ပင္လံုျပည္ေထာင္စုေန႔ အခမ္းအနား တက္ေရာက္မည့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေတာင္ႀကီးၿမိဳ႕သို႔ ေရာက္ရွိ

ပင္လံုျပည္ေထာင္စုေန႔ အခမ္းအနား တက္ေရာက္မည့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေတာင္ႀကီးၿမိဳ႕သို႔ ေရာက္ရွိ
ဖေဖော်ဝါရီ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ ေတာင္ပိုင္း ပင္လံုၿမိဳ့တြင္က်င္းပမည့္ ျပည္ေထာင္စုေန႔ အခမ္းအနားအတြက္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ေဖေဖၚဝါရီလ ၁၁ ရက္ ညေန ၄ နာရီ ၃၀ မိနစ္ခန္႔တြင္ ေတာင္ႀကီးၿမိဳ႕သို႔ေရာက္ရွိလာရာ ေဒသခံမ်ားက ႀကိဳဆိုၾကသည္။

“အရင္တုန္းက ပင္လံုစာခ်ဳပ္ကိုလက္မွတ္ထိုးခဲ့တုန္းကလည္း ရွမ္းျပည္နယ္မွာပဲ။ အခုလည္း ဗိုလ္ခ်ဳပ္ရဲ့သမီး အေမစုက ဒီပင္လံုမွာ တိုင္းရင္းသားလူငယ္ေတြနဲ႔ ၿငိမ္းခ်မ္းေရးစကားဝိုင္းေတြလည္း လုပ္မယ္ဆိုေတာ့ ေတာ္ေတာ္ေလးကို ထူးျခားမယ္ လို႔ထင္ပါတယ္။ ကြ်န္ေတာ္တို႔ အဓိကလိုခ်င္တာက ျပည္တြင္းၿငိမ္းခ်မ္းေရးပါပဲ” ဟု ေဒၚေအာင္ဆန္းစုၾကည္အား လာေရာက္ႀကိဳဆိုသည့္ အင္းသားလူမႈေရး အသင္းမွ ေဒါက္တာသန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္လံုၿမိဳ႕တြင္ က်င္းပမည့္ ႏွစ္(၇၀)ျပည့္ ျပည့္ေထာင္စုေန႔အခမ္းအနားသို႔ တက္ေရာက္ရန္ ေဖေဖၚဝါရီလ ၁၁ ရက္ေန႔ ညေနပိုင္းတြင္ ေတာင္ႀကီးၿမိဳ႕သို႔ ေရာက္ရွိလာၿပီျဖစ္ၿပီး ျပည္နယ္အစိုးရအဖြဲ႔ ၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊  NLD ပါတီဝင္မ်ား၊ ၊ ေတာင္ႀကီးၿမိဳ့မွ လူမႈေရးအသင္းအဖြ႔ဲမ်ားႏွင့္ ေဒသခံမ်ားမွ ႀကိဳဆိုခဲ့ၾကသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပင္လံုညီလာခံသို႔ တက္ေရာက္ခဲ့စဥ္က စာဖတ္ခဲ့သည့္ ပင္လံုၿမိဳ့ရွိ ေညာင္ပင္ေအာက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တိုင္းရင္းသားလူငယ္ကိုယ္စားလွယ္မ်ားေတြ႔ဆံုကာ ပင္လံုၿငိမ္းခ်မ္းေရးစကားဝိုင္းကို ေဖေဖၚဝါရီ ၁၂ ရက္ ျပည္ေထာင္စုေန႔တြင္ ျပဳလုပ္မည္ျဖစ္ၿပီး အဆိုပါ စကားဝိုင္းသို႔ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ပင္လံုစာခ်ဳပ္တြင္ လက္မွတ္ေရးထိုးခဲ့ေသာ ေခါင္းေဆာင္ႀကီးမ်ား၏ မိသားစုဝင္မ်ားလည္း တက္ေရာက္မည္ျဖစ္သည္။

ပင္လံုၿငိမ္းခ်မ္းေရး စကားဝိုင္းတြင္ ပါဝင္ရန္ တိုင္းရင္းသား လူငယ္ကိုယ္စားလွယ္မ်ားအျပင္ စီးပြားေရးလုပ္ငန္း လုပ္ကိုင္သူမ်ား ၊ လယ္သမားမ်ားႏွင့္ ပညာေရးက႑မွ လူငယ္မ်ား ပါဝင္ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင်ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် တောင်ကြီးမြို့သို့ရောက်ရှိလာရာ ဒေသခံများက ကြိုဆိုကြသည်။

“အရင်တုန်းက ပင်လုံစာချုပ်ကိုလက်မှတ်ထိုးခဲ့တုန်းကလည်း ရှမ်းပြည်နယ်မှာပဲ။ အခုလည်း ဗိုလ်ချုပ်ရဲ့သမီး အမေစုက ဒီပင်လုံမှာ တိုင်းရင်းသားလူငယ်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေလည်း လုပ်မယ်ဆိုတော့ တော်တော်လေးကို ထူးခြားမယ် လို့ထင်ပါတယ်။ ကျွန်တော်တို့ အဓိကလိုချင်တာက ပြည်တွင်းငြိမ်းချမ်းရေးပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုသည့် အင်းသားလူမှုရေး အသင်းမှ ဒေါက်တာသန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပမည့် နှစ်(၇၀)ပြည့် ပြည့်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် တောင်ကြီးမြို့သို့ ရောက်ရှိလာပြီဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NLD ပါတီဝင်များ၊ တောင်ကြီးမြို့မှ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံများမှ ကြိုဆိုခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံသို့ တက်ရောက်ခဲ့စဉ်က စာဖတ်ခဲ့သည့် ပင်လုံမြို့ရှိ ညောင်ပင်အောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်များတွေ့ဆုံကာ ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ စကားဝိုင်းသို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များလည်း တက်ရောက်မည်ဖြစ်သည်။

ပင်လုံငြိမ်းချမ်းရေး စကားဝိုင်းတွင် ပါဝင်ရန် တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များအပြင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ၊ လယ်သမားများနှင့် ပညာရေးကဏ္ဍမှ လူငယ်များ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~