ရွမ္း(အေရွ႕)တြင္ လ၀က ၀န္ထမ္းေလွ်ာက္ထားသူမ်ား က်ဳိင္တံု၌ ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔ တြင္ ေရးေျဖ စာေမးပြဲ က်င္းပမည္၊ ေလွ်ာက္ထားသူမ်ား တစ္ရက္အလို ေရာက္ရွိရန္လို

ရွမ္း(အေရွ႕)တြင္ လ၀က ၀န္ထမ္းေလွ်ာက္ထားသူမ်ား က်ဳိင္တံု၌ ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔ တြင္ ေရးေျဖ စာေမးပြဲ က်င္းပမည္၊ ေလွ်ာက္ထားသူမ်ား တစ္ရက္အလို ေရာက္ရွိရန္လို
ဖေဖော်ဝါရီ 11, 2017
By Tachileik News Agency


လူ၀င္မႈႀကီးေရးႏွင့္ျပည္သူ႔အင္အားဆိုင္ရာရံုးမ်ားအတြက္ အင္အားျဖည့္တင္းႏိုင္ရန္ ၀န္ထမ္း ေလွ်ာက္လႊာမ်ားကို လက္ခံထားရွိၿပီး ေရးေျဖစာေမးပြဲအား ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔တြင္ ေျဖဆို စစ္ေဆးမွာ ျဖစ္သည့္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ေလွ်ာက္ထားသူမ်ားအားလံုး ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕ရွိ ျပည္နယ္လ၀က ရံုးသို႔ တစ္ရက္ႀကိဳတင္၍ ေရာက္ရွိရမည္ျဖစ္ေၾကာင္း သိရသည္။

"ေရးေျဖစာေမးပြဲက ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔မွာ က်ဳိင္းတံုၿမိဳ႕က ျပည္နယ္လ၀ကရံုးမွာ ျပဳလုပ္မွာပါ။ အဲ့ဒီအတြက္ တစ္ရက္ႀကိဳေရာက္ထားဖို႔လိုပါတယ္"ဟု ၿမိဳ႕နယ္လ၀ကမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

လူ၀င္မႈႀကီးေရးႏွင့္ျပည္သူ႔အင္အားဆိုင္ရာရံုးမ်ားအတြက္ အင္အားျဖည့္တင္းႏိုင္ရန္ လက္ေထာက္လူ၀င္မႈႀကီးၾကပ္ေရးမွဴး၊ ဒုတိယလက္ေထာက္ ကြန္ပ်ဴတာလုပ္ေဆာင္ေရးမွဴး၊ အငယ္တန္းစာေရးရာထူးအဆင့္ စသည္မ်ားတြက္ ၀န္ထမ္းသစ္ေလွ်ာက္လႊာမ်ားကိုေခၚယူရာတင္ ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္အသီးသီးမွ ေလွ်ာက္ထားသူ ေပါင္း (၄၅)ဦးရွိၿပီး ျမန္မာတစ္ႏိုင္ငံလံုးအေနျဖင့္ စုစုေပါင္း (၅၁၃၀)ဦးရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ေလွ်ာက္ထားၾကသူမ်ားသည္ က်ဳိင္းတံုၿမိဳ႕ရွိ ျပည္နယ္လ၀ကရံုးတြင္ ေျဖဆိုရမွာျဖစ္ၿပီး ေျဖဆိုရမည့္ရက္အား ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔ နံနက္(၁၀)နာရီမွ ေန႔လယ္(၁၂)နာရီအခ်ိန္အထိ အခ်ိန္(၂)နာရီအၾကာ သတ္မွတ္ထားရွိၿပီး ေျဖဆိုရမည့္ဘာသာမွာ အဂၤလိပ္စာ ဘာသာျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

လူဝင်မှုကြီးရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးများအတွက် အင်အားဖြည့်တင်းနိုင်ရန် ဝန်ထမ်း လျှောက်လွှာများကို လက်ခံထားရှိပြီး ရေးဖြေစာမေးပွဲအား ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ဖြေဆို စစ်ဆေးမှာ ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လျှောက်ထားသူများအားလုံး ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ပြည်နယ်လဝက ရုံးသို့ တစ်ရက်ကြိုတင်၍ ရောက်ရှိရမည်ဖြစ်ကြောင်း သိရသည်။

"ရေးဖြေစာမေးပွဲက ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှာ ကျိုင်းတုံမြို့က ပြည်နယ်လဝကရုံးမှာ ပြုလုပ်မှာပါ။ အဲ့ဒီအတွက် တစ်ရက်ကြိုရောက်ထားဖို့လိုပါတယ်"ဟု မြို့နယ်လဝကမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူဝင်မှုကြီးရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးများအတွက် အင်အားဖြည့်တင်းနိုင်ရန် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး၊ ဒုတိယလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ အငယ်တန်းစာရေးရာထူးအဆင့် စသည်များတွက် ဝန်ထမ်းသစ်လျှောက်လွှာများကိုခေါ်ယူရာတင် ရှမ်းပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ လျှောက်ထားသူ ပေါင်း (၄၅)ဦးရှိပြီး မြန်မာတစ်နိုင်ငံလုံးအနဖြေင့် စုစုပေါင်း (၅၁၃၀)ဦးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လျှောက်ထားကြသူများသည် ကျိုင်းတုံမြို့ရှိ ပြည်နယ်လဝကရုံးတွင် ဖြေဆိုရမှာဖြစ်ပြီး ဖြေဆိုရမည့်ရက်အား ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီမှ နေ့လယ်(၁၂)နာရီအချိန်အထိ အချိန်(၂)နာရီအကြာ သတ်မှတ်ထားရှိပြီး ဖြေဆိုရမည့်ဘာသာမှာ အင်္ဂလိပ်စာ ဘာသာဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~