မိုင္းတံုုၿမိဳ႕နယ္ စည္ပင္၏ အရပ္ရပ္အခြင့္အေရးလိုင္စင္ေလလံ ယွဥ္ၿပိဳင္သူမရိွ၍ တစ္ဦးတည္းရရိွ

မိုင္းတံုုၿမိဳ႕နယ္ စည္ပင္၏ အရပ္ရပ္အခြင့္အေရးလိုင္စင္ေလလံ ယွဥ္ၿပိဳင္သူမရိွ၍ တစ္ဦးတည္းရရိွ
ဖေဖော်ဝါရီ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္အတြက္ အရပ္ရပ္အခြင့္အေရးဆိုင္ရာလိုင္စင္(၆)ခုလံုးအား ေလလံတင္ေရာင္းခ်ရာ ေလလံတင္ထားသူ တစ္ဦးတည္းသာ ရိွေၾကာင္း သိရသည္။

"ေငြက်ပ္ဆယ္သိန္းေအာက္ အခြင့္အေရးလိုင္စင္အတြက္ တစ္ႀကိမ္လ်ွင္ ေငြက်ပ္တစ္ေသာင္းႏွဳန္း၊ ေငြက်ပ္ဆယ္သိန္းႏွင့္အထက္ တစ္ႀကိမ္လ်ွင္က်ပ္ငါးေသာင္းႏွဳန္းျဖင့္သုံးႀကိမ္တိုးျမႇင့္ၿပီး ေလလံဝယ္ယူရပါမယ္။ ေလလံၾကမ္းခင္းေစ်းထက္ ႏွစ္ဆတိုးၿပီး ဝယ္ယူမယ္ဆိုရင္ သုံးႀကိမ္အဆင့္ ဆင့္ေပးျခင္းကုိ ကင္းလြတ္ခြင့္ျပဳပါမယ္။ လိုင္စင္လုပ္ကုိင္ခြင့္ရရ္ိွသူက လိုင္စင္စည္းကမ္း တစ္စုံတစ္ရာ ေဖာက္ဖ်က္ရင္ ခ်က္ခ်င္း႐ုပ္သိမ္းၿပီး ျပန္လည္ေလလံတင္ေရာင္း ခ်ပါမယ္။ ေလလံေအာင္ျမင္သူက က်ပ္(၅)သိန္းထက္ မပုိတ့ဲ လိုင္စင္အတြက္ ေလလံဆြဲတ့ဲေန႔မွာပဲ အေၾကေပးသြင္းရပါမယ္။ (၅)သိန္း အထက္ျဖစ္ရင္ (၅)ပုံတစ္ပံုကုိ အရင္ေပးသြင္းၿပီး က်န္ေငြကုိ(၈)ႀကိမ္ အညီအမ်ွခြဲၿပီးလစဥ္(၂၀)ရက္ေန႔ မတိုင္မီေပးသြင္းဖို႔လိုပါတယ္"ဟု မိုင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးသန္းေဌးက ဆိုသည္။

အဆိုပါ ေလလံအား ေဖေဖၚဝါရီလ (၁၀) ရက္ နံနက္ပိုင္းက ေရာင္းခ်ရာ ၿမိဳ႕ဝင္ဘီးေကာက္ ၾကမ္းခင္းေစ်းက်ပ္(၁,၉၄၂,၅၀၀)အား က်ပ္ (၂,၁၀၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ၿမိဳ႕မေစ်းေကာက္ ၾကမ္းခင္းေစ်းက်ပ္(၁၃၁၂၅၀၀)အား က်ပ္(၁၄၆၅၀၀၀)ျဖင့္ လည္းေကာင္း၊ ၿမိဳ႕မေစ်း စက္ဘီး/ဆိုင္ကယ္ရပ္နား ေကာက္ခ ၾကမ္းခင္းေစ်း က်ပ္(၅၈၈,၀၀၀)အား က်ပ္(၆၂၀,၀၀၀)ျဖင့္ လည္းေကာင္း၊ အေပါင္ဆိုင္လုပ္ငန္းႏွင့္ လမ္းေဘးေစ်းေကာက္ၾကမ္းခင္းေစ်းက်ပ္(၂၆၂,၅၀၀)အား က်ပ္(၃၀၀,၀၀၀)စီျဖင့္ လည္းေကာင္း၊ နားေကာင္းမူးေစ်းႀကီးေစ်းေကာက္ၾကမ္းခင္းေစ်းက်ပ္(၄,၀၄၂,၅၀၀)အားက်ပ္(၄,၂၀၀,၀၀၀)ျဖင့္ လည္းေကာင္း ဦးေမာင္ေဌးက တစ္ဦးတည္း လုပ္ကိုင္ခြင့္ ရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

 အရပ္ရပ္အခြင့္အေရးလိုင္စင္(၆)မ်ိဳးအတြက္ ေလလံၾကမ္းခင္းေစ်းက်ပ္(၈,၄၁၀,၅၀၀)ျဖစ္ၿပီး က်ပ္(၈,၉၈၅,၀၀၀)ျဖင့္ေလလံေရာင္းခ်ေပးႏိုင္ခ့ဲရာ ယမန္ႏွစ္ထက္ က်ပ္(၅၇၄,၅၀၀)သာ တိုးျမႇင့္ရရိွခ့ဲသျဖင့္ စည္ပင္သာယာေရးအခြန္ရရိွမွဳရာခိုင္ႏွဳန္း နည္းပါးသြားေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးဆိုင်ရာလိုင်စင်(၆)ခုလုံးအား လေလံတင်ရောင်းချရာ လေလံတင်ထားသူ တစ်ဦးတည်းသာ ရှိကြောင်း သိရသည်။

"ငွေကျပ်ဆယ်သိန်းအောက် အခွင့်အရေးလိုင်စင်အတွက် တစ်ကြိမ်လျှင် ငွေကျပ်တစ်သောင်းနှုန်း၊ ငွေကျပ်ဆယ်သိန်းနှင့်အထက် တစ်ကြိမ်လျှင်ကျပ်ငါးသောင်းနှုန်းဖြင့်သုံးကြိမ်တိုးမြှင့်ပြီး လေလံဝယ်ယူရပါမယ်။ လေလံကြမ်းခင်းဈေးထက် နှစ်ဆတိုးပြီး ဝယ်ယူမယ်ဆိုရင် သုံးကြိမ်အဆင့် ဆင့်ပေးခြင်းကို ကင်းလွတ်ခွင့်ပြုပါမယ်။ လိုင်စင်လုပ်ကိုင်ခွင့်ရရှိ်သူက လိုင်စင်စည်းကမ်း တစ်စုံတစ်ရာ ဖောက်ဖျက်ရင် ချက်ချင်းရုပ်သိမ်းပြီး ပြန်လည်လေလံတင်ရောင်း ချပါမယ်။ လေလံအောင်မြင်သူက ကျပ်(၅)သိန်းထက် မပိုတဲ့ လိုင်စင်အတွက် လေလံဆွဲတဲ့နေ့မှာပဲ အကြေပေးသွင်းရပါမယ်။ (၅)သိန်း အထက်ဖြစ်ရင် (၅)ပုံတစ်ပုံကို အရင်ပေးသွင်းပြီး ကျန်ငွေကို(၈)ကြိမ် အညီအမျှခွဲပြီးလစဉ်(၂၀)ရက်နေ့ မတိုင်မီပေးသွင်းဖို့လိုပါတယ်"ဟု မိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသန်းဌေးက ဆိုသည်။

အဆိုပါ လေလံအား ဖေဖော်ဝါရီလ (၁၀) ရက် နံနက်ပိုင်းက ရောင်းချရာ မြို့ဝင်ဘီးကောက် ကြမ်းခင်းဈေးကျပ်(၁,၉၄၂,၅၀၀)အား ကျပ် (၂,၁၀၀,ဝဝဝ)ဖြင့် လည်းကောင်း၊ မြို့မဈေးကောက် ကြမ်းခင်းဈေးကျပ်(၁၃၁၂၅၀၀)အား ကျပ်(၁၄၆၅၀၀၀)ဖြင့် လည်းကောင်း၊ မြို့မဈေး စက်ဘီး/ဆိုင်ကယ်ရပ်နား ကောက်ခ ကြမ်းခင်းဈေး ကျပ်(၅၈၈,ဝဝဝ)အား ကျပ်(၆၂၀,ဝဝဝ)ဖြင့် လည်းကောင်း၊ အပေါင်ဆိုင်လုပ်ငန်းနှင့် လမ်းဘေးဈေးကောက်ကြမ်းခင်းဈေးကျပ်(၂၆၂,၅၀၀)အား ကျပ်(၃၀၀,ဝဝဝ)စီဖြင့် လည်းကောင်း၊ နားကောင်းမူးဈေးကြီးဈေးကောက်ကြမ်းခင်းဈေးကျပ်(၄,ဝ၄၂,၅၀၀)အားကျပ်(၄,၂၀၀,ဝဝဝ)ဖြင့် လည်းကောင်း ဦးမောင်ဌေးက တစ်ဦးတည်း လုပ်ကိုင်ခွင့် ရသွားခြင်းဖြစ်ကြောင်း သိရသည်။

 အရပ်ရပ်အခွင့်အရေးလိုင်စင်(၆)မျိုးအတွက် လေလံကြမ်းခင်းဈေးကျပ်(၈,၄၁၀,၅၀၀)ဖြစ်ပြီး ကျပ်(၈,၉၈၅,ဝဝဝ)ဖြင့်လေလံရောင်းချပေးနိုင်ခဲ့ရာ ယမန်နှစ်ထက် ကျပ်(၅၇၄,၅၀၀)သာ တိုးမြှင့်ရရှိခဲ့သဖြင့် စည်ပင်သာယာရေးအခွန်ရရှိမှုရာခိုင်နှုန်း နည်းပါးသွားကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~