန္းက်င္က ေဝဖန္မႈမ်ားရိွေနၿပီး ရဲတပ္ဖြဲ႕က ေသဆံုးသူႏွင့္အတူေတြ႕ရသည့္ တူမီးေသနတ္အား သက္ေသမ်ားေရွ႕တြင္ သိမ္းဆည္းခဲ႔ကာ ဦးစိုင္းေက်ာ္ျမင္႔မွာ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္၊မဟုတ္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆိုပါ ေသဆုံးမႈအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၂/၂၀၁၇)ျဖင္႔ အမႈဖြင့္၍ စစ္ေဆးေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက်(၅) ကန်နားလုံရပ်တွင် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နံနက်(၉)နာရီခန့်တွင် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ တူမီးသေနတ်ဖြင့် ပစ်၍ သတ်သေခဲ့ကြောင်း သိရသည်။

ကန်နားလုံတွင် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ တူမီးသေနတ်ဖြင့်ပစ်၍ သေဆုံးနေကြောင်း အုပ်ချုပ်ရေးမှူးက မြို့မရဲစခန်းသို့ ဖုန်းဖြင့် သတင်းပေးပို့ချက်အရ ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ဦးစိုင်းကျော်မြင့်သည်၎င်း၏ နေအိမ်အိပ်ခန်း ကုတင်ပေါ်တွင် ရင်ဘတ်ပေါ် တူမီးသေနတ်တင်လျှက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းအား စစ်ဆေးရာ၎င်း၏ နှုတ်ခမ်းနှင့် ပါးစပ်အတွင်း၌ ယမ်းခိုး၊ ယမ်းငွေ့၊ ယမ်းမှုန့်များနှင့် ယာဘက်လက်ဂွ၊ လက်မ၊လက်ညိုးနှင့် ဝဲဘက်ခြေခွင်တို့တွင် ယမ်းငွေ့များ ပေကပ်နေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူ စိုင်းကျော်မြင့်သည် မိသားစုအဆင်မပြေ၍ဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင်က ဝေဖန်မှုများရှိနပြေီး ရဲတပ်ဖွဲ့က သေဆုံးသူနှင့်အတူတွေ့ရသည့် တူမီးသေနတ်အား သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကာ ဦးစိုင်းကျော်မြင့်မှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအား ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၇)ဖြင့် အမှုဖွင့်၍ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~